
နိုင်ငံကျော်မင်းသမီးချောလေး ချစ်သုဝေက သရုပ်ဆောင်ကောင်းမွန်ရုံသာမက သီချင်းဆိုလဲ ကောင်းမွန်သူတစ်ဦးဖြစ်တာကြောင့် အနုပညာလောကမှာ ထင်ရှားကျော်ကြားသူတစ်ယောက် ဖြစ်ပါတယ်။
ချစ်သုဝေက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေထက် ချစ်ရတဲ့ မိသားစုလေးကို အချိန်ပေး ဂရုစိုက်နေလျက်ရှိပါတယ်။ ပရိသတ်တွေကလည်း ချစ်သုဝေတစ်ယောက် အရင်ကလောက် အနုပညာအလုပ်တွေကို မလုပ်ကိုင်ဖြစ်တော့ပေမယ့် ချစ်သုဝေအပြင်
သူမရဲ့ မိသားစုလေးကိုပါ ချစ်ခင်ကြပါတယ်။ချစ်သုဝေနဲ့ လင်းလင်းရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကလည်း မိခင်နဲ့ ဖခင်ကိ ကိုးကွယ်ယုံကြည်ရာ ဘာသာချင်းမတူညီပေမယ့် ဘာသာနှစ်ခုစလုံးအပေါ် ယုံကြည်သက်ဝင်မှုရှိအောင် စောင့်ရှောက်ထားခံရသူတွေပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာလည်း ချစ်သုဝေက ကျုံ့ကျုံ့လေးထိုင်ပြီး လက်အုပ်ချီဆုတောင်းနေတဲ့ သမီးနှစ်ယောက်ရဲ့ သင်စရာမလိုတဲ့ ဟန်ပန်အမူအယာလေးကို ပြသရင်း “boss tote နဲ့ little boss layတို့ ဘာတွေဆုတောင်းနေလဲ?ဖြေဆိုပါ
စိတ်အေးချမ်းကြပါစေနော်” ဆိုပြီး သမီးနှစ်ယောက်ရဲ့ အမူအယာလေးကို ပြသလာပါတယ်။ ချစ်သုဝေကတော့ ဖေဖေ၊ မေမေက သင်စရာမလိုတဲ့ ဟန်ပန်အမူအယာလေးတွေနဲ့ အရမ်းကို ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ခေတ်နဲ့သစ်ရဲ့ ဟန်ပန်လေးကိုကြည့်ပြီး အသည်းတယားယားဖြစ်နေကြမယ် ထင်ပါတယ်။
Leave a Reply