မကောင်းဆိုးဝါး ဝင်ပူးလို့ဆိုပြီး ခယ်မတော်စပ်သူကို သားမယားပြုကျင့်ခဲ့တဲ့ အမျိုးသား

မကောင်းဆိုးဝါး ဝင်ပူးလို့ဆိုပြီး ခယ်မတော်စပ်သူကို သားမယားပြုကျင့်ခဲ့တဲ့ အမျိုးသား

လိမ်လည်လှည့်စားခံရတယ်ဆိုတဲ့အရာက တော်တော်လေးကိုခံရခက်ပါတယ် ။ ဒီတစ်ခေါက်မှာလည်းအမျိုးသမီးတစ်ဦးသာ လက်ထပ်ပြီး 4လသာပေါင်းသင်းခဲ့ရသေးတဲ့ ခင်ပွန်းဖြစ်သူဟာသူမ၏ 14နှစ်အရွယ်သာရှိသေးတဲ့ ညီမဖြစ်သူကို သားမယားပြုကျင့်ခဲ့တဲ့ အဖြစ်အပျက်နဲ့မျက်မြင်ကြုံတွေ့ခဲ့ရပါတယ် ။

အသက် 26နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူ M Faisal အမည်ရှိအသက် 26နှစ်အရွယ်တို့ဟာ ပြီးခဲ့တဲ့ April လကမှလက်ထပ်ထားခဲ့ကြတာပါ ။ ၎င်းတို့နေထိုင်ကြသော နေအိမ်တွင် 14နှစ်အရွယ်ညီမဖြစ်သူအပါအဝင် မိသားစုဝင် 3ဦးသာရှိကြောင်း သိရှိရပါတယ် ။၎င်းတို့ဟာ အင်ဒိုနီးရှားနိုင်ငံ ၊ Surabaya မြို့မှာရှိတဲ့ တန်ဖိုးနဲတဲ့နေအိမ်မှာ ပျော်ရွှင်စွာအတူနေထိုင်ခဲ့ကြပါတယ် ။

သို့်ပေမဲ့လည်း နောက်ပိုင်းမှာတော့ Faisal ဟာ ယောင်းမတော်စပ်သူ ရေချိုးနေချိန် ဒါမှမဟုတ် အဝတ်လဲနေချိန်တွေမှာ မကြာခဏဆိုသလိုချောင်းကြည့်ခဲ့ပါတယ် ။တစ်ရက်မှာတော့ Faisal ဟာလုံးဝစိတ်မထိန်းနိုင်တော့ဘဲ ယောင်းမတော်စပ်သူကို သားမယားပြုကျင့်ခဲ့ပါတော့တယ် ။ဇနီးဖြစ်သူအိမ်မှာမရှိတဲ့အချိန်မျိုးကို အခွင့်ကောင်းယူပြီး 14နှစ်အရွယ် ယောင်းမတော်စပ်သူကို 7ကြိမ်ခန့် သားမယားပြုကျင့်ခဲ့ပါတယ် ။

ကံကောင်းစွာနဲ့ပဲ တစ်ရက်မှာတော့ အစ်မဖြစ်သူအိမ်ပြန်ရောက်လာချိန်မှာ နှစ်ယောက်လုံးအဝတ်ဗလာနှင့်ရေချိုးနေခဲ့တာကိုတွေ့ရှိခဲ့ပြီးနောက် အစ်မဖြစ်သူဟာရဲစခန်းသို့ ချက်ချင်းအကြောင်းကြားပြီး တိုင်ကြားခဲ့ပါတော့တယ် ။

မေးခွန်များစစ်မေးခဲ့ချိန်မှာတော့ ညီမဖြစ်သူမှာ အစ်မဖြစ်သူ၏အိမ်ထောင်ရေးပျက်စီးသွားမည်ဆိုးသောကြောင့် နှုတ်ပိတ်ပြီးသာနေဖို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။သူမကို သားမယားပြုကျင့်ချိန်တွေမှာ သူမ၏လက်နှစ်ဖက်လုံးကိုဆုပ်ကိုင်ထားခဲ့ပြီး အော်ဟစ်ခြင်းမျိုးမပြုလုပ်ရန်လဲ ခြိမ်းခြောက်ခဲ့ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ် ။

Faisal မှာလည်း 14နှစ်အရွယ်ယောင်းမဖြစ်သူကို သားမယားပြုကျင့်ခဲ့ခြင်းမှာ အဆိုပါအချိန်တွင် မကောင်းဆိုးဝါပူးကပ်နေသောကြောင့်ဖြစ်ကြောင်း ပြစ်ဒဏ်လျော့ပေါ့စေရန် လိမ်လည်ထွက်ဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း Faisal ဟာအမြင့်ဆုံးထောင်ဒဏ် 15နှစ်ခန့်ကျခံရနိုင်ချေရှိကြောင်း သိရှိရပါတယ် ။