မွေးနေ့အလိုက် နေ့နံများနဲ့ သူတို့၏ အံ့ဖွယ် ဂုဏ်သတ္တိများ (အမှန်ဆုံး မြန်မာ့ရိုးရာဗေဒင်ပညာရပ်)

အရင်ဆုံး သင့်ရဲ့ မွေးနေ့ နေ့နံ နံပါတ်အရင်ရွေးလိုက်ပါနော်

 

တကယ်လို့ သင်ဟာ လတွေရဲ့1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်
သင်ဟာ နံပါတ် (၁) သမားပါ

တကယ်လို့ သင်ဟာ လတွေရဲ့ 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်
သင်ဟာ နံပါတ် (၂) သမားပါ

တကယ်လို့ သင်ဟာ လတွေရဲ့ 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်
သင်ဟာနံပါတ် (၃) သမားပါ

တကယ်လို့ သင်ဟာ လတွေရဲ့ 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်
သင်ဟာ နံပါတ် (၄) သမားပါ

တကယ်လို့ သင်ဟာ လတွေရဲ့ 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်
သင်ဟာနံပါတ် (၅) သမားပါ

တကယ်လို့ သင်ဟာ လတွေရဲ့ 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်
သင်ဟာ နံပါတ် (၆) သမားပါ

တကယ်လို့ သင်ဟာ လတွေရဲ့ 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်
သင်ဟာ နံပါတ် (၇) သမားပါ

တကယ်လို့ သင်ဟာ လတွေရဲ့8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်
သင်ဟာ နံပါတ် (၈) သမားပါ

တကယ်လို့ သင်ဟာ လတွေရဲ့ 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်
သင်ဟာ နံပါတ် (၉) သမားပါ

ကဲ … ဒါဆိုရင် ကိုယ့်နံပါတ်အလိုက် ကိုယ့်အကြောင်းကို ဖတ်ကြည့်လိုက်ပါ ။

 

နံပါတ် (၁)

သင်က ပါးနပ်တယ်၊ စကားကိုရှင်းရှင်းပြောတက်တယ်၊ဟာသဉာဏ်ရွှင်တယ်။
ခေါင်းမာတယ် ၊ရိုးသားတယ်၊တဖက်သားကို မနာလို ဝန်တိုတက်တယ်၊ကြင်နာတတ်ပေမယ့် ဒေါသလွယ်တယ်။ ဖော်ရွှေပြီး တာဝန်ယူလိုစိတ်ရှိတယ် အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်။ လူတွေအားလုံးရဲ့အထက်မှာပဲ နေချင်တယ် ၊ တခါတရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်။ သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး။ မိမိကိုယ်ကို ယုံကြည်တတ်တဲ့ လူစားမျိုးဖြစ်တယ်။

ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တတ်ကြပေမယ့် ရင့်ကျက်တဲ့အရွယ်ရောက်မှပဲ လက်ထပ်ဖြစ်ကြတာများပါတယ် ၊ အမြင်မတူတဲ့သူတွေနဲ့ ငြင်းခုံရတာကို နှစ်သက်တယ်။အငြိုးအတေးကြီးပြီး လက်စားချေတတ် ကြတယ် ။ အသုံးအဖြုန်းကြီးသူတယောက်ဖြစ်ပေမယ့် သင်က အလုပ်အကိုင်ကောင်းတွေ ရတတ်ပါတယ်။သင်သာ အမျိုးသားဆိုရင် အရမ်းနာမည်ကျော်မယ် ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီး လူတိုင်းက သင့်ကို လေးစားနေပါလိမ့်မယ် ။

