CDC ( Center of Disease Control) ရဲ့ guideline တွေအရ ဘယ်သူတွေကို Q ဝင်ခိုင်းသင့်သလဲ ?

ဒီ US မှာ Covid-19 ကတဖြည်းဖြည်းနဲ့နည်းလာချိန်မှာကိုယ့်မြန်မာပြည်က Case တွေပိုပိုများလာနေလို့စိုးရိမ်မိတယ်။လူတွေအစုလိုက်အပြုံလိုက် Quarantine ဝင်ခိုင်းနေတာလည်းသတင်းတွေထဲမှာဖတ်နေရပါတယ်။
ဒါကြောင့်CDC ( Center of Disease Control) ရဲ့ guideline တွေနဲ့အချက်အလက်တွေကိုကိုးကားပြီး အကျိုးရှိမယ်ထင်တာလေးတွေဝေမျှလိုက်ပါတယ်။

၁.ဘယ်သူတွေကို Q ဝင်ခိုင်းရမှာလဲ
Covid-19 positive ရှိတဲ့လူနဲ့ Close contact (အနီးကပ်ထိတွေ့မှုရှိတဲ့သူ)တွေပါ . Close contact (အနီးကပ်ထိတွေ့မှုရှိသူ)ဆိုတာကိုဘယ်လိုသတ်မှတ်လဲ
၁)Covid-19 ပိုးရှိတဲ့သူနဲ​ ၆ ပေအကွာလောက်မှာအနည်းဆုံး ၁၅ မိနစ်နှင့်အထက်ရှိခဲ့ဖူးသူ
၂) ပိုးရှိလူနာကိုအနီးကပ်ပြုစုခဲ့သူကုသခဲ့သူ
၃) ပိုးရှိလူနာနဲ့အနီးကပ်ဖက်လှဲတကင်းထိတွေ့ခဲ့သူခန္ဓာကိုယ်ချင်းထိတွေ့ခဲ့သူ
၄)ပိုးရှိလူနာနှင့်ပန်းကန်ခွက်ရောက်အတူတူသုံးမိသူ
၅) ပိုးရှိသူရဲ့နှာစေးချောင်းဆိုးရာကထွက်လာတဲ့တံတွေးနှာရည်အမှုန်အမွှားကိုရှူမိသူအစင်ခံရသူ

​အဲဒီလူတွေကိုဘဲ Close contact (အနီးကပ်ထိတွေ့မှုရှိသူ)အဖြစ်သတ်မှတ်ပြီး Q ၁၄ ရက်ဝင်ခိုင်းတာပါ
ဆိုလိုတာကလူနာနားကဖြတ်လျှောက်သွားမိရုံနဲ့တရုံးထဲတနေရာထဲအလုပ်လုပ်မိရုံနဲ့ လမ်းမှာနှုတ်ဆက်ပြုံးပြ သွားမိရုံနဲ့close contact လို့မသတ်မှတ်သလို Q ဝင်စရာမလိုပါဘူး
မလိုအပ်ဘဲ Q ဝင်ခိုင်းတာကောင်းကျိုးထက်ဆိုးကျိုးကိုပိုဖြစ်စေတယ်လို့ထင်ပါတယ်
ဘာလို့လဲဆိုတော့အိမ်မှာ Q ဝင်ခိုင်းတာမဟုတ်တဲ့အတွက်တကယ်မထိတွေ့ခဲ့တဲ့လူတွေကို Q ဝင်ခိုင်းရင်တကယ့်ထိတွေ့ခဲ့တဲ့သူတွေဆီကနေပြန်ပြီးပိုးကူးမှာစိုးရိမ်ရပါတယ်။

