
မနက်စာလုံး၀ မစားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဗိုက်ကို ခွဲစိတ်ကြည့်လိုက်တာ… ကြောက်စရာကောင်းလိုက်တာ
၆နာရီခွဲကြာ အောင်မြင်စွာခွဲစိတ်လိုက်ရတဲ့ ၄၅နှစ်တရုတ်အမျိုးသမီးရဲ့ဗိုက်ထဲမှာ ကျောက်တုံးပေါင်း၂ဝဝကျော်ကို တွေ့ရှိခဲ့ရပါတယ်။
Daily Mailသတင်းအရ တရုတ်နိုင်ငံ Hezhouမြို့က Guangji ဆေးရုံမှာ ခွဲစိတ်ခန်းဝင်ခဲ့ရသည့်အမျိုးသမီးဟာ Ms. Chen လို့သာဖော်ပြထားပါတယ်။ သူမရဲ့သည်းခြေအိတ်နဲ့ အသည်းကနေ ကြက်ဥအရွယ်ရှိ ကျောက်တုံးတွေကို ပုံမှာပြထားအတိုင်းတွေ့ရပါတယ်။
မနက်စာလုံး၀ မစားတဲ့ အမျိုးသမီး
ပုံမှန်အားဖြင့်တော့ အဝလွန်သူတွေ၊ ဆီးချိုရောဂါရှိသူနဲ့ ကိုလက်စထရောလျော့နည်းနေတဲ့ လူတွေက ကျောက်တည်တာများပါတယ်။ အစားရှောင်ခြင်းနဲ့ ဟော်မုန်းဓာတ်များခြင်းက လည်း ဒီလိုအခြေအနေမျိုးဖြစ်စေတယ်လို့ WebMD သတင်းအရသိရပါတယ်။
Chen ရဲ့ကျောက်တည်ရခြင်းအဓိကပြဿနာက မနက်စာမစားခြင်းကြောင့်လို့ ခွဲစိတ်ဆရာဝန် Dr. Quan Xuwei ကပြောပါတယ်။
သူ့ဆီရောက်လာတဲ့ လူနာတော်တော်များများက မနက်စာမစားလို့ ကျောက်တည်ကြတာ ဖြစ်ပြီး Chenဆိုလည်း မနက်စာမစားတာ ၁ဝနှစ်ကျော်လောက်ရှိခဲ့လို့ဖြစ်ပါတယ်။ နေ့လည်စာကိုလည်း အချိန်မှန်မစားသောက်တာကြောင့် ဖြစ်ပါတယ်တဲ့။
Leave a Reply