
ကာဇက်စတန်က Bodybuilder တစ်ယောက်ကတော့ လူသားဣတ္ထိယတွေကို ဇနီးမယားအဖြစ် ရွေးချယ်မှာ မဟုတ်ဘဲ၊ သူချစ်တဲ့ လူကြီးကစားစရာ၊ စက်ရုပ်မလေးလေးနဲ့ပဲ လက်ထပ်မယ်လို့ ဆိုပါတယ်။ အဲဒီအမျိုးသားအမည်ကတော့ Yuri Tolochko ဖြစ်ပြီး စက်ရုပ်မလေးရဲ့နာမည်ကတော့ Margo ဖြစ်ပါတယ်။
Yuri ဟာ အင်စတာ၈ရမ်မှာ သူရဲ့ ထူးခြားတဲ့ပို့စ်တွေကြောင့် နာမည်ကြီးလာခဲ့သူဖြစ်ပါတယ်။ သူဟာ သူရဲ့အရုပ်မလေးနဲ့ မကြာခဏ စကားများ ရန်ဖြစ်ရပေမယ့် သူမကိုပဲ လက်ထပ်မှာပါတဲ့။ မကြာသေးခင်ကပဲ Margo ကို ပလက်စတစ်ဆာဂျရီ ဆရာဝန်ထံ ပြသခဲ့ပြီး၊ ငွေတော်တော် ကုန်ခဲ့သေးတယ်လို့ ပြောပါတယ်။
Yuri ရဲ့အဆိုအရ သူတို့ရဲ့ ထူးခြားတဲ့ အချစ်ရေးကြောင့် ရုှရုားတီဗွီရုပ်သံတစ်ခုဖြစ်တဲ့ Comedy Club က သူတို့ကို ဖိတ်ကြားထားသေးတယ်လို့ ပြောပါတယ်။ ဒေသခံသတင်းမီဒီယာတွေရဲ့အဆိုအရ Margo နဲ့ Yuri တို့ဟာ Date နေတာ (၈)လတောင် ရှိနေပြီလို့ ဆိုပါတယ်။
ဒီကာလအတွင်းမှာ သူတို့ဟာ မကြာခဏ စကားများခဲ့ပေမယ့် Margo ကိုပဲ လက်ထပ်မှာလို့ သူက ပြောပါတယ်။ သူ့ကောင်မလေးက မီဒီယာတွေမှာ ဖော်ပြတဲ့ရုပ်ရည်နဲ့ပတ်သက်ပြီး အားမရဘူးဆိုလို့ ပလက်စတစ်ဆာဂျရီ လုပ်ပေးခဲ့တယ်လို့တောင် Yuri က ပြောခဲ့ကြောင်း New York Post သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် Yuri ကတော့ ထင်မထားဘဲ နာမည်ကြီးနေတာတော့ အမှန်ပါဘဲ။
Leave a Reply