လမ်းခွဲမယ်ပြောတဲ့ချစ်သူကို နောက်ဆုံးအနမ်းမှာလျှာကိုကိုက်ဖြတ်ပြီးလမ်းခွဲပေးလိုက်တဲ့ ခေတ်သစ်ဒဿလိုမိန်းမ

အမျိုးသမီးတွေဟာ အချစ်ကြီးရင် ယောက်ျားလေးတွေထက် ခံစားချက်ပိုပြင်းထန်ကြပါတယ်။ သူတို့ဟာ တစ်ခါတလေမှာ ချစ်တတ်သလောက်၊တစ်ခါတလေမှာ ယောက်ျားတွေ ထင်မှတ်မထားလောက်အောင်အထိ လက်တုန့်ပြန်တတ်တယ်ဆိုတာ ဒီသတင်းလေးက သက်သေတွေထဲကတစ်ခုဖြစ်ပါလိမ့်မယ်။ အသက်(၂၃)နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦးဟာ ချစ်သူကို သစ်စိမ်းချိုးချိုးပြီး နှစ်ယောက်ကြားက ပတ်သက်မှုဟာ

အခုကစပြီး နိဋ္ဌိတံပြီဖြစ်ကြောင်း သူရဲ့ချစ်သူကို သတိပေးခဲ့ပါတယ်။ အဆိုပါ အမျိုးသားရဲ့နာမည်မှာ Liu လို့သာ အကြမ်းဖျဉ်းသတင်းမှာ ဖော်ပြထားပါတယ်။ လမ်းခွဲခံလိုက်ရတဲ့ ကောင်မလေးအမည်ကတော့ Zhou လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတဲ့

လမ်းသွားလမ်းလာတွေရဲ့ ပြောကြားချက်အရ သူတို့နှစ်ဦးဟာ ချစ်သူဘဝမှာ စိတ်သဘောထားချင်း မတိုက်ဆိုင်နေတာတွေက များနေလို့ ခပကင်းကင်းနေကြကြောင်း၊ ဒီအတွက် Liu က Zhou နဲ့ လမ်းခွဲကြဖို့အကြောင်း တကူးတက ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ Zhou ကလည်း

ပထမတော့ အသည်းအသန်ငိုကြွေးခဲ့ပြီး နောက်တော့ သဘောတူညီပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး နှုတ်ဆက်အနမ်းလေးတော့ ထားခဲ့ါဦးဆိုပြီး Liu ကို မိန်းမ မာယာသုံးပြီး တောင်ပန်ခဲ့ပါတယ်။ Liu ကလည်း Zhou ရဲ့ အကြံအစည်ကို မသိဘဲ … ကောင်းပြီလေလို့ ဆိုကာ နှုတ်

ဆက်အနမ်းကို စတိသဘောပေးဖို့ စိတ်ကူးခဲ့ပါတယ်။ နှစ်ဦးသားဟာ လူသွားလူလာစည်းကားလွန်းတဲ့ လမ်းမအလယ်မှာ နှုတ်ခမ်းချင်းဆက်ပြီးနောက်ဆုံးအနမ်းကို ပယ်ပယ်နယ်နယ် နမ်းခဲ့ကြပါတယ်။ လမ်းသွားလမ်းလာတွေကလည်း အစကတော့ ကြည့်ကောင်းကောင်းကောင်းနဲ့ကြည့်နေခဲ့ပါတယ်။ ဒါပေမယ့် Zhou ဟာ အားလုံးထင်မှတ်မထားတဲ့ အပြုအမူကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ Zhou က Liu ရဲ့ လျှာကို

ကိုက်ဖြတ်ပစ်ခဲ့တာပါ။ ထွက်ပေါ်လာတဲ့ဗွီဒီယိုထဲမှာ Zhou ဟာ ရဲတပ်ဖွဲ့ဝင်တွေ ခွဲထုတ်ဖို့ကြိုစားနေတဲ့ကြားက Liu ရဲ့ လျှာကို မလွှတ်ပါဘူး။Liu ဟာ အလွန်နာကျင်တဲ့ဝေဒနာကြောင့် အသံမပီမသနဲ့ အော်ဟစ်ငိုကြွေးနေပါတယ်။ နောက်ဆုံးတော့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူချင်းခွဲမှုအဆင်ပြေခဲ့ပြီး Zhou ဟာ မြေပြင်ပေါ်မှာပဲ လဲှချပြီး ကြူကြူပါအောင် ငိုကြွေးနေတာကို တွေ့ရမှာပါ။ Liu အတွက် ကံကောင်းတာက ဆေးရုံကို

အချိန်မီပြေးသွားခဲ့ပြီး၊ တစ်ခြားဆိုးဆိုးရွားရွားထိခိုက်သည်အထိ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမယ့် အဲဒီအတောအတွင်းမှာ လျှာက အနာမကျက်သေးသရွေ့တော့ သူ အစာအစားဖို့ ခက်ခဲပါလိမ့်မယ်။ Zhou ရဲ့ မိဘတွေရဲ့အဆိုအရ လွန်ခဲ့တဲ့(၅)နှစ်ကတည်းက သူမဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကို ခံစားနေရပါတယ်လို့ ထွက်ဆိုထားပါတယ်။ Zhou ဟာ Hefei မြို့က ဆေးကုခန်းမှာ စိတ်ပိုင်း ဆိုင်ရာ ကု

သမှုကို ငါးနှစ်တိုင်တိုင် ခံယူခဲ့ပြီး ပျောက်ကင်းခဲ့တယ်လို့လည်း ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုထားပါတယ်။ သူမတို့စုံတွဲဟာ နှစ်ရှည်လများ တွဲခဲ့ကြသူများဖြစ်ပြီး နောက်ပိုင်းမှာ တစ်ဦးနဲ့တစ်ဦး အဆင်မပြေဖြစ်လာခဲ့ပါတယ်။ အခုဖြစ်ရပ်နဲ့ပတ်သက်လို့ ရဲက Zhouကို မည်သို့မည်ပုံ အရေးယူထားတယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*