ကိုယ့်ကလေးကို ခဏလေးလွတ်ထားမိတာနဲ့ ဒီလိုမထင်မှတ်ထားတာတွေ ဖြစ်တတ်တယ်ဆိုတာ (ရုပ်သံ)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ရက်နေ့က တရုတ်နိုင်ငံ Zhangzhou မှာ အမျိုးသမီးနှစ်ယောက်မှာတစ်ယောက်က ကလေးတွန်းလှည်းလေး တွန်းနေတယ်။ တစ်ယောက်ကတော့ ၂နှစ်ကလေးမလေးနဲ့အတူ လမ်းလျှောက်ထွက်လာတာပါ။


လမ်းတစ်ခုမှာ ကားတွေကွေ့ဝင်လာတာကို တွေ့ရတယ်။ ဒါပေမယ့် အဖြူရောင်အကျီ ၤနဲ့ အမျိုးသမီးဟာ စကားပြောနေတော့ ကားကွေ့ဝင်လာတာ သတိမထားမိသလို ၊ ကလေးကိုလည်း လက်ကနေ လွှတ်ထားမိလိုက်တယ်။

ကားကတော့ လွတ်တယ်ထင်ပြီး ကွေ့လိုက်ပေမယ့် ကလေးက ကားထိပ်နဲ့ငြိပြီး ဘီးအောက်ထဲကိုရောက်သွားပါတယ်။ အဲ့ဒီတော့မှ အမျိုးသမီးလည်း ပြူးပြူးပြာပြာနဲ့ ကားသမားကိုရော ၊ ဘေးပတ်ဝန်းကျင်ကလူတွေကိုပါ သူမကလေးကို ကယ်ပေးဖို့ အကူညီတောင်းတယ်။

မှတ်တမ်း ဗီဒီယိုမှာ အနားရှိယောကျ်ားသားတွေ အပြေးလွှားကူညီပေးကြတာတွေ့ရပါတယ်။ အားလုံးအင်အားနဲ့ ကလေးမလေးကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒဏ်ရာပြင်းပြင်းထန်ထန်မရပေမယ့် စိတ်အရမ်း လှုပ်ရှာသွားတာကြောင့် ဆေးရုံကိုခေါ်သွားခဲ့ရပါတယ်။ မျက်နှာမှာတော့ ခြစ်ရာတွေရခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*