မိဘတွေသတိမထားမိလိုက်ချိန် လမ်းအောက်ရှိရေဆိုးပြွန်ပေါက်ထဲ ကျသွားခဲ့တဲ့ ကလေးငယ် (ရုပ်သံ)

3နှစ်အရွယ်ကလေးငယ်ရဲ့ မမျှော်လင့်ဘဲ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လမ်းအောက်ရှိရေဆိုးပြွန်ပေါက်ထဲ ထိုးကျသွားခဲ့တဲ့အဖြစ်ဟာ လူအတော်အများကို ပိုပြီးစိုးရိမ်စိတ်ဖြစ်စေလျက်ရှိပါတယ် ။

ပြီးခဲ့တဲ့ အပတ်က တရုတ်နိုင်ငံ Zunyi မြို့မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ 3နှစ်အရွယ်ကောင်လေးဟာ အဆိုပါပြိုပျက်နေတဲ့ ရေပိုက်ဆိုးပြွန်ပေါက်ကို ခြေတစ်လှမ်းတက်နင်းမိပြီးနောက် မမျှော်လင့်ဘဲ ရုတ်တရက် ရေဆိုးပြွန်ပေါက်အောက်ဖက်အထိ ထိုးကျသွားခဲ့ပါတယ် ။ ကလေးငယ်ရဲ့ မလှမ်းမကမ်းမှာ အတူလမ်းလျှောက်လာတဲ့ ကလေးမိဘတွေဟာ ကလေးကိုလှမ်းဆွဲလိုက်ဖို့တောင် အချိန်မမှီလိုက်ပါဘူး

အစပိုင်းမှာတော့ ကလေးငယ်ရဲ့ဖခင်ဟာ ရေဆိုးပြွန်ပေါက်ထဲဆင်းပြီး ကလေးကိုဝင်ကယ်ဖို့လုပ်ခဲ့ပေမဲ့လည်း ၊ နောက်ပိုင်း ရေဆိုးပြွန်ပေါက်ထဲ ခေါင်းကိုအရင်ငုံ့ထည့်ပြီး သားငယ်လေးကိုအန္တရာယ်ကင်းစွာဆွဲထုတ်နိုင်ဖို့ကြိုးစားခဲ့ပါတော့တယ် ။ အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့ပေမဲ့ ကလေးငယ်ဟာ ဆိုးဝါးစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုးမရှိကြောင်း သိရှိရပါတယ် ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*