အချစ်စစ်မှာ မျက်စိမရှိဆိုသလို အချစ်စစ်က ရုပ်ရည်နဲ့ မဆိုင်ကြောင်း သက်သေပြသွားတဲ့ ချစ်သူနှစ်ဦး

အချစ်စစ်ဆိုတာ ရုပ်ရည်နဲ့ မဆိုင်ကြောင်း သက်သေပြသွားတဲ့ ချစ်သူနှစ်ဦး

အချစ်စစ်ဆိုတာကို တကယ်ရှာဖွေတွေ့ရှိသွားသူတွေအတွက်တော့ ရုပ်ရည်၊ ဥစ္စာစည်းစိမ်၊ ဂုဏ်သိမ်ဓန စတဲ့လူမှုရေးဆိုင်ရာ အခြေခံကွဲလွဲမှုတွေကို မျက်လုံးထဲမှာ လုံးဝမမြင်တော့ပါဘူး။ ဒါကြောင့်လည်း အချစ်မှာ မျက်လုံးမရှိဆိုတဲ့ စကားပုံလေး ဖြစ်ပေါ်လာတာ နေမှာပါ။

ဖော်ပြပါဓာတ်ပုံထဲမှာပါတဲ့ အမျိုးသားနဲ့ အမျိူးသမီးကိုတော့ လူတိုင်း မှတ်မိကြပါလိမ့်မယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဟာ ရှားတောင့်ရှားခဲပါဘဲ။ အကြောင်းကတော့ အမျိုးသားက မည်းမည်း၊ အမျိုးသမီးက ဖြူဖြူ ရုပ်ရည်ချင်းလည်း ဆီနဲ့ရေလို ကွားခြားပါတယ်။ အခု သူတို့စုံတွဲဟာ သမီးကလေးတောင် ရထားပြီးနေပါပြီ။

အမျိုးသမီးရဲ့ အမည်ကတော့ Lucy LuvElla ဖြစ်ပြီး၊ သူမရဲ့ Facebook အကောင့်ပေါ်ကနေ သူမတို့ မိသားစုဓာတ်ပုံတွေကို မျှဝေခဲ့တာ လူထောင်ပေါင်းများစွာရဲ့ အားပေးထောက်ခံမှုကို ရခဲ့ပါတယ်။ သူမတို့နှစ်ယောက်ရဲ့ ဓာတ်ပုံတွေ အင်တာနက် လူမှုကွန်ယက်မှာ ပျံ့နှံ့ကာစအချိန်တုန်းက အိမ်နီးချင်းမြန်မာနိုင်ငံမှာတောင် လူမျိုးခြားနဲ့ ချစ်ကြိုက်တဲ့ မြန်မာမလေးဆိုပြီး အဖွခံခဲ့ရပါသေးတယ်။

တကယ်တော့ Lucy နဲ့ သူမရဲ့ လင်တော်မောင် Pen Visa တို့ဟာ ကမ္ဗောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တော်မှာ နေထိုင် ကြသူတွေ ဖြစ်ကြပြီး၊ ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ သူမတို့ မိသားစုလေးဟာ အခုအခါမှာ Ciello’s Beauty & Skincare ဆိုတဲ့ အလှကုန်ပစ္စည်းအရောင်းဆိုင်လေး ဖွင့်လှစ်ထားပြီး၊ အေးချမ်း စွာ ရပ်တည်နေကြတယ်လို့ သိရပါတယ်။

 

 

အခ်စ္စစ္ဆိုတာ ႐ုပ္ရည္နဲ႔ မဆိုင္ေၾကာင္း သက္ေသျပသြားတဲ့ ခ်စ္သူႏွစ္ဦး

အခ်စ္စစ္ဆိုတာကို တကယ္ရွာေဖြေတြ႕ရွိသြားသူေတြအတြက္ေတာ့ ႐ုပ္ရည္၊ ဥစၥာစည္းစိမ္၊ ဂုဏ္သိမ္ဓန စတဲ့လူမႈေရးဆိုင္ရာ အေျခခံကြဲလြဲမႈေတြကို မ်က္လုံးထဲမွာ လုံးဝမျမင္ေတာ့ပါဘူး။ ဒါေၾကာင့္လည္း အခ်စ္မွာ မ်က္လုံးမရွိဆိုတဲ့ စကားပုံေလး ျဖစ္ေပၚလာတာ ေနမွာပါ။

ေဖာ္ျပပါဓာတ္ပုံထဲမွာပါတဲ့ အမ်ိဳးသားနဲ႔ အမ်ိဴးသမီးကိုေတာ့ လူတိုင္း မွတ္မိၾကပါလိမ့္မယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ဟာ ရွားေတာင့္ရွားခဲပါဘဲ။ အေၾကာင္းကေတာ့ အမ်ိဳးသားက မည္းမည္း၊ အမ်ိဳးသမီးက ျဖဴျဖဴ ႐ုပ္ရည္ခ်င္းလည္း ဆီနဲ႔ေရလို ကြားျခားပါတယ္။ အခု သူတို႔စုံတြဲဟာ သမီးကေလးေတာင္ ရထားၿပီးေနပါၿပီ။

အမ်ိဳးသမီးရဲ႕ အမည္ကေတာ့ Lucy LuvElla ျဖစ္ၿပီး၊ သူမရဲ႕ Facebook အေကာင့္ေပၚကေန သူမတို႔ မိသားစုဓာတ္ပုံေတြကို မွ်ေဝခဲ့တာ လူေထာင္ေပါင္းမ်ားစြာရဲ႕ အားေပးေထာက္ခံမႈကို ရခဲ့ပါတယ္။ သူမတို႔ႏွစ္ေယာက္ရဲ႕ ဓာတ္ပုံေတြ အင္တာနက္ လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔ကာစအခ်ိန္တုန္းက အိမ္နီးခ်င္းျမန္မာႏိုင္ငံမွာေတာင္ လူမ်ိဳးျခားနဲ႔ ခ်စ္ႀကိဳက္တဲ့ ျမန္မာမေလးဆိုၿပီး အဖြခံခဲ့ရပါေသးတယ္။

 


တကယ္ေတာ့ Lucy နဲ႔ သူမရဲ႕ လင္ေတာ္ေမာင္ Pen Visa တို႔ဟာ ကေမၺာဒီးယားႏိုင္ငံ၊ ဖႏြမ္ပင္ၿမိဳ႕ေတာ္မွာ ေနထိုင္ ၾကသူေတြ ျဖစ္ၾကၿပီး၊ ေထရဝါဒဗုဒၶဘာသာကို ကိုးကြယ္ၾကသူေတြ ျဖစ္တယ္လို႔ သိရပါတယ္။ သူမတို႔ မိသားစုေလးဟာ အခုအခါမွာ Ciello’s Beauty & Skincare ဆိုတဲ့ အလွကုန္ပစၥည္းအေရာင္းဆိုင္ေလး ဖြင့္လွစ္ထားၿပီး၊ ေအးခ်မ္း စြာ ရပ္တည္ေနၾကတယ္လို႔ သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*