
ဂိမ်းကို ဆေးစွဲသလို စွဲလမ်းနေတဲ့ သားဖြစ်သူ ကျန်းမာရေးမထိခိုက်လေအောင် ဘေးနားကနေ ထမင်းခွံကျွေးနေတဲ့ မိခင်တစ်ဦးရဲ့ဗီဒီယိုကတော့ အွန်လိုင်းမှာ နာမည်ကြီးနေပါတယ်။
ဂိမ်းစွဲနေတဲ့ ကောင်လေးက အသက် ၁၃နှစ်ရှိပြီး အွန်လိုင်း PC ဂိမ်းတစ်ခုဖြစ်တဲ့ ”Rules Of Survival” ကို အစားသောက်ပျက် ၊ အအိပ်ပျက်ခံပြီးကို တကယ်ဆော့နိုင်တဲ့ ကလေးပါ။
သူ့ရဲ့အမေ အသက် ၃၇နှစ် Lilybrth Marvel က ဖိလစ်ပိုင်မှာနေထိုင်ပြီး သူမသားဟာ ဂိမ်းဆော့လွန်းပြီး ညဘက်တွေမအိပ်ခဲ့လို့ ပြဿနာဖြစ်ဖူးကြောင်းလည်း Lilybrth က ပြောပြပါတယ်။ သူ့ရဲ့စိတ်ကို သူမထိန်းနိုင်တော့ပဲ ကျောင်းတွေလည်းပြေးပြီး ဂိမ်းကို မရပ်မနားထိုင်ဆော့နိုင်တာ တကယ်ကို အံ့သြမဆုံးပါပဲ။ ဗီဒီယိုထဲမှာဆို သူဂိမ်းထိုင်ဆော့နေတာ ၄၈နာရီတောင် ရှိနေပါပြီ။ ထမင်းလာစားဖို့ခေါ်လည်း မလာတာကြောင့် မတတ်နိုင်တဲ့အဆုံး အမေကိုယ်တိုင်ပဲ သွားခွံကျွေးရပါတော့တယ်။
ထမင်းကျွေးတော့လည်း မျက်လုံးက ပန်းကန်ဆီတောင် တစ်ချက်မရောက်။ ကွန်ပျုတာမှာ ကော်နဲ့ကပ်ထားသလို မျက်လုံးကို မခွာတာပါ။
သူမကတော့ ” ငါ့သားရယ်.. စားပါ ပါးစပ်ဟ ” ဆိုပြီး အတင်းခွံကျွေးပါတယ်။ ဗီတာမင်တွေလည်း သူ့သားကို တိုက်တယ်။ တစ်ချိန်ချိန်မှာ ထိခိုက်လာနိုင်တဲ့ သူ့ကျန်းမာရေးကို သိပ်စိုးရိမ်နေရှာပါတယ်။
ကျောင်းကို ခဏနားလိုက်ဖို့ ဆုံးဖြတ်ထားတယ်တဲ့။ အခုအခြေအနေကို ထိန်းနိုင်အောင် ကြိုးစားနေပေမယ့် အခုထိ ခက်ခဲနေတုန်းပါပဲ။
ကောင်လေးဘဝရှေ့ရေးအတွက်တော့ မိဘနှစ်ဦး ဘယ်လိုစီစဉ်ဆုံးဖြတ်ထားလဲမသိပေမယ့်အားလုံးကတော့ ဆုတောင်းပေးနေကြပါတယ်။
Leave a Reply