သင်က နေရာစုံ ဝင်ဆန့်နိုင်တဲ့သူတယောက်ဖြစ်တယ်။ ရပ်ကွက်ထဲမှသည် ဟိုအပေါ် ပါလီမန်တွေထိကိုမင်းက နေရာစုံသွားနိုင်သူပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိစ္စတော်တော်များများကို သင်က တဖတ်ကန်းခတ်အောင် သိနေတတ်လို့ပါပဲ။ဒါပေမယ့် သင့်ဘဝမှာ တချို့လူတွေက မင်းဘဝနှိမ့်ကျသွားအောင် နာမည်ပျက်သွားအောင် လုပ်တာမျိုးကြုံရတတ်ပါတယ်…ဒါကလည်း မဆန်းပါဘူး သင်က လူတွေရဲ့မနာလိုမှုကို ရနိုင်လောက်အောင် ကောင်းနေတာကြောင့်ပါပဲ။သင့်ရဲ့မိသားစုဘဝက အေးချမ်းလွန်းပါတယ် ။ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီး ချစ်စဖွယ်သားသမီးတွေနဲ့ နေထိုင်ရပါလိမ့်မယ်။ သင်က ရှေ့ဆောင်သူ လွတ်လပ်မှုကို မြတ်နိုးသူ ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ။

သင့်ရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့ နံပါတ် 4, 6, 8 သင့်တော်တဲ့ အဖော်မွန်ကတော့ 3, 5, 7 တို့ ဖြစ်ပါတယ်။

 

နံပါတ်(၂)

သင်ဟာ ဘာကြီးပဲဖြစ်နေနေ သင့်ကို လူတိုင်းက ချစ်ကြပါတယ်။ာဘာဖြစ်လို့လဲ ဆိုတော့ သင်ဟာ လနဲ့တူလို့ပါ ။ အေခြမ်းတဲ့ လကို လူတိုင်းက သဘောကျသလိုမျိုးပေါ့ ။ သင်က စိတ်ကူးအရမ်းယဉ်တတ်သူ တစ်ဦးလည်းဖြစ်လို့နေပါသေးတယ်။သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ် ။ သင့်ဘဝမှာ ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲဲဖြစ်နေတတ်ပါတယ်။ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ် အချိန်နဲ့အခြေအနေကို လိုက်ပြီး သင်က အမြဲတမ်းပြောင်းလဲနေသူပါ။

တကိုယ်ကောင်းဆန်တတ်ပေမယ့် အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ် အပြောအဆို ညက်ညောပြေပြစ်တယ်။မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ နေအလင်းရောင် ပျောက်မှ လထွက်လာသလိုမျိုးလူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆို ရောက်လာပြီး ကူညီတတ်တယ် သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘဝထဲက ပျောက်ကွယ်သွားတတ်သူပါ။

သင်ဟာ ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့ ဒုတိယ ဂန္ဒီ ဖြစ်နိုင်သလို ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့ ဒုတိယ ဟစ်တလာ လည်း ဖြစ်နိုင်ပါတယ်(ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာမူတည်ပါတယ်)တကယ့်လိုများ ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင် မင်းဟာ အောင်မြင်မယ့်သူတစ်ဦးပါ အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ။

တခါတရံ သင်ဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ သင်ဟာကဗျာဆရာ စာရေးဆရာ အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ ။သင်ဟာ အချစ်ကို အရမ်းကြီးမယုံကြည်တတ်သူတစ်ဦးပါ သင်လက်ထပ်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲသင်ဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦးပါ။သင်ဟာ မိန်းကလေးဆိုရင်တော့ မိသားစုမှာ တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ် ။

သင်ဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ ခိုက်ရန်ဖြစ်တာတွေ ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ ဖြစ်နေပါလိမ့်မယ် ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ် ။ ဆိုလိုတာက မိသားစုကောင်းစားဖို့အတွက် သင့်ဘဝကိုတောင် စွန့်လွတ်ဖို့ ဝန်မလေးတဲ့သူတစ်ဦး။ သင်ဟာ သိမ့်မွေ့တယ် အမြင်ကျယ်တယ် သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ် ။လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ ။

သင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့ နံပါတ်  2, 5, 9 တခြားသူတွေနဲ့ဆိုရင်တော့ အဆင်ပြေဖို့ခဲယဉ်းပါတယ်။

နံပါတ် (၃)

နှလုံးသားမာကျောပြီး တကိုယ်ကောင်းဆန်တတ်တယ် ဒါပေမယ့် ဘာသာတရားကို ကိုင်းရှိုင်းတက်သူတစ်ဦးပါ။တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ မိသားစုပြဿနာတွေကို လျှော့ကျဖို့လိုလားပေမယ့် ပြဿနာတိုင်းက သင့်ဆီကနေပဲ မြစ်ဖျားခံတတ်တာများပါတယ်။သြဇာအာဏာကြီးမားပြီး နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ။