photo mizzima

အထူးသဖြင့်မြန်မာပြည်လိုမပြည့်စုံတဲ့နိုင်ငံမှာမလိုအပ်ဘဲသိမ်းကြုံးပြီးQ ဝင်ခိုင်းတာ positive လူနာတိုင်းကို ဆေးရုံတက်ခိုင်းတာအစပိုင်းလူ၁၀၀ ၂၀၀ လောက်မှာတုန်း ပြဿနာမဟုတ်ပေမယ့် အခု positive လူနာ ထောင်နဲ့ချီလာတဲ့အခါမှာ နဂိုကမှရှားပါးတဲ့ကျန်းမာရေးဝန် ထမ်းတွေ ကုသရေးဆိုင်ရာ facilities တွေကိုဖြုန်းတီးသလိုဖြစ်စေပါတယ် အခုပြောနေကျသလိုမလိုအပ် ဘဲထိတွေ့မိလို့ရှိသမျှဆေးဝန်ထမ်းတွေ Q ဝင်နေတာနဲ့နောက်ဆုံးလူနာတွေဘဲဆေးရုံမှာကျန်နေပြီးကုသမဲ့ဆရာဝန်တွေကျန်းမာရေးဝန်ထမ်းတွေမရှိဘဲဖြစ်သွားမှာတောင်စိုးရိမ်နေရပါတယ်
ဒါကြောင့်အခု covid -19 Quarantine အပိုင်းရော ကုသရေးအပိုင်းနဲ့ရော policy ပြောင်းဖို့ campaign လုပ်နေတာတွေကတကယ်ဖြစ်သင့်ပါတယ်
အကောင်းဆုံးကတော့ဒီမှာလို close contact suspect ( ပိုးရှိသူနဲ့ထိတွေ့တယ်လို့သံသယရှိသူ) တွေကိုပိုးအတွက် swab ယူပြီးတာနဲ့အဖြေမထွက်မချင်းအိမ်မှာဘဲနေခိုင်းပါ Q လုပ်ခိုင်းပါ)ကျန်တဲ့အိမ်သားတွေနဲ့အတူတူပေါ့ negative ဆိုရင် Q 14 ရက်ပြည့်တာနဲ့ clearance ပေးပြီး အလုပ်ပြန်ဝင်ပေါ့ positive ဆိုရင်အိမ်မှာဆက်နေခိုင်းပြီးဖုန်းနဲ့ကု ရောဂါလက္ခဏာဆိုးလာမှ ဆေးရုံတင်စေချင်တယ်
အရင်ကပြောခဲ့သလိုဘဲ ကျွန်မတို့ဆေးရုံဆေးခန်းမှာဆို Close contact တိုင်းကိုတောင်ဆေးစစ်ပေးတာမဟုတ်ဘူးလေ ရောဂါလက္ခဏာပြမှစစ်တာ ကျန်းမာရေးဝန်ထမ်းတွေကလွဲလို့ပေါ့
စစ်လို့ အဖြေကpositive ဖြစ်ရင် အိမ်မှာဘဲ Isolation ၁၄ ရက်( အိမ်သားတွေနဲ့သက်သက်အခန်းခွဲနေခိုင်းတယ်) Negative ဖြစ်ရင် Q ၁၄ ရက် အိမ်မှာနေခိုင်းတယ်
ပြီးရင် positive သမားက ရောဂါလက္ခဏာပြရင်လည်းကိစ္စမရှိဘူးရိုးရိုး ချောင်းဆိုးပျောက်ဆေး အဖျားကျဆေးပေးတယ် မသက်သာရင်ဆေးရုံသွားခိုင်းတယ်
ပြီးရင် positive သမားလူနာတွေကို repeat test ပြန်မစစ်ပေးပါဘူး..
ဘာလို့လဲဆိုတော့ တချို့ covid -19 positive လူနာတွေမှာ ၃ လလောက်ထိ test က positive ပြနိုင်သေးလို့ပါ..
ဒါပေမယ့်လေ့လာတွေ့ရှိချက်တွေအရက positive လူနာတွေကရောဂါလက္ခဏာပြပြီး ၁၀ ရက်ကျော်သွားရင် (သို့မဟုတ်)positive test ဖြစ်ပြီး ၁၀ ရက်ကျော်သွားရင်တခြားသူတွေကို ပိုးကူးစက်နိုင်ခြေမရှိတော့ ဘူး၊


