
စကော့တလန်နိုင်ငံက အသက်(25)နှစ်အရွယ် Melanie Long ဟာ Disney ဇာတ်ကားထဲက ရေသူမမင်းသမီးလေး Ariel ကို သဘောကျနှစ်ခြိုက်သူ တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် Long ဟာ သူမရဲ့ဘဝကို အဲဒီလို ရေသူမဘဝအဖြစ်နဲ့ပဲ ရပ်တည်လိုသူတစ်ယောက်ဖြစ်ပါတယ်။
ဆံပင်အနီရောင်ကို ပိုင်ဆိုင်ထားတဲ့ Long ဟာ ငယ်စဉ်ကတည်းက သူမရဲ့ အခန်းပတ်ပတ်လည်မှာ Arielရဲ့ ရုပ်ပုံကားချပ်တွေကို ကြည့်ပြီး ကြီးပြင်းခဲ့ရသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမက တွေ့တဲ့သူတိုင်းကိုတစ်နေ့နေ့မှာ သူမဟာလည်း ရေသူမလေးတစ်ယောက် ဖြစ်လိမ့်မယ်-လို့ ပြောခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့
ငါးနှစ်ကတည်းက သူမဟာ စကော့တလန်နိုင်ငံ Dunbartonshire အနောက်ပိုင်းမှာရှိတဲ့ Clydebank မြို့က သူ့မိအိမ်ဆီကနေ ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ ဖူးခတ်ကို ရေးကူးနည်းပြအဖြစ် သွားခဲ့ပါတယ်။
ထိုင်းနိုင်ငံဆင်းရဲချို့တဲ့ကလေးငယ်များ စောင့်ရှောက်ရေးအဖွဲ့မှာ သူမဟာ ရေသူမတစ်ယောက်လို ဝတ်စားဆင်ယင်ပြီး သရုပ်ပြမှုတွေ လုပ်ခဲ့ရသလို၊ ယခုအခါမှာတော့ သူမရဲ့ အိပ်မက်ထဲက လိုချင်တဲ့ပုံစံနဲ့ အသက်ဝမ်းကျောင်းမှုကို ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူမက “ ကျွန်မ ငယ်ငယ်တုန်းက နင် ကြီးလာရင် ဘာလုပ်
မှာလဲ မေးတဲ့အခါတိုင်း … ကျွန်မက ရေသူမလေးပဲ လုပ်မယ်လို့ ဖြေခဲ့ပါတယ် ” လို့ ပြောခဲ့ပါတယ်။သူမက ဆက်လက်ပြီး “ အစိမ်းသက်သက် ကလေးတစ်ယောက်က ဒီလို ပြောခဲ့တာ ရယ်ဖွယ်ရာပါဘဲ …အမှန်တော့ ဒီလိုဖြစ်ဖို့လည်း ကျွန်မမှာ တက်ကြွရုံကလွဲရင် ဘာမှ မရှိပါဘူး … ဘာကြောင့်လဲဆိုတော့ ဒါကဖြစ်မှ မဖြစ်နိုင်တာပဲလေ … ဒါပေမယ့် ကျွန်မ ရေကူးသရုပ်ပြ ဖြစ်လဲဖြစ်ရော ဒါဟာ ငါ မျှော်လင့်နေတဲ့
ရေသူမလေးရဲ့ဘဝနဲ့ နီးစပ်တယ်ဆိုတာ နားလည်ခဲ့ပါတယ် … ” လို့ ပြောခဲ့ပါသေးတယ်။Long ဟာ ရေကူူးဝတ်စုံနဲ့ ဆီလီကွန်နဲ့ပြုလုပ်ထားတဲ့ ရေသူမငါးအမြှီးအတွက် အချိန်တစ်နှစ်လောက်ယူခဲ့ရပြီး “Splach ” ဇာတ်ကားနဲ့ Australian Mermaid Soap opera ‘H2O’ အစီအစဉ်တွေမှာ ဝင်ရောက်
သရုပ်ဆောင်ခဲ့ပါတယ်။
သူမဟာ ယခုအချိန်မှာလည်း ထိုင်းနိုင်ငံ ရုပ်သံအစီအစဉ်တွေအတွက် တီဗွီ၊ ရုပ်ရှင်ဇာတ်ကား၊ သီချင်းဗွီဒီယိုနဲ့ ကလေးများအတွက် ပျော်ပွဲရွှင်ပွဲတွေ၊ လက်ထပ်မင်္ဂလာပွဲတွေမှာ ဝင်ရောက်သရုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
Leave a Reply