အဖမ်းခံရတဲ့သတင်းကို tv ကနေမြင်မှ ဇနီးက ပြည့်တန်ဆာဆိုတာ သိခဲ့ရတဲ့ခင်ပွန်းသည်အဖြစ်

အဖမ်းခံရတဲ့သတင်းကို tv ကနေမြင်မှ ဇနီးက ပြည့်တန်ဆာဆိုတာ သိခဲ့ရတဲ့ခင်ပွန်းသည်အဖြစ်

Igor Alexeev လို့ အမည်ရတဲ့ အမျိုးသားဟာ သူရဲ့ဇနီးသည်ကို ဒီအတိုင်း သာမန်အမျိုးသမီးတစ်ယောက်အဖြစ်သာ လက်ထပ်တဲ့ ကာလတစ်လျှောက်လုံး ထင်မှတ်နေခဲ့ပါတယ်။ ဇနီးသည် Maria Alexeev ကလည်း သူမရဲ့ ဘဝအမှန်ကို လုံး၀ ဖုန်းကွယ်ထားပြီး၊ ခင်ပွန်းသည်ရဲ့ရှေ့မှာ ပိရိစွာ ဖြတ်သန်းခဲ့ပါတယ်။

 

ဒါပေမယ့် ဒီဖုံးကွယ်မှုကို Igor က သိရှိသွားခဲ့ပါတယ်။ တီဗွီမှာ လာတဲ့သတင်းတစ်ခုထဲမှာ ရဲတပ်ဖွဲ့က ပြည့်တန်ဆာနေအိမ်ကို ဝင်စီးစဉ် ဇနီးသည် Maria လည်း အဖမ်းခံခဲ့ရတယ်ဆိုတာကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး၊ ပေါက်ကွဲခြင်း၊ ယူကြုံးမရ ဖြစ်ခြင်းတွေနဲ့ ဂဏှာမငြိမ် ဖြစ်ခဲ့ရပါတယ်။

Igor တို့ လင်မယားနှစ်ယောက်ဟာ ရုရှနိုင်ငံ Ufa, Bashkortostan မှာ နေထိုင်ကြပါတယ်။ ဒီသတင်းကို ကြည့်ကြည့်ပြီးချင်း ကိုယ့်မျက်စိကိုယ် မယုံနိုင်ဖြစ်ကာ အင်တာနက်မှာ မွှေနှောက်ရှာဖွေခဲ့ပါသေးတယ်။ ပိုပြီး ခိုင်မာသွားခဲ့ပါတယ်။ အင်တာနက်ပေါ်မှာ သူရဲ့ ဇနီးသည်ဟာ ပြည့်တန်ဆာအလုပ်ကို ပရော်ဖက်ရှင်နယ်အလုပ်အဖြစ် လုပ်ကိုင်နေပါတယ်။

သူရဲ့ဇနီးသည် Maria ဟာ အင်တာနက်ပေါ်မှာ ထွက်ရှိတဲ့ စာရင်းအရ တစ်ညကို ပေါင် 200 အထိ ဈေးကြီးပေး ပျော်ပါးရတဲ့ ပြည့်တန်ဆာတစ်ယောက်ဆိုတာကိုပါ သိခဲ့ရပါတယ်။ အခုအခါမှာ တရားရုံးမှာ သမီးကို ဇနီးသည်က တွေ့ခွင့်တောင်းရင် ခွင့်မပြုဖို့ Igor က ကာကွယ်လိုနေပြီး၊ ဒါဟာ သမီးဖြစ်သူက သူ့ရဲ့အမေကို ဒီလိုအခြေအနေမှာတွေ့ရရင် ကြောက်လန့်သွားလိမ့်မယ်လို့ ဖခင်က ယူဆထားလို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဇနီးဖြစ်သူ Maria က သူမ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရခြင်းမှာ Igor က မိသားစုကို ငွေကြေးအရ ထောက်ပံ့ခြင်းမရှိတဲ့အတွက် သမီးရဲ့ ရှေ့ရေးကို တွက်ဆပြီး အခုလို လုပ်ကိုင်ရခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ လောလောဆယ် တရားရုံးက သမီးဖြစ်သူကို Igor ကိုသာ စောင့်ရှောက်ခွင့် ပေးထားပြီး၊ ဇနီးသည် Maria ကတော့ တရားရင်ဆိုင်နေရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*