ကလိုသို (သို့မဟုတ်) မအိုဆေး

ဂရိဒဏ္ဌာရီအရ Moirae ဆိုတာ ကံကြမ္မာကို ပြောတာပါ။ ကံကြမ္မာကို အဆုံးအဖြတ်ပေးရတဲ့ နတ်သမီး (၃)ပါးရှိတယ်။ သူတို့ကတော့ ဇုနတ်ဘုရား(Zeus) နဲ့ နတ်ဘုရားမ သီးမစ်(themis)တို့ရဲ့ သမီးသုံးယောက်ဖြစ်တဲ့ Clotho, Lachesis နဲ့ Atropos တို့ဖြစ်ပါတယ်။ Lachesis က လူ့သက်တမ်းကို သတ်မှတ်ပေးရတယ်။ Atroposက ဘယ်အချိန်မှာ သေမယ်ဆိုတာ ဆုံးဖြတ်ပေးရတယ်။ Clothoက လူ့သက်တမ်းကို ရှည်အောင် ပြုလုပ်ပေးရသူ ဖြစ်ပါတယ်။ အသက်ရှည်ဖို့ ဒီနတ်သမီး သုံးပါးရဲ့ ဆုံးဖြတ်ချက်က အရေးပါတယ်။ လူတွေစတင်မွေးဖွားချိန်ကနေ သေဆုံးချိန်ထိ ဖြစ်တည် ပျက်ဆီးမှုအားလုံးကို သူတို့ကပဲ ထိန်းချုပ်ပေးပါတယ်။ ဒီထဲမှာ အရေးပါဆုံးကတော့ အသက်ရှည်စေတဲ့ clotho နတ်သမီး ဖြစ်ပါတယ်။

ဂရိ လူမျု်းတွေဟာ လူ့သက်တမ်းကို အပ်ချည်ကြိုးမျှင်နဲ့ တင်စားလေ့ရှိကြပါတယ်။ လူတိုင်းမှာ ဇီဝအပ်ချည်ကြိုးကိုယ်စီ ရှိကြတယ်။ ကလိုသို နတ်သမီးက အဆိုပါ သက်ရှိအပ်ချည်ကြိုးတွေကို ဗိုင်းငင်ရက်လုပ်ရသူဖြစ်တယ်။ အပ်ချည်ကြိုးတခုဟာ ကြိုးရှည်လေလေ လူ့သက်တမ်း ရှည်လေလေဖြစ်တယ်။ ဒါ့ကြောင့် clotho ဆိုတဲ့အဓိပ္ပါယ်က အသက်ရှည်ခြင်းကို ကိုယ်စားပြုပါတယ်။

ဆေးပညာနယ်ပယ်မှာလည်း ကလိုသို(klotho) ဆိုတာ ရှိပါတယ်။ clotho နတ်သမီးကနေ အသံထွက် ယူထားတာဖြစ်ပါတယ်။ Klotho ဆိုတာ သက်တမ်းရှည်အောင် ပြုလုပ်ပေးတဲ့ anti-aging protein တခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် klotho ပရိုတင်းကို ကျောက်ကပ်နဲ့ ဦးနှောက်(choroid plexus) ကနေ ထုတ်လုပ်ပါတယ်။ လူတွေမှာရှိတဲ့ ကလိုသိုမျိုးဗီဇ( klotho gene) ကိုတော့ KL-VS လို့ ခေါ်ပါတယ်။ KL-VS mutation (ကလိုသို မျိုးဗီဇ ပြောင်းလဲမှု)က အရေးအကြောင်းနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို စောလျင်စွာ ဖြစ်ပေါ်စေတယ်။

၁၉၉၇ ခုနှစ်မှာ ကလိုသို(klotho gene) ပျက်ဆီးခြင်းဟာ အိုမင်းရင့်ရော်မှုကိုမြန်ဆန်စေတယ်လို့ စတင်သိရှိခဲ့တယ်။ အသက်(၄၀)ကျော်တာနဲ့ သွေးတွင်း klotho ပရိုတင်း ပမာဏက သိသိသာသာကျဆင်းလာပါပြီ။ ဇရာဖြစ်စဉ်မှာ ဒီအချက်က အရေးပါလာပါတယ်။ ကြွက်တွေမှာ klotho ဗီဇ မြှင့်တင်ကြည့်တဲ့အခါ ပုံမှန်ထက် သုံးပုံတစ်ပုံနီးပါး အသက်ပိုရှည်လာတာတွေ့ရပါတယ်။ဆိုလိုချင်တာက သက်တမ်း နှစ် ၆၀ ရှိတဲ့လူတယောက်ဟာ နှစ်(၈၀)လောကိထိ ပိုမိုအသက်ရှည်လာတဲ့ သဘောဖြစ်တယ်။

