အရိပ်ပြရင် အကောင်မြင်တဲ့ချစ်သူကြောင့် မိန်းကလေးတွေရဲ့မနာလိုခြင်းခံနေရသူ

Billy Yang နဲ့ Jen Vang တို့ဟာ ၂ဝ၁၈ ဇူလိုင်လတည်းက ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ သူတို့ရဲ့အမှတ်တရအချိန်တွေအားလုံးကို ဆိုရှယ်မီဒီယာမှာ အမြဲသိမ်းဆည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ရက်နေ့တုန်းက သူမချစ်သူလက်ဆောင်ပေးထားတဲ့ Pandora က လက်စွပ်လေးကိုအမှတ်တရဓာတ်ပုံရိုက်တင်ခဲ့ပါတယ်။ လက်ဆောင်ပစ္စည်းဆိုတာ ချစ်သူနှစ်ဦးကြားဆက်ဆံရေးကို အဆင်ပြေစေတဲ့ ချောဆီတစ်ခုပါပဲ။ Yang ဟာ ချစ်သူမိန်းကလေး ဘာလိုချင်လဲဆိုတာကို အမြဲသိနေတဲ့ ယောကျ်ားမျိုးပေါ့။

Jenကလည်း သူမလိုချင်တဲ့ ပစ္စည်းဆို အရိပ်မြွှက်လေးတွေပြပြီး ပုံတင်တက်တယ်။ အောက်ကပုံတွေကိုကြည့်လိုက်တာနဲ့ သူမဘာကိုလိုချင်နေလဲဆိုတာ တန်းသိမှာပါ။ ၂ရက်အတွင်းမှာပဲ သူမဓာတ်ပုံဟာ likes ပေါင်း ၅၉ဝဝဝ ကျော်နဲ့ ၁၂၆ဝဝဝ share ထိတက်သွားခဲ့ပါတယ်။

Billy Yang ကလည်း ချစ်သူက အရိပ်ပြရင် အကောင်မြင်တဲ့လူမျိုးဆိုတော့ ချက်ချင်းပဲ လက်စွပ်လေးသူမလက်မှာ ဖန်တီးပေးလိုက်သတဲ

Be the first to comment

Leave a Reply

Your email address will not be published.


*