ဖောက်ပြန်တဲ့ ခင်ပွန်းသည်အတွက် ဇနီးသည်ရဲ့အမြတ်ဒေါသတွေနဲ့ ရက်ရက်စက်စက်ကလဲ့စား (ရုပ်သံ)

လောကမှာ ကိုယ်တန်ဖိုးထားမြတ်နိုးရတဲ့ ပစ္စည်းဥစ္စာတစ်ခု ဆုံးရှုံးပျက်စီး သွားရတဲ့အခါ သိပ်ကို နာကျင်ရပါတယ်။ ဒါပေမဲ့ ဒီထက်နာကျင် ခံစားရတာကတော့ ကိုယ်စိတ်ရောလူရောနှစ်ပြီး ချစ်ခင်တွယ်တာရတဲ့ လူတစ်ယောက်မှာ ကိုယ့်အပြင်နောက်ထပ်လူရှိနေပြီး ဖော်ပြန်တာပါပဲ။ဒီလိုနာကျင်ခံစားမှုမျိုး နှစ်ခုစလုံးပူးတွဲခံစားစေရမယ့် ဗီဒီယိုတစ်ခု မကြာသေးခင်ကပဲ တရုတ်နိုင်ငံမှာ ထွက်ပေါ်လာခဲ့ပါတယ်။

ဗီဒီယိုထဲမှ အမျိုးသမီးဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အသုံးပြုတဲ့ သံရိုက်တူအကြီးကြီးကို ကိုင်ကာ သူမအရှေ့မှအရာတစ်ခုကို စိတ်ရှိလက်ရှိ ရိုက်ရိုက်ချနေတာပါ။ သူမ တူနဲ့ထုရိုက်နေတာကတော့ တန်ဖိုးကြီးဇိမ်ခံ BMW ကားအကောင်းစားကြီးပဲဖြစ်ပါတယ်။


သူမရဲ့ခင်ပွန်းဟာ သူမအပြင်နောက်တစ်ယောက်ရှိနေပြီး ဖောက်ပြန်နေတဲ့အတွက် ခင်ပွန်းနဲ့ တတိယလူအပေါ်ဒေါအိုးပေါက်ကွဲကာ အခုလိုကြားထဲက ကားလေးက ဓားစာခံဖြစ်သွားခဲ့ရရှာပါတယ်။ သူမတို့ဇနီးမောင်နှံနှစ်ယောက် အေးအေးချမ်းချမ်းနဲ့ကြည်နူးစွာ စီးခဲ့ဖူးတဲ့ကားထဲ ခင်ပွန်းဖြစ်သူဟာ အခြားတစ်ယောက်နဲ့ ဒီကားထဲမှာတင် မတော်တရော်တွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

သူမအခုလိုသောင်းကြန်းနေတာကို လုံခြုံရေးမှလာတားပေမယ့်လည်း ကိုယ်ပိုင်တဲ့ကားကို ကိုယ်ဖျက်ဆီးနေတာဆိုတော့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ အမျိုးသမီးကတော့ တည်ငြိမ်စွာနဲ့ပဲ “ငါ့ကားငါဖျက်ဆီးတာ နင်တို့အပူမပါဘူး။ ဒီကားက အရမ်းညစ်ပတ်နေပြီ။ မကောင်းတဲ့မိန်းမစီးထားတဲ့ကားပဲ။ ငါ့ကိုဘယ်သူ ဘောနပ်ဖုံးဖွင့်ပေးမှာလဲ။ အင်ဂျင်အတွင်းပိုင်းတွေပါ အကုန်ဖျက်ဆီးပစ်မယ်” လို့ ဘေးကလူတွေကိုတောင် အကူအညီတောင်းနေပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*