klotho gene ကိုတွေ့ရှိခဲ့ပြီး နောက်ပိုင်း လေ့လာမှုတွေ ဆက်တိုက်လုပ်ခဲ့ကြတယ်။ အထူးသဖြင့် လူတွေဘာ့ကြောင့် အ်ုမင်းရင့်ရော်သွားလဲဆိုတဲ့ အခြေခံ အကြောင်းရင်းကို သိချင်လို့ပါ။ အိုမင်းရင့်ရော်မှုဟာ ဦးနှောက်နဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် ကလိုသိုနဲ့ ဦးနှောက်ဆဲလ်တွေရဲ့ ဆက်စပ်မှု၊ ဦးနှောက်ပျက်ဆီးမှုနဲ့ ဇရာဖြစ်စဉ် စတာတွေကို လက်လှမ်းမှီသလောက် လေ့လာခဲ့ကြတာပါ။

ပထမဆုံးတွေ့ရှိတာက ဦးနှောက်မှာ klotho ဓာတ်နည်းခြင်းဟာ မှတ်ဉာဏ်ချို့ယွင်းမှုနဲ့ သင်ယူနိုင်စွမ်းအားနည်းစေတာလည်း တွေ့ရပြန်တယ်။ ဥိးနှောက်ဆဲလ် ပျက်ဆီးလာလေလေ အိုမင်းရင့်ရော်မှုက ပိုမိုမြန်ဆန်လာလေဖြစ်တယ်။

နောက်တွေ့ရှိချက်တခုက ကလိုသို ပရိုတင်းချို့တဲ့မှုနဲ့ နာတာရှည်ရောဂါဖြစ်ပွားမှုဟာ သေချာပေါက် ဆက်စပ်နေတယ်ဆ်ုတဲ့အချက်ပါ။ အသက်ကြီးလာတာနဲ့ klotho ပမာဏ ကျဆင်းလာပြီး သွေးတိုးဖြစ်ပွားနိုင်ချေပိုလာပါတယ်။ ဒီအချက်နဲ့ ပက်သတ်လ်ု့ ဓာတ်ခွဲခန်းမှာ လေ့လာစမ်းသပ်ကြည့်တယ်။ သွေးပေါင်တက်နေတဲ့သူကို klotho gene ထိုးဆေးပေးကြည့်တဲ့အခါ နှစ်ပတ်အတွင်း သွေးပေါင်စတင်ကျဆင်းလာတယ်။ လေ့လာမှုပြုုလုပ်ခဲ့တဲ့ ၁၂ ပတ်အတွင်း သွေးပေါင်ဟာ နဂိုအနေအထားထိ တဖြည်းဖြည်းကျဆင်းတာကို တွေ့ရပါတယ်။

ကလိုသို မျု်းဗီဇပြောင်းလဲမှု(klotho gene mutation) က လူတွေမှာဖြစ်တဲ့ အိုမင်းရင့်ရော်မှုနဲ့ ဆင်တူနေပါတယ်။ အထူးသဖြင့် ကလိုသို လျှော့ကျလာပြီးနောက်ပိုင်း အရေပြားဆဲလ်တွေ သိသိသာသာ ရှုံ့တွလာတာကို လေ့လာတွေ့ရှိခဲ့ကြတယ်။ ၂၀၀၂ ခုနှစ် လေ့လာမှုအရ klotho မျု်းဗီဇမှာပါတဲ့ KL-VS alleleက ဒီအချက်ကို ဆုံးဖြတ်ပေးတယ်လို့ ဆိုပါတယ်။ အယ်ဇိုင်းမားရောဂါ၊ဆီးချိုရောဂါနဲ့ မျက်လုံးအားနည်းလာတာတွေဟာ KL-VS allele ပြောင်းလဲလာ ကြောင့် ဖြစ်နိုင်ပါတယ်။