Test က ပြန်စစ်ရင် positive ဆက်ဖြစ်နေသေးတာကနှာခေါင်းထဲအသက်ရှုလမ်းကြောင်းထဲမှာ ပိုးရဲ့ဇီဝဓာတ်( protein) လေးတွေကျန်နေသေးလို့ပါ.
ဒါပေမယ့် viral load (ပိုးပမာဏ) ကကူးစက်နိုင်လောက်အောင်မများတော့ဘူး ဒါကြောင့်contagious (ပိုးကူးစက်မှု)မဖြစ်တော့ဘူး
ဒါကြောင့် CDC က positive ဖြစ်တဲ့ပြင်ပကုလူနာတွေကို နည်းလမ်း၂ ခုနဲ့ အလုပ်ပြန်သွားလို့ရအောင်
1. Test based strategy ( ပိုးနှစ်ခါပြန်စစ်လို့ negative ဖြစ်ရမယ်) ဆိုတာထက်
2. Symptoms based strategy( ရောဂါလက္ခဏာကိုအခြေခံသောနည်း) နဲ့
3. Time based strategy( အချိန်ကာလကိုအခြေခံတဲ့ နည်း) နဲ့လူနာတွေကို clear လုပ်ပြီးအလုပ်ပြန်ဝင်လို့ရအောင် Guideline ပေးထားတယ်
2. Symptoms based strategy အရရောဂါလက္ခဏာပြပြီးလို့ ၁၀ ရက်ကျော်လို့အဖျားကျဆေးမသောက်ဘဲအဖျားမရှိတာ ၂၄ နာရီကျော်ရင် ရောဂါ လက္ခဏာသက်သာလာရင်( အရှင်းပျောက်စရာမလိုဘူးနော်) ကျွန်မတို့ဆရာဝန်တွေ return to work note ပေးပြီး clearance ပေးရပါတယ် ဒါဆို အလုပ်ပြန်ဝင်လို့ရပါပြီ
3. Time based strategy အရကတော့ positive ဖြစ်ပြီးလို့ရောဂါလက္ခဏာမပြတဲ့လူတွေအတွက်အဓိကပါ သူတို့လည်း Test positive ဖြစ်ပြီး ၁၀ ရက်ကျော်ရင် clearance ပေးလို့ရပါပြီ
ရောဂါပြင်းလို့ဆေးရုံတက်ပြီးဆင်းလာတဲ့သူတွေကတော့ ရက် ၂၀ ကျော်မှ clearance ပေးပါတယ်
အဓိကပြောချင်တာ အခုအခြအနေအရ case တွေထောင်ချီလာပြီဆိုတော့ပိုများလာဖို့ဘဲရှိပါတယ်သေနှုန်းတွေကလည်းများလာပါပြီ
ကာကွယ်ရေးတာအပိုင်းထက်ကုသရေးကိုဦးစားပေးရတော့မှာပါ
ဒီ US မှာလောက်ဆေးရုံဆရာဝန်ဆေးဝါးပြည့်စုံတာတောင် positive လူနာတိုင်းကိုဆေးရုံတင်ပြီးမကုနိုင်ပါဘူးဒါကြောင့် strategy ပြောင်းရတော့မှာပါ ၊

အကျဉ်းချုပ်ပြောရရင်
***close contact တကယ်ဖြစ်မဖြစ်သေချာစိစစ်ပါပြီးမှ Q လုပ်ခိုင်းပါ
*** Test အဖြေထွက်တဲ့အထိအိမ်မှာဘဲ Q လုပ်ပါ
*** positive ဖြစ်ရင်လည်းအိမ်မှာဘဲ isolation လုပ်ပြီး telemedicine နဲ့ကုသပါ ရောဂါဆိုးမှဆေးရုံတင်ပါ
*** ဒါမှမဟုတ် positive ဖြစ်ပြီးသားရောဂါမပြင်းတဲ့လူနာတွေကို ရဲ့ retest ပြန်မလုပ်ဘဲtest & symptoms based strategy နဲ့ဘဲလူနာတွေကိုclearance လုပ်ပြီးဆေးရုံဆင်းခိုင်းပါ
ဒါမှမလိုအပ်ဘဲလူနာတွေဆေးရုံမှာသောင်တင်မနေဘဲရောဂါပြင်းထန်တဲ့လူတွေကိုဦးစားပေးကုပေးနိုင်မှာပါ
*** retest လုပ်မဲ့အစား အဲဒီ test resource တွေကိုQ လုပ်ခံထားရတဲ့လူနာတွေကိုဘဲဦးစားပေးစစ်ပါ ဒါမှ contact tracing ပိုလုပ်နိုင်မှာပါ
ဒီလိုမှမဟုတ်ရင်တော့ဝန်နဲ့အားမမျှဘဲစစ်မရောက်ခင်မြားကုန်ပြီးကျန်တဲ့နိုင်ငံတွေလိုအသက်ဆုံးရှုံးမှူများပြီးနိုင်ငံအတွက်တကယ်စိုးရိမ်ရတဲ့အနေအထားရောက်သွားနိုင်ပါတယ်
Covid -19 ကြီးမြန်မာပြည်မှမြန်မြန်ပျောက်ကွယ်သွားနိုင်ပါစေ

မေတ္တာဖြင့်
ဒေါက်တာမေသူလင်း

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*