နေ့တိုင်းကြိုပို့လုပ်ပေးရတာ စိတ်ကုန်လာလို့ဆိုပြီး သူငယ်ချင်းကို ကားဝယ်ပေးလိုက်တဲ့ အမျိုးသား

ဆိုရှယ်မီဒီယာပေါ်မှာတော့ လတ်တလော သူငယ်ချင်းတွေကြားထဲ ထူးထူးခြားခြားပြောစရာဖြစ်နေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို တွေ့ရပါတယ်။ ဒီဗီဒီယိုဖိုင်လေးဟာ အကြိမ်ပေါင်း (၅) သိန်းခန့် ကြည့်ရှူခံခဲ့ရပြီး ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ အမျိုးသားတစ်ယောက်ဟာ သူငယ်ချင်းတွေကို မယုံနိုင်စရာအကြည့်နဲ့ ကြည့်ပြီး သူ့ကို စနောက်နေတာများလားဆိုပြီး မသင်္ကာဖြစ်နေပါတယ်။ သူက သူငယ်ချင်းတစ်ယောက်ကို “မင်းပြောလိုက်တာ ဘာ….. ဒါ့ငါ့ကား… ဟုတ်လား….” ဆိုပြီး မေးနေတာပါ။

ဒါနဲ့ တစ်ယောက်ကနေပြီး “အေး… အဲဒါ မင်းကားပဲ… ခုက စပြီး ကိုယ့်ဘာသာကိုယ်မောင်းတော့…. မင်းကို ခဏခဏ အကြိုအပို့လုပ်ရတာ ငါတို့လည်း တော်တော်ပင်ပန်းနေပြီ…” ဆိုပြီး ပြောခဲ့တာပါ။

ဒီဗီဒီယိုလေးနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာပေါ်မှ လူတွေကတော့ ထင်ကြေးအမျိုးမျိုးနဲ့ပါ။ တစ်ချို့ကလည်း ဒီလို သူငယ်ချင်းမျိုးတွေ ရှိရင်ကောင်းမှာပဲတို့၊ သူငယ်ချင်းကို အပို့အကြိုလုပ်ပေးရတာ ပင်ပန်းတယ်မထင်ပါဘူးတို့၊ ဒီဗီဒီယိုကြီးက သက်သက်ဂွင်ဆင်ပြီး ရိုက်တာတို့ ဘာတို့ အမျိုးမျိုး ဝေဖန်နေကြတယ်လို့လည်း သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*