ကွယ်လွန်ခဲ့တာ (၁၁)နှစ်ပြည့်သွားပြီဖြစ်တဲ့ သူငယ်ချင်းဖြစ်သူရှဲဒိုးရဲ့ နှစ်ပတ်လည်နေ့လေးမှာလွမ်းဆွတ်သတိရနေပြီး ဝမ်းနည်းစကားလေးဆိုလာတဲ့ ဝိုင်းချစ်

ပရိသတ်ကြီးရေ.. ဇာတ်သဘင်လောကမှာ နှစ်အတော်ကြာ ရယ်စရာဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားကာ အားလုံးကချစ်ခင်အားပေးခဲ့ကြတဲ့ လူရွှင်တော်အဖွဲ့ဖြစ်တဲ့ ရွှေညီကိုတို့အဖွဲ့ ကို ပရိသတ်တွေ အမှတ်ရနေကြဦးမယ့်လို့ မျှော်လင့်ပါတယ်နော်..။ငြိမ်းချမ်း၊ ဝိုင်းချစ်၊ ရှဲဒိုး၊ ကောင်းကျော်နဲ့ ထက်ထက်တို့ ဝါရင့်လူရွှင်တော်ငါးယောက်နဲ့ ဖွဲ့စည်းထားကြတဲ့”ရွှေညီကိုတို့ အဖွဲ့”ဟာ အငြိမ့်ဇာတ်ခုံတွေပေါ်မှာ ရယ်စရာဟာသလေးတွေနဲ့ဖျော်ဖြေကာ ပရိသတ်တွေရဲ့ဘဝအမောတွေကို ပြေပျောက်စေခဲ့ကြတာလေးတွေကလည်း တကယ်ကို အမှတ်ရစရာလေးပါပဲ..။

“ရွှေညီကိုတို့အဖွဲ့”ဟာ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်တွေအဖြစ်လည်း ပရိသတ်တွေကို သဘောကျစေခဲ့သလို ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို လုပ်ဆောင်နေကြပြီး လူရွှင်တော်ရှဲဒိုးကတော့ လွန်ခဲ့တဲ့ (၁၁)နှစ်က ကွယ်လွန်သွားခဲ့တာပါနော်..။


ကွယ်လွန်ခဲ့တာ (၁၁)နှစ်ပြည့်သွားပြီဖြစ်တဲ့ သူငယ်ချင်းဖြစ်သူရှဲဒိုးရဲ့ နှစ်ပတ်လည်နေ့လေးမှာ ကျန်ရှိနေကြတဲ့ညီအစ်ကိုတွေနဲ့အတူ ဝိုင်းချစ်ကလည်း လွမ်းဆွတ်သတိရနေတဲ့အကြောင်းလေးတွေကို ဝမ်းနည်းစိတ်မကောင်းစွာ ပြောပြလာပါတယ်နော်..။

“သူငယ်ချင်းရှဲဒိုး မင်းငါတို့အားလုံးကိုခွဲခွါသွားတာ ဒီနေ့ဆိုရင်(11)နှစ်ပြည့်သွားပြီ။ ဒါပေမယ့် ငါတို့အားလုံးနဲ့ပရိသတ်များရဲ့ရင်ထဲမှာတော့မင်းကိုအမြဲထာဝရ သတိရနေသလို မင်းရဲ့အနုပညာတွေလည်း အမြဲထာဝရတင်ကျန်နေဆဲပါမင်းရဲ့သူငယ်ချင်း ဝိုင်းချစ်( ရွှေညီကို တို့အဖွဲ့)” ဆိုပြီး သတိတရနဲ့ စိတ်မကောင်းစွာ ရေးသားဖော်ပြထားတာပဲ ဖြစ်ပါတယ်နော်။

ပရိသတ်တွေကလည်း ရှဲဒိုးကို သတိရကြတဲ့အကြောင်းလေးတွေနဲ့ နှစ်အတော်ကြာပေမယ့် သူငယ်ချင်းဖြစ်သလို မမေ့မလျော့ဘဲ သတိရစွာနဲ့ ကွယ်လွန်ခြင်း (၁၁)နှစ်ပြည့် နှစ်ပတ်လည်နေ့လေးမှာလည်း စိတ်မကောင်းစွာ အမှတ်တရစကားလေး ရေးသားလာတဲ့ ဝိုင်းချစ်ကို အားပေးချီးကျူးနေကြတာလည်း တွေ့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*