ကြက်ဥ ၁၀ လုံး ပုံမှန်စားလို့ အလှဆုံးဘစ်ကနီမယ် ဖြစ်လာသူ

တရုတ်ကျောင်းသူလေးတစ်ယောက်က တစ်ရက် ကြက်ဥ ၁၀လုံး နေ့စဉ်စားသုံးမှုကြောင့် အခုဆိုရင် အလှဆုံး ဘစ်ကနီမယ် ဖြစ်လာပါပြီ။တိကျသေချတဲ့ အားကစား လှုပ်ရှားမှုတွေနဲ ့အခုလို ဖြစ်လာတာပါလို့ အသက် ၂၀ရှိပြီဖြစ်တဲ့ Xu Mengli ကဆိုပါတယ်။

The Sun သတင်းစာမျက်နှာဖော်ပြထားချက်အရ Xu Mengli ဆိုတဲ့ မိန်းကလေးက အခုလိုမျိုးကြက်ဥ တွေကို တစ်ရက် (၁၀)လုံး စားသုံးမှုတွေကြောင့် အလှဆုံးဘစ်ကနီ အလှမယ်ဖြစ်လာတဲ့ Chengdu ကျောင်းသူတစ်ဦးလို့သိရပါတယ်။ကြက်ဥအပြင် ကြက်သား၊ငါး၊ပုစွန်အပြင်ဟင်းသီးဟင်းရွက်တွေကိုတော့ မကြာခဏ စားလေ့ရှိပါတယ်။

နောက်တစ်ချက်က တိကျသေချာတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန် လုပ်ဆောင်လေ့ရှိတာကြောင့် ဆုရရှိတဲ့ အလှဆုံးဘစ်ကနီအလှမယ်ဖြစ်လာတယ်လို့ Xu Mengli ကဆိုပါတယ်။လေ့ကျင့်ခန်းတွေက ခက်ခဲကြမ်းတမ်းပြီးသူ့အတွက်မလွယ်ခဲ့ကြောင်းနောက်ဆုံးမှာတော့ ပထမဆုကို ရရှိနိုင်ခဲ့တယ်လို့ဆိုပါတယ်။၅၁ကြိမ်မြောက် ကာယာဗလနဲ့ကျန်းမာကြံခိုင်ရေး

အငယ်တန်း ပြိုင်ပွဲမှာ ရွှေတံဆိပ်ကိုရရှိခဲ့တာပါ။ သူလေ့ကျင့်မှုတွေက မနက် ၅း၃၀ ထကာ GYM ကစားရုံသို့ ၆နာရီသွားပါတယ်။GYM မှာ တိကျသေချာတဲ့ လေးကျင့်စဉ်တွေကိုတိတိကျကျခံယူပြီး ပြင်းပြင်းထန်ထန်လေးကျင့်ပါတယ်။ပြင်းပြင်ထန်ထန်လေးကျင့်မှုတွေကို ပုံတွေကြည့်ကာ သိနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*