ဒါကြောင့် ဘယ်နေရာကိုသွားသွား သင်အလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့ သင့်ဘဝမှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း ပြင်းထန်စွာကြိုးစွာနေရတက်တယ်။မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်် အရွယ်ရောက်လာတဲ့အခါမှာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်။ဘာကြောင့်လဲဆိုတော့ ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို သင်ကနှစ်သက်လို့ပါပဲ။ အဲလိုလည်း စံပြနေလေ့ရှိပါတယ် ဒါပေမယ့် ယေဘုယျအားဖြင့်တော့ သင်ဟာ အေးဆေးတည်ငြိမ်တဲ့သူတယောက်တော့ မဟုတ်ပါဘူး ။

သင်နဲ့ဆက်ဆံဖို့ဆိုတာ ခက်ခဲတဲ့အလုပ်တခုပါ သင်က စိတ်ဓါတ်မာတဲ့ ပြိုင်ဘက်တယောက်လိုပါပဲ။ တစုံတယောက်ရဲ့အပြုအမှုကို သင် သဘောကျသွားပြီဆိုလည်း မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတတ်ပါတယ်။သင်ဟာ အမြဲလိုလို သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ ဘဝမှာ ရန်သူတွေပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်အဲဒါတွေက ကြာရှည်မခံပါဘူး။

ဘာကြောင့်လည်းဆိုတော့ သင်က ပါရမီရှင်တယောက်လိုပါပဲ။ သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ် ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက် သူရဲ့စေခိုင်းမှုအောက်မှာ အဆုံးမရှိ ကြိုးစားခြင်းတွေ ရုန်းကန်ခြင်းတွေနဲ့ သင် နပန်းလုံးနေရတတ်တယ်။
သင်က အမျိုးသားတစ်ဦးဆိုရင်တော့အားလုံးဟာ ပြီးပြည့်စုံနေပါပြီမိသားစုကို စောင့်ရှောက်တယ်၊သူငယ်ချင်းတွေကို ကူညီတယ်၊ ဘဝကို ပေးကမ်းမှုတွေ ကြင်နာတွေနဲ့ အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ) ပြီးတော့ သင်ဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ် ။

တကယ်လို့ သင်ဟာ အမျိုးသမီးဆိုရင်လည်း အကျင့်စရိုက်ကောင်းတွေ ယဉ်ကျေးသိမ်မွေ့မှုတွေ အလုပ်ကြိုစားမှုတွေနဲ့ ပြည့်နေမှာပါ။
သင်ဟာ လွတ်လပ်မှုကို မြတ်နိုးသူ တီထွင်သူ ရည်မှန်းချက်ကြီးသူ အာရုံစူးစိုက်လုပ်တတ်သူပြီးတော့ ကမ္ဘာကို အလှ မျှော်လင့်ချက် ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ တစ်ဦးပါပဲ။
သင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့  နံပါတ် 6, 9 ပါ သင့်တော်တဲ့အဖော်မွန်ကတော့ 1, 3, 5 တို့ ဖြစ်ပါတယ်။

နံပါတ် (၄)

သင်က ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ ။ အလုပ်ကို အရမ်းကြိုးစားတယ် ဒါပေမယ့် ဘဝရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ကံမကောင်းတက်ပါဘူး။အေးဆေးနေတတ်တယ် ကူညီတက်သူဖြစ်ပေးမဲ့ စကားပြောတာက ပွင့်လင်းလွန်းပါတယ် ။ အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ တခြားလူတွေကို စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ သင့်ကိုထားပြီ အဝေးကို ပြေးသွားတက်ကြပါတယ် သင်ဟာ တခါတရံမှာတော့ တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿသနာတွေကို ကောင်းကောင်းကြီး နားလည်နေပြန်ရော ။အချိန်တိုင်းလိုလို သင်ဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီအမျိုးသမီးငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူတစ်ဦးပါ။

