ဒေါ်လာသန်း(၁၈၀)ဆုကြေးငွေထုတ်ပြီး သမက်လောင်းရှာနေတဲ့ ဘီလီယံနာသူဌေးကြီး

သမီးဖြစ်သူကို လက်ထပ်မယ့် ဘယ်လိုအမျိုးသားကိုမဆို အမေရိကန်ဒေါ်လာ သန်း(၁၈၀)ပေးမယ်လို့ ဟောင်ကောင်အိမ်ခြံမြေဘီလီယံနာသူဌေးကြီး Cecil Chao ကကမ်းလှမ်းထားပါတယ်။သူဌေးသမီးကိုလက်ထပ်ပေးရုံနဲ့ ဒီငွေတွေကို အလွယ်လေးရလိမ့်မယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ဒီကိစ္စဟာထင်သေ လာက်တော့ မလွယ်ပါဘူး။သူဌေးကြီးရဲ့သမီးဖြစ်သူGigi Chao ဟာလည်း လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပေမယ့် သူမဟာ ယောက်ျားတွေကို စိတ်မဝင်စား တဲ့ မိန်းမအချင်းချင်းစုံမက်သူတစ်ယောက်ပါ။

Gigi Chao က သူမရဲ့အကြောင်းကို ဖုံးကွယ်ထားလိုစိတ်နည်းနည်းလေးမှ မရှိပါဘူး။မိန်းမချင်းကြိုက်တဲ့ သမီးဖြစ်သူကြောင့် စိတ်ညစ်နေရတဲ့ သူဌေးကြီးက သမီးဖြစ်သူကို လက်ထပ်မယ့် တရုတ်အမျိုးသားဘယ်သူ့ကိုမဆို အမေရိ ကန်ဒေါ် လာသန်း (၆၀၀)ပေးမယ်လို့ (၂၀၁၂)စက်တင်ဘာလက ကမ်းလှမ်းေ ကြညာ ချက်ထုတ်ခဲ့ပါတယ်။Gigi ဟာတကယ်တော့ သူမရဲ့အမျိုးသမီးလက် တွဲဖော် Sean Eav နဲ့(အမျိုးသမီးအချင်းချင်း)လက်ထပ်ထား တာ(၉)နှစ်ေ လာက်ရှိပါပြီ။ သမီးဖြစ်သူကို ဒီလိုအခြေအနေနဲ့မမြင်ချင်တာကြောင့် သူ့သမီးကို “မိန်းမစိတ်” ဝင်လာအောင် လုပ်ပေးနိုင်မယ့်သူကိုရှာနေတာဖြစ်ပါတယ်။ (၂၀၁၄) မှာတော့ သန်း(၁၂၀)နဲ့ အခုတော့ သန်း(၁၈၀)အထိကြေးမြှင့်လိုက်တာဖြစ်ပါ တယ်။

ဒီကမ်းလှမ်းချက်ကို စိတ်ပါဝင်စားကြတဲ့ အမျိုးသား(၂)သောင်းက သူမရဲ့စိတ် ကိုပြောင်းလဲနိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ လက်လျှော့ ခဲ့ကြပါတယ်။Gigi ကတော့ သူမအဖေက သူမရဲ့လက်ရှိအခြေအနေကို လက်ခံပေးပြီး ယောက်ျားပေးစားကာ အတင်းမိန်းမစိတ်ပြောင်း လာအောင် ကြိုးစားမယ့်အစီ အစဉ်ကို လက်လျှော့စေချင်နေပါတယ်။

(၂၀၁၂)ခုနှစ်ကထုတ် လိုက်တဲ့ ဖခင်ဖြစ်သူရဲ့ သမက်လောင်းရှာပုံတော် ဆုကြေးငွေကြောင့် နိုင်ငံ တကာရဲ့ အာရုံစိုက်ခံခဲ့ရတဲ့သူမကလည်း လက် တွဲဖော် Sean Eav နဲ့လက် ထပ်ထားတာ(၉)နှစ်ရှိနေပြီဖြစ်ကြောင်း၊ပြင်သစ် မှာ လက်ထပ်ခဲ့တာဖြစ်တယ်လို့ လူထုကိုတရားဝင်ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဖေဖြစ်သူ သူဌေးကြီး Cecil Chao က သမီးဖြစ်သူကို မိန်းကလေး အဖြစ်အိမ်ထောင်ပြု ကလေးေ မွးစေချင်နေပြီး အမွေဆက်ခံ မယ့် မြေးလေးတွေ လိုချင်နေတာဖြစ်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*