၂၀၀၄ ခုနှစ်မှာတော့ လူ့ သွေးရည်ကြည်ထဲမှာပါတဲ့ klotho protein ကို ဆက်လက်လေ့လာခဲ့ပါတယ်။ မွေးကင်းစကနေ အသက်(၉၁)နှစ်အရွယ်အတွင်း အသက်အရွယ်အမျိုးမျု်းရှ်တဲ့ လူပေါင်း (၁၁၂) ယောက်ကို ELISA နည်းပညာနဲ့ စမ်းသပ်ကြည့်တဲ့အခါ အသက်ကြီးရင့်လာတာနဲ့အတူ သွေးတွင်း KL protein ပမာဏလည်း တဖြည်းဖြည်း လျှော့ကျလာတာ တွေ့ရပါတယ်။ ဒီတွေ့ရှိချက်ဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆိးနိုင်တဲ့ ဇီဝကုထုံးအတွက် အထောက်အကူပြုခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ ကလိုသိုဟာ calcium and vitamin D homeostasis ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီအချက်ဟာ အရိုးပွရောဂါကို ကာကွယ်ကုသရာမှာ အရေးပါလာဖွယ်ရှ်တယ်လို့ ပညာရှင်တချို့က သုံးသပ်ကြတယ်။၂၀၀၇ ခုနှစ်မှာတော့ ကလိုသိုနဲ့ insulin ဟော်မုန်းဆက်စပ်မှုက်ုထပ်မံ ဖော်ပြခဲ့ပါတယ်။ insulin ဟော်မုန်းက klotho ထုတ်လုပ်မှုကို မြှင့်တက်စေတယ်လူ့်ဆိုပါတယ်။ ဆီးချူ်ရောဂါနဲ့ ဆက်စပ်နေတဲ့ insulin ရဲ့ အခန်းကဏ္ထကလည်း အရေးပါလာပါတယ်။ ဆီးချု်သမားတွေမှာ အင်စူလင်ထုတ်လုပ်မှု နည်းပါတယ်။ အလားတူ ကလိုသိုထူတ်လုပ်မှုလည်း လျှော့ကျသွားလို့ အသက်တိုတာ ဖြစ်နိုင်ပါတယ်။

နောက်ဆုံးတွေ့ရှိချက်က ကလိုသိုနဲ့ ဗီတာမင် ဒီ ဆက်စပ်မှုပါ။ နေရောင်နဲ့ ထိတွေ့မှုများခြင်းဟာ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နေရောင်ကနေ ဗီတာမင်ဒီဖွဲ့စည်းမှုကို ဖြစိပေါ်စေပါတယ်။ ဗီတာမင်ဒီ များခြင်းဟာ tissue apoptosis(တစ်ရှုးပျက်ဆီးမှု)ကို ဖြစ်ပေါ်စေနိုင်တယ်။ တစ်ရှုးပျက်ဆီးမှုကြောင့် အရေပြားရုန်းဆန့်နိုင်စွမ်း ကျဆင်းလာပြီး အရေပြား တွန့်ခေါက်လာတယ်။ လျှော့တွဲလာတယ်။ ကလိုသိုက ဗီတာမင် ဒီ အလွန်အကျွံဖွဲ့စည်းမှုကို ထိန်းချုပ်ပေးပါတယ်။

ကလိုသိုနဲ့ ဇရာ
klotho က်ု ဘာ့ကြောင့် မအ်ုဆေးအနေနဲ့ ရည်ညွှန်းနေကြသလဲ။ ဓာတ်တ်ုးပျက်ဆီးနိုင်တဲ့ ဆဲလ်တွင်း အဆိပ်အတောက်တွေကို အမြန်ဆုံး ဖယ်ရှားပေးနိုင်လို့ ဖြစ်ပါတယ်။ klotho ဓာတ်မြင့်တက်ခြင်းဟာOxidative stress တွေကို ကောင်းကောင်း ခံနိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် နာတာရှည်ရောဂါ၊ အိုမင်းရင့်ရော်မှုနဲ့ ဦးနှောက်မှတ်ဉာဏ်ချို့တဲ့မှုအတွက် ကလိုသိုက အရေးပါလာတယ်။ ဒါတင်မက ဂရိဒဏ္ဌာရီထဲကလို လူ့သက်တမ်းကိုလည်း ပြုပြင်ပြောင်းလဲနိုင်ဖွယ်ရှိပါတယ်။ လက်ရှိအချိန်မှာ ကလိုသိုရဲ့ဖြစ်တည်မှု၊ ဇီဝကမ္မပြောင်းလဲမှုနဲ့ ဇရာသဘောကို တိတိကျကျ နားမလည်နိုင်သေးပေမယ့် klotho gene ဟာ ဇီဝကုထုံးနယ်ပယ်မှာ အသုံးဝင်တဲ့အဖြေတခု ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

ဒေါက်တာ အေးမင်းထူး

Be the first to comment

Leave a Reply

Your email address will not be published.


*