သင့်သူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ ငွေတွေကို သုံးဖြုန်းပြီ အဝေးကို ပြေးသွားတတ်ကြပါတယ် ။အဲဒီခါကျရင်တော့ သင်ဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာအသေအချာပါပဲ။ အဲဒီအတွက် လုံးဝသတိပြုပါ မင်းရဲ့စိတ်ထားကောင်းကတော့ မိသားစုနဲ့သူငယ်ချင်းတွေကို ကူညီတက်တာပါပဲ ။ သင်ဟာငယ်ရွှယ်စဉ်မှာပဲ အချစ်ကို တွေ့ရှိတတ်ပါတယ်။သင့်ဘဝမှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတတ်တယ်ာဥပမာ သင်ဟာ ဘွဲ့တခုခုရထားပေမယ့် အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့ ဒါမှမဟုတ် အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့ ။

ဒါပေမယ့် သင့်ရဲ့မိသားစုကိုတော့ သင်ဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ် အဓီက သတိထားရမယ်လူတွေကတော့ သင့်ရဲ့ကြင်နာတက်တဲ့ စိတ်ထားကို အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ ။ဒါကြောင့် ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ ။ အမျိုးသမီးဆိုရင်တော့ သင်ဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာထွန်းပေါက်နိုင်ပါတယ်။သင်ဟာ စိတ်ရှည်တယ် ခေါင်းမာတယ် ရှေးရိုနည်းနည်းဆန်ပြီး အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်။

သင့်ရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့ နံပါတ်  1, 8 သင့်တော်တဲ့ အဖော်မွန်တွေကတော့ 5, 6, 7 ပါ ။

နံပါတ် (၅)

သင်ဟာ သင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ သင့်နှုတ်ထွက်စကားလေးနဲ့တင် အလိုရှိရာကို ရနိုင်ပါတယ် ။ စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ် ။ဒါပေမယ့် သင်ဟာ စနစ်ရှိသူတော့မဟုတ်ပါဘူး ခေါင်းထဲပေါ်လာကို လုပ်တတ်သူပါ တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း အောင်မြင်မယ့်သူပါ။ ပြီးတော့ ဟာသဉာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ပါတယ်။ မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့ သင်ဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ ။

တကယ်လည်း သင်ဟာ လက်တွေ့ကျကျ ကူညီတတ်သူတစ်ဦးပါ သင်ဟာ နည်းနည်းတော့ မြှာပွေတက်ပေမယ့် ဘဝကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့ကိုယ်ကျိုးအတွက် ကြည့်ပြီးမှ ရွှေးချယ်တတ်သူပါ။သင်ဟာ လက်ထပ်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ အဲဒီအတွက် သတိထားရမယ်အချက်ကတော့ မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ ။ အသိတရားနဲ့ ထိန်းချုပ်ရင်တော့ အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်။

သင်ဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ် ဘာကြောင့်လည်းဆိုတော့ နံပါတ် ၅ ဟာ အလယ်ဂဏာန်း ဖြစ်နေလို့ပဲ ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာပိုင်ရှင်ပေါ့ ။အတွေ့အကြုံကနေ သင်က ဘဝကို တည်ဆောက်ရတဲ့သူဖြစ်ပြီး အဲဒီအတွေ့အကြုံတွေကပဲ သင့်ရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့။
သင့်ရဲ့အကောင်းဆုံးအဖော်မွန်ကတော့ နံပါတ်  1, 2, 9 သင့်တော်တဲ့သူကတော့6, 8 တို့ ဖြစ်ပါတယ်။

 

နံပါတ် (၆)

အိုး သင်က ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား သင်ဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တတ်သူတစ်ဦးပေါ့ ဆိုလိုတာက မင်းဘဝမှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ ။စင်ဟာ ပညာရေး အလုပ် စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ် အောင်မြင်မှုသူတစ်ဦးပါ ။ သင်ဟာ ကြင်နာတတ် ပါတယ်(ဒါပေမယ့် စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့ လူတွေအပေါ်မှာသာ)ရုပ်ရည်အရမ်းချောမောနေတတ်ပြီး ဘဝဟာလည်း ကံကောင်းခြင်းတွေ စုနေတက်ပါတယ် ကံကြမ္မာကောင်းတွေဟာ သင်နဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ် ။

မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုက်လှိုက်လှဲလှဲရှိလှပါတယ် တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတတ်ပါတယ် ဒါပေမယ့် သင်ဟာ အမျိုးသားဆိုရင်တော့ လက်ထပ်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့ ရင်းရင်းနှီးနှီးနေရတာကိုနှစ်သက်တဲ့သူတဦးပါ ။အမျိုးသမီးသာဆိုရင်တော့ စေ့စပ်ကြောင်းလမ်းမှု ဒါမှမဟုတ် လက်ထပ်တာကို စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်််။ ကြင်နာတက်သူတွေပဲ သင့်ဘဝထဲကို ဝင်လာပါလိမ့်မယ်။ယေဘုယျအားဖြင့်တော့ သင်ဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ။ စာနာတတ်သူ နှစ်သိမ့်မှုပေးနိုင်သူ မျှတသူ အိမ်ထောင်မှုနိုင်နင်းသူ ဆုံးဖြတ်ချက်ကောင်းမွန်သူ တစ်ဦးပါပဲဲ။ ကုန်ကုန်ပြောရရင် သင့်အကြင်နာတွေနဲ့ ဒီကမ္ဘာလောကကြီးရဲ့ဒဏ်ရာ ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ။

သင့်ရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့ နံပါတ် 1, 6, 9 သင့်လျော်တဲ့သူတွေကတော့ 4, 5 ပါ ။

နံပါတ် (၇)

သင် ဟာ ဆွဲဆောင်မှုရှိသူ တစ်ယောက်ပါ မိမိကိုယ်ကို ယုံကြည်တတ်တယ် ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး ပညာရေးမှာ ထူးချွန်သူတစ်ဦးပါ။ ဂီတအနုပညာ သီချင်းဆို သရုပ်ဆောင်နယ်ပယ်တွေမှာလည်း ထူးချွန်နိုင်သူပါ ။ပြဿနာကတော့ သင့်ရဲ့ဒေါသစိတ်ပါပဲ ။ အမျိုးသမီးဆိုရင်တော့ အထက်ကအချက်တွေနဲ့ သင်ဟာ အောင်မြင်နိုင်ပါတယ် ။သင်ဟာ သင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ် (ဆိုလိုတာက မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ) အရွယ်ရလာတာနဲ့အမျှ သင့်ရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ။

အမျိုးသားတစ်ဦး ဆိုရင်တော့ အမျိုးသမီးထုကြားမှာ ရေပန်းစားမယ့်သူပါ ။ ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ် ။နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘဝမှာ အဆင်မပြေကြတာများပါတယ်။အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကို တည်ဆောက်နိုင်ကြတာပါ။ သင့်ရဲ့ဘဝမှာ အရာအားလုံးရှိနေပေမယ့် အလိုမကျမှုတွေ စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ပါတယ်။ ဒါကလည်း ဘုရားက သင့်ကို အရာအားလုံးမျှတအောင် ပေးထားတဲ့သဘောလို့ထင်ပါတယ် ။ သင့်လို ထူးချွန်တဲ့သူ ၁၀၀လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သင်တယောက်လောက်ပဲ အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ် ။

ဒါကြောင့် ကြင်ဖော်ကို စောင့်စားနေတာထက် ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး ရှာထားသင့်ပါတယ်။ အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့ ဘဝကို အထီးကျန်စွာ ဖြတ်သန်းသွားရမှာ အသေအချာပါပဲ ။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာဂရုစိုက်အလေးထားသင့်ပါတယ်။သင်ဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော ယဉ်ကျေးသိမ့်မွေ့သော ပျော်ပျော်နေတတ်တဲ့ လူတယောက်ပါ။ သင်ဟာ ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ။

သင့် ရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့ နံပါတ်2 သင့်တော်တဲ့အဖော်မွန်ကတော့ 1,4 ပါ ။

 

နံပါတ် (၈)

သင့်ရဲ့ ဘဝဟာ ကြမ်းတမ်းလွန်းပါတယ် ဘာကြောင့်ဆိုတာ ဘယ်သူမှ သင့်ကို နားလည်နိုင်မှာ မဟုတ်ပါဘူး။သူတပါးကို အပြစ်ပြောရာမှာ သင်ဟာ တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ် သင့်ရဲ့ ငယ်စဉ်ဘဝဟာ ဆင်းရဲ့နုံချာနိုင်ပါတယ် ။အခြေအနေက မပေးဘူးဆိုရင်တော့ မိဘတွေကိုတောင် စောစီးစွာ လက်လွှတ်ရနိုင်ပါတယ် ။ ဒီလိုမျိုးအဖြစ်အပျက်တွေက သင့်ဘဝထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ ။ ဒီပြဿနာတွေကပဲ သင့်ရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ် ။ ဒါပေမယ့် သင်ဟာ ဘဝကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်။

