
ထိုင်ဝမ်မြောက်ပိုင်းက အဟော့ဆုံးဆရာမအဖြစ် သတ်မှတ်ခံထားရတဲ့ တက္ကသိုလ် ဆရာမလေးကတော့ာ ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေပါတယ်။
အသက် ၂၈နှစ်ရှိပြီဖြစ်တဲ့ Cheng Jhia-wen ဟာ ဥပဒေဘာသာရပ်ကိုလေ့လာသင်ယူခဲ့တာဖြစ်ပြီး Chien Hsin University of Science and Technology မှာ ဆရာမလေးအဖြစ် ကျောင်းသားတွေကို ပြန်လည်သင်ကြားပေးနေတာဖြစ်ပါတယ်။
သူမရဲ့အနက်ရောင်ဝတ်စုံနဲ့ စာသင်နေတဲ့ပုံစံလေးဟာ အွန်လိုင်းမှာ အတော်လေးပျံနှံ့ခဲ့ပါတယ်။ 4သူမ စာသင်ကြားတဲ့စတိုင်လ်ကိုတော့ ကျောင်းသားတွေက သဘောကြီးကြီး ကျနေလေရဲ့။ သူမဟာ သိပ္ပံနဲ့ နည်းပညာ ဥပဒေ ၊ စီးပွားရေး ဥပဒေ တို့မှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါတယ်။
Cheng ဟာ ပီယာနိုမှာလည်း အရည်ချင်းရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့အင်စတာဂရမ်အကောင့်မှာ ပီယာနိုတီးနေတဲ့ ဗီဒီယိုလေးလည်း တင်ထားခဲ့ပါတယ်။ အင်စတာဂရမ်အကောင့်မှာတော့followers ပေါင်း ၁ဝ၇ဝဝဝ ကျော်ရှိပါတယ်။ ဖက်ရှင်ပိုင်းမှာလည်း အမြင်ရှိတဲ့ ဆရာမလေး တစ်ယောက်ပါ။
စာသင်ရတာကိုလည်း ဝါဿနာပါလွန်းလို့ လုပ်နေတာပါတဲ့။ ထိုင်ဝမ်ရဲ့အလှဆုံး ဆရာမလေး ပုံရိပ်တွေဖော်ပြပေးလိုက်ပါတယ်။
Leave a Reply