အိမ်နောက်ဘေးမှာတွေ့တဲ့ မိကျောင်းကိုမကြောက်မလန့် အတင်းပွေ့ဖက်ထားတဲ့ မိန်းကလေး (ရုပ်သံ)

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ မိန်းမငယ်လေးဟာ သူမနေအိမ်မှာတွေ့ရှိခဲ့တဲ့မိကျောင်းနဲ့ ပွေ့ဖက်ပြီး ဓာတ်ပုံရိုက်ကူးခဲ့လို့ လူအမြောက်အများရဲ့အပြစ်တင်ဝေဖန်ခြင်းကိုခံခဲ့ရပါတယ် ။ Azy Nadia Aziz အမည်ရှိတဲ့ အသက် 22အရွယ်မိန်းကလေးဟာ အဆိုပါမိကျောင်းကိုပြီးခဲ့တဲ့အပတ်က Kota Bharu မြို့မှာရှိတဲ့ သူမနေအိမ်ရဲ့အိမ်နောက်ဖေးမှာ တွေ့ရှိခဲ့တာပါ ။

Video ထဲမှာတော့ Aziz ဟာ အဆိုပါမိကျောင်းကြီးကို သူမရဲ့ပေါင်ပေါ်တင်ပြီး အရုပ်လိုပွတ်သပ်ပေးနေခဲ့တာပါ ။ မိကျောင်းဟာ 1.5 meters ခန့်အရှည်ရှိတယ်လို့ယူဆရပြီး ၊ သူမနေထိုင်တဲ့ ဒေသရဲ့အနီးဝန်းကျင်မြစ်ချောင်းကနေ ရောက်ရှိလာခြင်းဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ် ။

Aziz ကတော့ ” မိကျောင်းကို မလှုပ်မရွ နဲ့ လုံးဝကိုရန်လိုစိတ်မရှိတဲ့ အနေအထားနဲ့ကျွန်မတွေ့ခဲ့လို့ဖမ်းပြီး အိမ်ထဲကိုခေါ်လာခဲ့တာပါ ၊ ပြီးတော့ မိကျောင်းနဲ့ ဓာတ်ပုံတွေ ၊ video တွေရိုက်တယ် ၊ အဲ့ညမှာပဲ ကျွန်မသူ့ကိုမြစ်ချောင်းထဲ ပြန်လွတ်ပေးခဲ့တာပါ ” ဆိုပြီး ပြောပြခဲ့ပါတယ် ။ သို့ပေမဲ့လည်း မိကျောင်းဟာ Aziz လက်ပေါ်မှာအလွန်ယဉ်ပါးလွန်းနေခဲ့တဲ့အတွက် လူအတော်အများက ဝေဖန်ခဲ့ကြပါတော့တယ် ။

သူမကတော့ ” ကျွန်မကိုအပြစ်တင်ဝေဖန်နေတာ ရပ်ပါတော့ ၊ ကျွန်မ မိကျောင်းကို အိမ်မွေးအကောင်အဖြစ် မမွေးထားပါဘူး ၊ ကျွန်မခဏလေး ဖမ်းထားယုံလေးပါ ” ဆိုပြီး Aziz ကပြန်လည်ဖြေရှင်းခဲ့ရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*