သင်ဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ ဒါပေမယ့် အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေတတ်ပြန်ပါတယ်။ပုံမှန်အားဖြင့် မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ သင်ဟာ တည်ကြည်လေးနက်စွာ နေတတ်ပြီး ဘဝကိုလည်း အထီးကျန်စွာဖြတ်သန်းနေရမယ့်သူပါ ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ ။သင် အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း အများအားဖြင့် အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်) သင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ် ပြီးတော့ သင်ဟာ လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်။

သင်ဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ် ဥပမာ( အမှုအခင်းများ..အဆိပ်ရှိသတ္တဝါများ..မတော်တဆထိခိုက်မှုများနဲံ ကြုံတွေနိုင်ပါတယ်)သိုပေမယ့် သင်ဟာ စည်းကမ်းလိုက်နာတဲ့သူ လုံ့လဝီရိယရှိသူ ရဲရင့်သူ ခွန်းအားဗလနဲ့ပြည့်စုံသူ တစ်ယောက်ပါ ။ အဲဒါတွေကပဲ သင့်ကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ ။သင်ဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ ။ အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ပါတယ်။

သင့်ရဲ့ အကောင်းဆုံးအဖော်မွန်ကတော့ နံပါတ် 1, 4, 8 သင့်တော်တဲ့အဖော်မွန်ကတော့ 5 ပါ ။

နံပါတ် (၉)

သင်ကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဇာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့ ။ သင်ဟာ ရုပ်ပိုင်း စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ ။ ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ပါတယ်။သင်ဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီး အောင်မြင်မှုကိုလည်း ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ ။ သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ သင်ဟာ မိသားစုပြသနာတွေနဲ့ လုံးပန်းနေရတက်ပါတယ် ပြီးတော့ ဘဝဟာလည်း
ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ် ။ ဒါပေမယ့် သင်အလိုရှိတာကို ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်။ သင့်ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ် ။

စိန်ခေါ်မှုတွေကို နှစ်သက်ပြီး ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ တစ်ဦးပေါ့။ငယ်ရွယ်စဉ်မှာတော့ သင်ဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ ။မိဘက မကြာခဏရိုက်နက်ဆုံးမရသူ ရန်ခဏခဏ ဖြစ်တတ်သူတစ်ဦးပေါ့ ။သင့်ဘဝဟာ ဒဏ်ရာအနာတရတွေနဲ့ ပြည့်နက်နေသလိုပါပဲဲ။ ဒါပေမယ့်အရွယ်ရောက်လာတဲ့အခါမှာတော့ အေးဆေးတည်ငြိမ်လာပြီး ယောကျာ်းပီသစွာ နေထိုင်တတ်ပြန်ပါတယ်။

ချစ်ခြင်းမေတ္တာကတော့ သင့်အတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ သင်ဟာဆောက်လုပ်ရေးအလုပ် ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ လူတွေကို သင့်ကို ယုံကြည့်ကြလို့ပါပဲ ။သင့်ရဲ့မိသားစုဘဝကတော့ အရမ်းကို ကောင်းမွန်လှပါတယ် ။ ဒါပေမယ့်သင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ် ။ သင်ဟာ လူလူချင်းစာနာတက်သူ စိတ်ရှည်သူ ပညာဉာဏ်ကြီးမားသူ နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ။

သင်ဟာ ရည်မှန်းချက်တွေကို ရယူဖို့ အဂတိတရားမထားပဲ လူတွေအပေါ် အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ။ သင်က အံ့ဖွယ်စိတ်ကူးစိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ။

သင့်ရဲ့ အကောင်းဆုံး အဖော်မွန်ကတော့ နံပါတ် 3, 5, 6, 9 သင့်တော်တဲ့ အဖော်မွန်ကတော့ 2 ပါ ။

 

 

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*