အရိုးမစားချင်ဘူး ထမင်းနဲ့အသား ကျွေးပါလို့မပြောပြတတ်လို့ လူတွေချကျွေးတဲ့ အရိုးကိုစားရင်း အသက်ဆုံးရှုံးခဲ့ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ အရိုးတွေပဲစားခဲ့ရလို့ အစာမကြေပဲ အသက်ပေးခဲရတဲ့ ခွေးလေး အကြောင်းပါ။ ကျွန်တော်တို့ လူသားတွေဟာ ခွေးလေးတွေ ကြောင်လေးတွေဆိုရင် အရိုးကြိုက်တဲ့ သတ္တဝါလို့ ယေဘုယျ အားဖြင့် သတ် မှတ်ထား တတ်ကြပါတယ်။

တစ်ကယ်တော့ သူတို့ဟာလည်း အရိုးမကြိုက်ကြပါဘူး။ ဥပမာပြောရရင် အစာရေစာငတ်နေတဲ့ လူတစ်ယောက်ဟာ သူ့မှာဝယ်စားဖို့ ပိုက်ဆံလည်း မရှိဘူး ဗိုက်ကလည်း တအားဆာနေရင် သူဝါလုပ်မယ်လို့ ထင်ပါသလဲ။ သေချာပါတယ် သူဟာ သူစားလို့ရမယ့်ဟာ မှန်သမျှကို ဗိုက်ဝဖို့အတွက် စားမှာပါပဲ။

အဲ့ဒီသဘောမျိုးပါ တိရိစ္ဆာန်လေးတွေဟာလည်း ဆာလောက်လာရင် လူတွေကျွေးမှ စားရတဲ့ ဘဝမို့ အရိုးချကျွေးလည်း သူတို့ကစားရတာပါ။ အရိုးမစားချင်ဘူး ထမင်းနဲ့ အသားပဲ သားချင်တယ်လို့မှ သူတို့မပြောပြတတ်တာ။ တစ်ကယ်တော့ ကျွန်တော်တို့ လူသားတွေကသာ ကိုယ်ချင်းစာတရားနဲ့ ထမင်းဟင်း မျှတစွာကျွေး မွေးခဲ့ရင် သူတို့လေးတွေလည်း ဝမ်းသာပိတိဖြစ်နေမှာပါ။

နောက်ပြီး တိရိစ္ဆာန်လေးတွေက ကျေးဇူးတရား ကို မမေ့တတ်ပါဘူး။ အထူးသဖြင့် ခွေးလေးတွေဆိုရင် အိမ်ထဲဝင်လာတဲ့ မွေပွေးကို သူ့သခင်အတွက် အသက်ပေးပြီး ကာကွယ်ပေးခဲ့တာတွေ၊ သခင်မရှိတဲ့ အချိန် သူခိုးမကပ်အောင် စောင့်ရှောက်ပေးခဲ့တာက မျက်မြင်တွေပါ။

ယခုခွေးလေးကတော့ ရှေးဘဝက ဝဋ်ပါလာတယ်လို့ပဲပြောချင်ပါတယ်။ အရိုးတွေပဲစားရလို့ အားမရှိတော့တဲ့အခါ အစာအိမ်က အစာကောင်း ကောင်း မချက်နိုင်တော့ပါဘူး။ နောက်ထပ်ပိုဆိုးတာက အရိုးဆိုတော့ အချွန်အတက်တွေပါတယ်လေ အဲ့ဒီအချွန် အတက်တွေက အသာအိမ်ကို ထိုးမိပြီး ဒုက္ခရောက်ရတာပါ။

ဒါ့ကြောင့်မို့လို့ တိရိစ္ဆာန်လေး တွေကို ကျွေးချင်ရင် ကိုယ်စားလို့မကုန်တဲ့ အရိုးတွေပဲ ကျွေးမဲ့အစား မထင်းနဲ့ဟင်းကို မျှတစွာကျွေးမွေးကြပါ၊ နောက်ပြီး အန္တရာယ်ဖြစ်စေမဲ့ အချွန်အတက်တွေပါတဲ့ အရိုးတွေ မကျွေးကြပါနဲ့လို့ တိုက်ပါရစေ ခင်ဗျာ။

Be the first to comment

Leave a Reply

Your email address will not be published.


*