Online ချစ်သူကိုတွေ့ဖို့ နယ်စပ်စည်းကနေ ခိုးထွက်ဖို့ လုပ်နေတုန်း အဖမ်းခံခဲ့ရတဲ့ အမျိုးသား

အချစ်ဆိုတာ မျက်ကန်းတစ္ဆေလိုပါပဲ။ အချစ်ကြောင့်ပဲ လူတော်တော်များများ ဒုက္ခရောက်ခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့သလို တစ်ချိုးဆိုရင် ဒီအချစ်အတွက်ပဲ အသက်ပါပေးဆပ်သွားခဲ့ကြပါတယ်။ အခုလည်း အိန္ဒိယနိုင်ငံက အမျိုးသားတစ်ယောက်ဟာ ဆိုရှယ်မီဒီယာသုံးရင် Online ပေါ်ကနေရခဲ့တဲ့ Online ချစ်သူကို သွားရောက်တွေ့ဆုံဖို့ အိန္ဒိယနယ်စပ်ကို ခိုးဖြတ်နေတုန်း အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။


Bollywood မင်းသားကြီး Abhishek Bachchan နဲ့ မင်းသမီး Kareena Kapoor Khan သရုပ်ဆောင်ထားတဲ့ Refugee အမည်ရတဲ့ ဇာတ်ကားကို လူတော်တော်များများ ကြားဖူးကြမှာပါ။ မင်းသားက ပါကစ္စတန်နိုင်ငံထဲမှာရှိတဲ့ မင်းသမီးကို သွားရောက်တွေ့ဆုံဖို့ ကြိုးစားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။

အခုလည်း အသက် (၂၁) နှစ် အရွယ်ရှိ Maharashtra ပြည်နယ်မှာနေတဲ့ အင်ဂျင်နီယာကျောင်းသားတစ်ဦးဖြစ်တဲ့ Zeeshan Siddique လည်း အဲဒီဇာတ်ကားကို တော်တော်ကြိုက်ခဲ့တဲ့ပုံပါပဲ။ ပါကစ္စတန်နိုင်ငံထဲမှာရှိတဲ့ Online ချစ်သူကောင်မလေးကို သွားရောက်တွေ့ဆုံဖို့ နယ်စပ်ကို ခိုးဖြတ်နေတဲ့အချိန် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့မိတာ ဖြစ်ပါတယ်။

“Zeeshan ကိုအခု ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ပါပြီ။ လွန်ခဲ့တဲ့ ကြာသာပတေးနေ့(၁၆.၇.၂၀၂၀)ညတုန်းက Dholavira ရွာနားမှာ စွန့်ပစ်ထားတဲ့ မော်တော်ဆိုင်ကယ်တစ်စီးတွေ့တယ်လို့ ပြည်သူတွေဆီက သတင်းရထားတာ ရှိပါတယ်။ အဲဒီဆိုင်ကယ်က Maharashtra ပြည်နယ် မှတ်ပုံတင်နဲ့လို့တော့ ပြောတယ်။ ဒါ့ကြောင့် ဒီရက်ပိုင်း နယ်စပ်စောင့်တပ်တွေကို သတိထားပြီး ပြည်တွင်းကနေ ခိုးထွက်တဲ့ လူရှိမရှိ စောင့်ကြပ်ခိုင်းထားတာ။ ဒီလိုနဲ့ နောက်တစ်ရက်မှာပဲ နယ်စပ်စည်းမျဉ်းကနေ ခိုးထွက်ဖို့ လုပ်နေတဲ့ Zeeshan ကို ဖမ်းခဲ့မိတာပါ။ ကိုယ့်နိုင်ငံဘက် အခြမ်းမှာပဲ ဖမ်းဆီးရမိခဲ့လို့ တော်တော်ကံကောင်းပါတယ်။ ဟိုဘက်ထဲ ရောက်ပြီးမှ ဖမ်းမိခဲ့ရင် Zeeshan တစ်ယောက် လွယ်မှာ မဟုတ်ဘူး” လို့ အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့မှ ရဲအရာရှိ Parikshita Rathod က ပြောကြားခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*