
ကြောင်လေးတွေဟာ အတော် များများကတော့ တစ်ရက်မှာ တော့ 4,5 ခါလောက် တရေးတမောအိပ်တတ်ကြတာဘဲ ဖြစ်ပါတယ်နော်။
သို့ပေမဲ့ လည်း ဒီတစ်ခေါက်မှာ ဖော်ပြ ပေးမဲ့ ကြောင်လေးကတော့ ကြံကြံ ဖန်ဖန်ဘဲ ကြက် အသိုက်ထဲက ကြက်ဥ တွေပေါ် ဝင်အိပ်ခဲ့ပါတယ်နော်။ ကြက်မကြီးရောက်လာခဲ့ချိန်ကျမှ
နှိုးထ လာခဲ့တဲ့ ကြောင်လေးကိုတော့ ဥတွေ ဖျက်ဆီးမဲ့သူ မဟုတ်မှန်းသိတာ ကြောင့် ကြက်မကြီးဟာ သိနေတော့ ရန်မမူခဲ့ပါဘူးတဲ့။ ကြက်မကြီး ရန်မမူမှန်း သိတော့ နောက်ပိုင်းမှာ
ကြောင်လေးဟာ ခဏခဏ နွေးနွေးထွေးထွေးရှိတဲ့ ကြက်အသိုက်ထဲ ဝင်အိပ်နေခဲ့တာကြောင့် အခုဆိုရင်တော့ ကြက်ပေါက်စလေးတွေရဲ့ မေမေ ဖြစ်နေပါပြီနော်။
ဘာလို့ဆို ကြက်ကလေးတွေက မိခင်နောက်မလိုက်ဘဲ ကြောင်လေးရဲ့နောက်ကို တကောက်ကောက်လိုက်နေကြလို့ဘဲ ဖြစ်ပါတယ်တဲ့။
Leave a Reply