ဆိုင်ကယ်ပေါ်ကောင်မလေး(၅)ယောက်တင်ပြီး လျှောက်မောင်းနေတဲ့အမျိုးသား အဖမ်းခံရ (ရုပ်သံ)

Covid-19 ကြောင့် တစ်ယောက်နဲ့တစ်ယောက် (၁)မီတာ အကွာမှာနေပါ၊ နှာခေါင်းစည်းတွေ သုံးကြပါလို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးနေတဲ့ကြားမှာမှ ကောင်မလေး(၅)ယောက်ကို ဆိုင်ကယ်တစ်စီးတည်းပေါ်တင်ပြီး လမ်းသလားနေခဲ့တဲ့ အမျိုးသားဟာ အဖမ်းခံလိုက်ရပါတယ်။

နှာခေါင်းစည်းတပ်မထားတဲ့အပြင် အချင်းချင်းပူးကပ်နေကြတဲ့ အနေအထားနဲ့ ဆိုင်ကယ်စီးနေကြသူတွေရဲ့ ဗီဒီယို ဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့သွားခဲ့တာပါ။

သူတိ့ုက ဆိုင်ကယ်စီး ဦးထုပ်ကိုတောင် ဆောင်းထားခြင်းမရှိပဲ လမ်းပေါ်မှာ ဒီအတိုင်း စီးနေခဲ့လို့ အန္တရာယ်များတဲ့အနေအထားလို့ ဝေဖန်ခံခဲ့ရပါတယ်။

ရဲတွေက ဒီအမျိုးသားကို ဖမ်းဆီးပြီး စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာတော့ ဒီမိန်းကလေးတွေကို ရေခဲမုန့်ဆိုင်မှာ တွေ့ခဲ့တာဖြစ်ကြောင်းနဲ့ ပြန်လိုက်ပို့ပေးဖို့အတွက် သူ့ကို အကူအညီတောင်းခဲ့တာကြောင့် လိုက်ပို့ခဲ့တာဖြစ်ကြောင်း အမျိုးသားက ထွက်ဆိုချက်ပေးပါတယ်။

တွစ်တာနဲ့ youtube မှာ ပျံ့နှံ့နေတဲ့ ဒီ ဗီဒီယိုထဲက အမျိုးသားကို အများစုက အားကျနေကြပြီး ကောင်မလေး (၅)ယောက်ကို တစ်ယောက်တည်း ထိန်းထားနိုင်တဲ့ စွမ်းရည်ကို ချီးကျူးတယ် ဆိုတဲ့ မှတ်ချက်တွေ အများကြီး တွေ့ခဲ့ရပါတယ်။

ဗီဒီယိုဖိုင်ထဲမှာတော့ ဆိုင်ကယ်မောင်းသူ အမျိုးသားဟာ သူ့ရဲ့နောက်ကျောဖက်မှာ မိန်းကလေး (၃)ယောက်ကို ထိုင်ခိုင်းထားခဲ့ပြီး ဆိုင်ကယ်လက်ကိုင်နဲ့ အဲဒီ အရှေ့ဖက်နားမှာ မိန်းကလေး (၂)ယောက်ကို ထိုင်ခိုင်းထားခဲ့တာကို မြင်တွေ့ရမှာပါ။

ဒီလိုအနေအထားနဲ့ ဆိုင်ကယ်စီးဖို့ဆိုတာ မလွယ်ဘူးလို့ တချို့က မှတ်ချက်ပေးခဲ့ကြပြီး ကွေ့ရမယ့်နေရာတွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ မသိဘူးလို့ တချို့က ဆိုပါတယ်။

ရဲတွေကတော့ ဒီအမျိုးသားနဲ့ အမျိုးသမီး(၅)ယောက်ကို ခံဝန်ထိုးခိုင်းခဲ့ပြီး နောက်တစ်ကြိမ် ထပ်မံ တွေ့ရှိခဲ့ရင် ပိုပြီး ကြီးလေးတဲ့ အပြစ်ဒဏ်ပေးမယ်လို့ သတိပေးလိုက်ကြောင်း တရုတ်သတင်းဝက်ဆိုက်တွေက ဖော်ပြခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*