
မူရင်း လက်ဝါးပုံကိုပါ တစ်ခါတည်း တွဲတင်ပေး လိုက်ပါတယ်။ လက်သူကြွယ် အောက် အဖြူရောင်ဖြင့် ဝိုင်းပြသည့်ထဲကြည့်ပါက “ငါးရုပ်သင်္ကေတပုံ´´ထင်ရှားပြတ်သားစွာ မြင်တွေ့ရပါလိမ့်မည်။ ထို ငါးရုပ်သည် လက်ဝါးပြင်၌ မည်သည့်နေရာ၌ ရှိရှိ ကောင်းကျိုးမင်္ဂလာကို ပေးပါတယ်။ အခုပုံ လက်သူကြွယ် အောက်ရှိငါးရုပ်သည် မှန်ဘီလူး ဖြင့် ကြည်စရာ မလိုပဲ ထင်ထင်ရှားရှားနဲ့ ပြတ်ပြတ်သားသားပဲ ပြထားပါတယ်။
လူ့လောက၌ နေရာတစ် ခုခုဖြင့် အဆင်ပြေနေသူ ထိုက် သင့်သလောက် ပစ္စည်းဥစ္စာရှိသူ ကြီးကြီးကျယ်ကျယ် ချမ်းသာသောသူ ၊ ကြီးကြီးကျယ်ကျယ် အောင်မြင်နေသောသူတွေရဲ့ လက်သူကြွယ်အောက် ဂြိုလ်ခုံ သည် မင်္ဂလာ အမှတ် အသား တစ်ခုခု မုချ ဧကံပါရှိနေတတ်တယ်။ ဤကား…လက္ခဏာပညာ ဥပဒေဿရဲ့ ထူးခြားချက် ဖြစ်၏။ ယခု လက္ခဏာရှင် သည် အသက် ၂၇ နှစ်အရွယ်ပဲ ရှိ ပါသေးတယ်။ တစ်ဦးတည်းသော သားဖြစ်၏။ မျိုးရိုးစဉ် ဆက် ချမ်းသာ ကြွယ်ဝသူ လည်း ဖြစ်၏။ ရန်ကုန်မြို့ရဲ့ ဈေးကောင်း ဈေးကြီးနေရာတို့၌ မြေယာ ၊ အိုးအိမ်တို့ များစွာ များစွာ အများကြီး ပိုင်ဆိုင်ထား သူပဲ ဖြစ်၏။
မြန်မာနိုင်ငံမှ လူတော်တော် များမျာဟာ သာမန်ထက်ပို၍ ချမ်းသာနေသူကို ခရိုနီ ဟု လွယ်လွယ်နဲ့ ထင်တတ်ကြတယ်။ ဤကားအထူးမှား၏။ တစ်သက်လုံး စားမကုန်အောင်ချမ်းသာ သူ ဗမာ စစ်စစ်(သို့မဟုတ်) ရှမ်းစစ်စစ် (သို့မဟုတ်) ရခိုင်စစ်စစ် (သို့မဟုတ်) ကရင် စစ်စစ် (သို့မဟုတ်) ကချင် စစ်စစ် (သို့မဟုတ်) ချျင်းလူမျိုးစစ်စစ် စသည့်ဖြင့် မြန်မာနိုင်ငံ၏ မူလတိုင်းရင်းသားတွေ ထဲမှ သုံးမကုန်အောင် ချမ်းသာ ကြွယ်ဝသူ ၊ တို့ဆွေစဉ်မျိုးဆက် ချမ်းသာကြွယ်ဝသူတွေ အများကြီး ရှိခဲ့ပါတယ်။
ကျွန်တော်က အလုပ်သဘော ဆက်နွယ် မှုရှိ၍ ဤအကြောင်းအရာ အဖုံဖုံတို့ကို ကြုံတွေ့လာပြီးတော့ သာမန်လူ ထက် နည်းနည်း ပိုသိကာ အခုလို တင်ပြနိုင်ခြင်းပဲ ဖြစ်ပါတယ်။ အားလုံးပဲ စီပွားတွေ ဒီရေ အလား တိုး တက်နိုင်ကြပါစေ။
Leave a Reply