
ပုစွန်တုပ်ထဲက သံခဲ ၂ ခဲနဲ့ ယခုထက္ထိ အတောမသတ်နိုင်သေးတဲ့ လောဘသား ဈေးသည်များ
ယနေ့ ဈေးက ဝယ္လာတဲ့ ပုစြန္တုပ္ကို ချက်မလို့ သန့်ရှင်းရေး လုပ်လိုက်တဲ့အခါမှာတော့ ပုစွန်တုပ်
အသားထဲမွာ မြှုပ်ထားတဲ့ သံခဲ ၂ ခဲကို ထူးဆန်းစွာ တွေ့ရပါတယ်။
သံခဲ ၂ ခဲက တော်တော် လေးပြီး အနည်းဆုံး ၁၀ သားလောက် ရှိပါတယ်။
ဒီလိုလုပ္တာဟာ အေလးခိုးတဲ့ နည်းလိုပါပဲ၊ ဈေးဆိုင်ထဲက ချိန်ခွင်တွေ၊ ကတ္တားတွေမှာ အေလးခိုး မထားဘဲ ဝယ်မယ့်
ပစ္စည်းထဲမှာ အလေးချိန် မ်ားအောင် ထည့်လိုက်တဲ့ သေဘာပါ။
ကြက်ဆိုလည်း ဆေးထိုးအပ်နဲ့ ရေထိုး၊ ဝက်သားဆိုလည်း လတ်တယ်ထင်ရအောင်
သွေးတွေကို အသားတွေ ပေါ် သုတ်ပေး၊
ငါးဆိုလည်း ဗိုက်တို့ ခေါင်းတို့ထဲမှာ အခုလို သံတုံးတွေ ခဲတုံးတွေထည့်၊ နှမ်းထဲမှာဆို
သဲရော စတဲ့ နည်းတွေဟာ မြန်မာပြည်က ဝိသမ လောဘသား ဈေးသည် အတော်များများရဲ့ ဈေးဝယ်သူကို ဂျင်းထည့် နည်း ဖြစ်ပါတယ်။
ဒီလို ပုံစံနဲ့ ခေတ်အဆက်ဆက် ဈေးဝယ်သူကို ဂျင်းထည့်လာခဲ့ကြတာ ယနေ့ခေတ်တိုင်အောင်ပါပဲ။
ဈေးသည်တွေကတော့ ဈေးဝယ်တွေက ဆစ်တာနဲ့ ကာမိအောင် ဒီလို လုပ်ရတယ်ဆိုပြီး အကြောင်းပြပေမယ့် ဒါဟာ မကောင်းမှု လုပ္တာပါပဲ။
ဆရာတော်ကြီးတွေကလည်း ဈေးသည်တွေ အလေးခိုးရင် ခံရမယ့် အပြစ်တွေကိုလည်း အတိအလင်း ဟောထားပေမယ့် ယခုထက္ထိ လုပ်နေကြတုန်းပါပဲ။
အရင်တုန်းကတော့ အလေးမပြည့်ဘူးလို့ ဈေးဝယ်သူက ယူဆရင် ဈေးခေါင်းရုံးရှေ့မှာ ထားတဲ့ သမာဓိချိန်ခွင်မှာ သွားချိန်ပြီး အလေးပြည့် မပြည့် ကြည့်လို့ရပါတယ်။
ဈေးခေါင်းကလည်း တာဝန် ယူပေးလေ့ ရှိပါတယ်။
အခုနောက်ပိုင်းကျတော့ ဈေးခေါင်းတွေလည်း ဈေးကောက် ကောက်တာကလွဲလို့ ဘာမွ မလုပ်တောတာကို ဝမ်းနည်းဖွယ်တွေ့ရပါတယ်။
နိုင်ငံတကာမှာတော့ wet market လို့ ခေါ်တဲ့ ဒီလိုသားစိမ်းငါးစိမ်းဈေးမှာ ရောင်းမယ်ဆို သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်ရမယ်၊
အေလး မခိုးရဘူး စတဲ့ စည်းကမ်းချက်တွေကို လိုက်နာနိုင်မှသာ ရောင်းရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာပြည် မှာကျတော့ ဈေးကောက်နဲ့ အဆင်ပြေရင်
ဘယ္လိုပဲ ရောင်းရောင်း အိုကေပါပြီ ဆိုတဲ့ ပုံစံဖြစ်နေပါတယ်။ မြန်မာတွေဟာ ရိုးသားကြပါတယ်ဆိုပြီး ပြောနေပေမယ့်လည်း
ဒီလို တနပ္စား ဉာဏ်တွေနဲ့ ဝိသမလောဘသားတွေ ကြီးထွားနေတာဟာ
အလွန် စိုးရိမ်ဖို့ကောင်းနေပါတယ်လို့ သံခဲ ၂ ခဲ ပါတဲ ပုစြန္တုပ္ကို ကြည့်ပြီး အေတြး ပွားနေမိပါတော့တယ်။Credit
Leave a Reply