လူမြင်ကွင်းမှာ အဝတ်တွေချွတ်လဲတဲ့ မော်ဒယ်များ

မော်ဒယ်အလုပ်ဟာ သက်သောင့် သက်သာနဲ့ ပိုက်ဆံ အလွယ်တကူ ရတဲ့ အလုပ်လို့ ရှိကောင်းရှိနေပါလိမ့်မယ်။

ဒါပေမဲ့ အောင်မြင် ကျော်ကြားတဲ့ မော်ဒယ် ဘဝကို မရောက်ရှိမီမှာ အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင် ရလေ့ ရှိပါတယ်။ အောင်မြင် ကျော်ကြားတဲ့ မော်ဒယ်တွေဟာ ငွေကြေး အများအပြား ရရှိတတ်ပေမယ့် မော်ဒယ် လောကကို အခုမှ စဝင်လာသူတွေကတော ရပ်တည်မှု အတွက် ပေးဆပ် ခဲ့ရတာတွေ အများအပြား ရှိခဲ့ပါတယ်။ သူတို့ဟာ ကြုံတွေ့လာတဲ့ အခက်အခဲတွေကို ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်လေ့ ရှိပါတယ်။ ဒီလို ပြုလုပ်ရာမှာ အချို့ လုပ်ရပ်တွေဟာ ပတ်ဝန်းကျင် အမြင်မှာ မတင့်တယ်တာကြောင့် ဝေဖန်မှု အချို့ကို ရင်ဆိုင် ခဲ့ရပါတယ်။

တရုတ်နိုင်ငံ ဟန်ဇူးမြို့မှာ ရှိတဲ့ မော်ဒယ်ရှိုးပွဲ တစ်ခုမှာ မော်ဒယ်တွေဟာ သတ်မှတ် ထားတဲ့ အချိန်အတွင်း ပြီးစီးအောင် ပြသရမှာ ဖြစ်တာကြောင့် အဝတ်အစားတွေကို အလျင်အမြန် လဲလှယ်မှု ပြုလုပ် ခဲ့ရပါတယ်။ မော်ဒယ်ရှိုးပွဲ ပြသတဲ့ နေရာဟာ မော်ဒယ် အများအပြား ဝင်ရောက် ဆင်နွှဲမှုကြောင့် အခက်အခဲ အချို့ ရှိခဲ့ပါတယ်။

ဒါကြောင့် အချို့ မော်ဒယ်တွေဟာ အဝတ်အစားတွေကို အပြင်မှာ လဲလှယ်မှု ပြုလုပ် ခဲ့ပါတယ်။ ဒီလို လဲလှယ်မှုကြောင့် ပတ်ဝန်းကျင်က ဝေဖန်မှုတွေ ပြုလုပ် ခဲ့ကြပါတယ်။ ဒါပေမဲ့ မော်ဒယ်တွေဟာ ဘ၀ ရပ်တည်မှုကြောင့် မလုပ်ချင်တဲ့ အလုပ်ကို အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင် ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် မော်ဒယ်တွေရဲ့သတ်္တိကိုတော့ ချီးကျူး ရမှာ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*