ချစ်သူLanceနဲ့တရားဝင်လမ်းခွဲပြတ်ဆဲလိုက်ပြီဖြစ်တဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်

သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ အလှမောင် တစ်ယောက်အဖြစ်သာမက သရုပ်ဆောင် တစ် ယောက်အဖြစ်လည်း အနုပညာလောကမှာ ထင်ရှားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။


ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့ LGBT ဖြစ်တည်မှုနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားခဲ့ပြီးသူ့ရဲ့ ပထမအိမ်ထောင် ကွယ်လွန်သွားပြီး ဒုတိယအချစ်နဲ့ ဆုံတွေ့စဉ်မှာလည်း ပရိ သတ်ကို ချပြ ထားခဲ့သူတစ်ယောက် ဖြစ်ပါတယ်။
ဒါပေမယ့် ဒီကနေ့မှာတော့ ဥက္ကာမင်းမောင်က သူနဲ့ (၃) နှစ် နီးပါးလက်တွဲခဲ့တဲ့ချစ်သူLanceနဲ့တရားဝင်လမ်းခွဲပြတ်ဆဲလိုက်ပြီဆိုတဲ့အကြောင်းကိုအခုလိုပဲပြောပြလာပါတယ်။

“…ကျွန်တော် နဲ့ Lance ရဲ့ ဇာတ်လမ်း က အဆုံးသတ်သွားတာ ၂ လလောက်ရှိပါပြီ။ အိမ် လဲပြော င်း ပြီးပါပြီ။ ပရိတ်သတ်တွေက သူ့ပုံမတင်လို့ မေးမေးနေကြလို့ ပထမတော့ ပြတ်ပြီဆိုတဲ့ အ ကြော င်း ဘာမှ မတင်တော့ပဲ ဒီအတိုင်းထားလိုက်မလို့ပါပဲ။
ဒါပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ် နောက်တယောက်နဲ့ စပြီးrelationship ဖြစ်လာခဲ့ ရင်လူတွေကဘယ်အချိန်ထဲကLanceနဲပြတ်သွားတယ်ဆိုတာ မသိခဲ့ရင် ပြောလာကြမယ့် အ တင်းတွေ အဖျင်းတွေ ကောလ ဟာလ တွေ ရင်မဆိုင်ချင်လို့ အခုထဲက ပွင့်ပွင့်လင်းလင်းပြော ထားတာ အကောင်းဆုံးလို့ ထင်တဲ့အတွက် အခု ပြောဖို့ ဆုံးဖြတ်လိုက်တာပါ။


ပြတ်ဆဲခြင်းမှာ ဘယ်သူ့ဘက်ကမှ ဖောက်ပြန်လို့လဲ မဟုတ်ပါ။ အခုလဲ ဘယ်လူ အသစ်မှ မရှိပါ။”“အခုအချိန်မှာ လူအသစ်တွေနဲ့ Date ချင်စိတ်လဲ မရှိပါဘူး။

လူဆိုတာကတော့ ရာသက်ပန် ပေါင်း ချင် တာပဲလေ။ ဖြစ်လာသမျှ အကြောင်းအကောင်းလို့ပဲ သတ်မှတ်ပါတယ်။ တချို့လဲ ကျွန် တော့်ဘဝအကြောင်း သိပြီးသားပါ။

ကျွန်တော့်ဘဝမှာ အဆိုးဆုံးဆိုသော အရာတွေ ကို ဘဝမှာ ကြုံခဲ့ဖူးပြီးတဲ့သူတယောက်အတွက် ချစ်သူနဲ့ ပြတ်တာဟာ မပြောပလောက်တော့ပါဘူး။ ဒီအခို က်အတန့်ကိုတော့ ကျော်ဖြတ်ရမှာပေါ့။စိတ်မကောင်းပေမယ့်ဘာတတ်နိုင်မှာလဲလေ။


အားလုံး Merry Christmas & Happy New Year ပါ။ ကျွန်တော့်အတွက် ကျွန်တော် ဆုတောင်း သ လို အားလုံးကိုလဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံ ကြပါစေလို့ ဆု တောင်းပေးလိုက်ပါတယ်။” …….ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောလာခဲ့ တာပဲဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*