စိတ်ပူလို့ သတိထားနေ တဲ့ကြား က ရုတ်တရက် ကိုယ်ဝန်ရသွားနိုင်တဲ့ အကြောင်းရင်း

ဗိုက်ကိုက ကြီးပဲ ကြီးနိုင်လွန်း … မလိုချင်ပါဘူးဆို လာပဲ လာနိုင်လွန်းလို့ စိတ်ညစ်ရသူတွေအတွက် ဟောဒီမှာ မမတို့ သတိမထားမိတတ်တဲ့ ဟာကွက်လေးတွေ။ သတိမမူ ဂူမမြင်တဲ့။ နမော်နမဲ့နဲ့ ဂူဝင်မတိုက်မိအောင် ဒါလေးတွေ ရှောင်နော်။

နို့တိုက်မိခင်တွေမှာ ကလေးမရတတ်ပေမယ့် နို့တိုက်နေတာချည်းကိုပဲ အားထားပြီး ဘာမှမသုံးဘူး ဆိုတာတော့ ဟုတ်သေးဘူးနော့်။ ကလေးမွေးပြီး နှစ်ပတ်အတွင်း ချစ်စရာသားဥလေးက ကြွေပါတယ်လို့၊ ကလေးဆိုးလေးကို ထိန်းချင်ရင် ၄၅ ရက်ပြည့်တာနဲ့ သုံးလခံဆေး ထိုးကြပါ။

ဆေးသောက်ပြီး သန္ဓေတား တာတော့ ဟုတ်ပါရဲ့။ ဆေးသောက်နေတုန်း နေမကောင်းလို့ ပဋိဇီဝဆေး သောက်ရရင်တော့ အခြေအနေမလှဘူး .. မှတ်ပါလေ၊ ပဋိဇီဝဆေး သောက်နေရတော့ ဟိုဆေးကို ကျော်ရင်းခွရင်း ဗိုက်ကြီးသွားတတ်လို့ပါ။

ဗိုက်နာ၊ ဝမ်းပျက် အန် တာကြုံရရင် အထက်လန်အောက်လျှော ဖြစ်ထားရင် ဆေးစုပ်ယူမှု နည်းသွားတယ်။ ဒီတော့ နလန်ထစ ကဲချင်ရင် အဲလိုရက်ဆို ကွန်ဒုံးလေး ဖြည့်သုံးလိုက်ပါလို့။

ကွန်ဒုံးစွပ်တာ ကို ဆရာကျကျ ကျင့်ပါ။ ကွန်ဒုံး အစွပ်မတော်လို့ ပေါက်သွားလို့ ဗိုက်ကြီးရသူတွေ တစ်ပုံတစ်ပင်နော်။ သားအိမ်တွင်း ပစ္စည်းထည့်ထားပေမယ့် စိတ်ချမနေနဲ့ဦး။ လူတစ်ရာမှာ တစ်ယောက်လောက်က ကိုယ်ဝန် မတော်တဆ ရတတ်သတဲ့။

သိပ်ရှားပေ မယ့် အဲဒီတစ်ယောက်က ကိုယ်မဖြစ်ဖို့ ဆုတောင်းလေ။ ယောကျာ်းက သားကြောဖြတ်ထားတယ်ဆိုရင်း စိတ်ချပြီး ကဲနေလို့မရ၊ သားကြောဖြတ်ပြီး သုံးလအတွင်း ဆရာဝန်က အိုကေပြီလို့ ထောက်ခံမှ စိတ်ချရတယ် ကိုကိုတို့ရေ။

ကိုယ်က ကလေး မရနိုင်ပါဘူး။ ဘယ်လောက် ကြိုးစားကြိုးစား အဆင်မပြေဘူးလို့ ဒီတိုင်းပဲ လွှတ်ထားပြီးမှ ကောက်ကာငင် ကာ ကိုယ်ဝန် ရသွားတတ်သေးတယ်။ သဘာဝတရားဆိုတာ သိပ်ထူးဆန်းတဲ့အမျိုး။ ကိုယ်ဝန်ရပြီးမှ ထပ်ရတာ။

ဪ … ဖြစ်နိုင်တာပဲလေ။ ကိုယ်ဝန်ရှိပြီးသား ကိုမှ သားဥကြွေပြီး ယောက်ျားနဲ့ကွက်တိ အတူနေလိုက်ရင် ထပ်ဆင့် ကိုယ်ဝန်ရှိခြင်းဆိုတာ ဖြစ်လာရော။ သားအိမ်ထဲမှာ သန္ဓေအိတ်တွေ ထပ်တည်လာတာ။ Superfestation လို့ခေါ်တယ်။ အဲဒီအကြောင်းကို အသေးစိတ် ထပ်တင်ပေးပါမယ်။

သုံးလခံဆေး ထိုးနေ ပါလျက်နဲ့ ကိုယ်ဝန် ရှိသွားတာ၊ သုံးလခံဆေးကို သုံးလပြည့်တဲ့အထိ မစောင့်ရဘူး။ အနည်းဆုံး တစ်ပတ် ကြိုထိုးရတယ်။ အဲဒါမှ သူ့အာနိသင် လာတဲ့အချိန်နဲ့ ကွက်တိကျတာ။

သုံးလခံဆေးထိုးပြီး ဆေးဖြတ်လိုက်တော့ ရာသီ မလာဘူး။ ရာသီမမှန်ဘူး။ ဒါနဲ့ပဲ ကိုယ်ဝန် မရနိုင်ပါဘူးလို့ အေးနေ လို့မဖြစ်။ သားဥပြန်ကြွေလာတဲ့အချိန် အမျိုးသားသုတ်ကောင်နဲ့တွေ့ရင် ကိုယ်ဝန် ရသွားနိုင်သေးတာပဲ။

ကဲ … ရုတ်တရက် ကိုယ်ဝန်ရသွားနိုင်တဲ့ အကြောင်းအချက်အလက်လေးတွေကို ဗဟုသုတ မျှဝေလိုက်တာမို့ လက်တွေ့ အသုံးကျကြပါစေနော်။

crd

Be the first to comment

Leave a Reply

Your email address will not be published.


*