သားဖြစ်သူရဲ့ မွေးရာပါ အမှတ်ကြီးအတိုင်း မျက်နှာမှာ လိုက်လံခြယ်သခဲ့တဲ့ မိခင်

ကလေးမိခင်တစ်ဦးဟာ သားဖြစ်သူရဲ့ မျက်နှာပေါ်က မွေးရာပါအမှတ်ကြီးအတိုင်း လိုက်လံတုပပြီး မျက်နှာပေါ်မှာ မိတ်ကပ်ခြယ်မှုန်းခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ အခုလိုခြယ်သမှုကြောင့် သားဖြစ်သူက သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာဟာ မိခင်နဲ့တူတယ်ဆိုပြီး ဂုဏ်ယူစေချင်တာကြောင့် ဖြစ်တယ်လို့ ပြောပြပါတယ်။

ကလေးမိခင်တစ်ဦးဟာ သားဖြစ်သူရဲ့ မျက်နှာပေါ်က မွေးရာပါအမှတ်ကြီးအတိုင်း လိုက်လံတုပပြီး မျက်နှာပေါ်မှာ မိတ်ကပ်ခြယ်မှုန်းခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ အခုလိုခြယ်သမှုကြောင့် သားဖြစ်သူက သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာဟာ မိခင်နဲ့တူတယ်ဆိုပြီး ဂုဏ်ယူစေချင်တာကြောင့် ဖြစ်တယ်လို့ ပြောပြပါတယ်။

ကယ်ရိုလိုင်းနားဟာ သူငယ်ချင်းမိတ်ကပ်ပညာရှင် တစ်ယောက်ကိုခေါ်ပြီး အန်ဇိုရဲ့မျက်နှာပေါ်က အမှတ်အတိုင်း သူမမျက်နှာပေါ်မှာ ခြယ်သပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ကယ်ရိုလိုင်းနားဟာ သူမရဲ့အမှတ်ကြီးနဲ့ ပတ်သက်ပြီး လူတွေရဲ့ ထင်မြင်ချက်ကို ပိုပြီးနားလည်နိုင်ဖို့အတွက် တစ်နေ့တာလုံး မိတ်ကပ်လိမ်းခြယ်ခဲ့ပြီး ယင်းမိတ်ကပ်နဲ့ပဲ ရုံးသွားခဲ့ပါတယ်။

ကယ်ရိုလိုင်းနားက “တစ်ခါတစ်လေမှာ လူ့အဖွဲ့အစည်းက အမှတ်ကြီးနဲ့ကျွန်မရဲ့သားကိုသနားစရာ၊ ထိတ်လန့်ကြောက်ရွံ့စရာအဖြစ် မြင်ကြမှာပါ။ ကလေးအနေနဲ့ ဒါကိုလက်သင့်ခံနိုင်ဖို့က မလွယ်ကူပေမယ့် ကျွန်မနဲ့ ကျွန်မအမျိုးသားနှစ်ဦးစလုံးက ကလေးကို သူ့ရုပ်ရည်အတွက် သူကျေနပ်လက်ခံနိုင်ဖို့ပဲ မျှော်လင့်မိပါတယ်။”

“မိတ်ကပ်ကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ပေါ့။ ကလေးမျက်နှာက အမှတ်အတိုင်း တစ်ထေရာတည်းတူအောင် ခြယ်ပေးပါလို့ အကူအညီတောင်းရတာပေါ့။ မိတ်ကပ်လည်းပြီးသွားရော ကိုယ့်ကိုကိုယ် အလှဆုံးလို့ ထင်မိတယ်။” လို့ဆိုပါတယ်။

ဒါ့အပြင် အန်ဇိုဟာ သူ့အမေမျက်နှာမှာ ခြယ်သထားတဲ့ မိတ်ကပ်အမှတ်ကြီးကို မြင်တဲ့အခါ သဘောကျနေခဲ့ပြီး နားမလည်ပေမယ့် ပျော်ရွှင်နေပုံရတယ်လို့ ကယ်ရိုလိုင်းနားက ပြန်လည်ပြောပြပါတယ် ချက်ကြိုးဟာ နှစ်ပတ်တိတိ လည်ပင်းကို ပတ်နေတာကြောင့် ခွဲမွေးခဲ့ရတာဖြစ်ပါတယ်။

အစပိုင်း ကလေးမွေးတုန်းက အန်ဇိုရဲ့မျက်နှာမှာရှိတဲ့ အမဲရောင်တွေဟာ အညစ်အကြေးတွေလို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာမှ အမှတ်ကြီးဖြစ်နေမှန်း သိခဲ့ရပါတယ်။ ဒါပေမယ့် ကလေးဟာ ကျန်းမာပြီး ရောဂါကင်းတာကြောင့် ပျော်ရွှင်ခဲ့ရကြောင်း ကယ်ရိုလိုင်းနားက ပြန်လည်ပြောပြခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*