ရုတ်တရက် မျက်နှာတစ်ခြမ်း လေဖြန်းသွားတဲ့ အတွက် မုံရွာဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ ဦးမိုးကျော်

ပရိသတ်တွေကို ဟာဒယ ရွှင်ဆေးတွေ အမြဲတိုက်ကျွေးခဲ့ပြီး သူတို့ချစ်တဲ့ အနုပညာနဲ့နှစ်ပေါင်း များစွာ ပေးဆပ် ခဲ့ကြတဲ့ ဆိုနီ မိုးကျော် ဆိုတဲ့ လူရွှင်တော်ကြီး နှစ်ယောက်ကို ပရိသတ်တွေလည်း သိမှာပါ ။ (၄၁) နှစ်တာ အတွဲညီညီ ပရိသတ် တွေကို ဖျော်ဖြေခဲ့ကြတဲ့ ဝါရင့် လူရွှင်တော် ကြီးတွေဖြစ်ပြီး ဦးဆိုနီ ကတော့ (၂၀၀၉) ခုနှစ် အောက်တိုဘာလ မှာ ဦးနှောက်သွေး ကြောပြတ်ပြီး ကွယ်လွန်သွား ခဲ့ပါတယ် ။

ဒီနေ့မှာတော့ မုံရွာမြို့ကို ခေတ္တရောက် ရှိနေတဲ့ ဟာသလူရွှင်တော်ကြီး ဦးမိုးကျော် ဒီဇင်ဘာလ (၂၄) နံနက်ပိုင်းက မျက်နှာတစ်ခြမ်း လေဖြန်းသွားတဲ့ အတွက် မုံရွာဆေး ရုံးကြီးသို့ တင်ပို့ထား ရတယ်လို့ သိရပါတယ် ။ ဒီနေ့ ညနေပိုင်းမှာတော့ ကျောက်ပန်တောင်းမှာ နေထိုင်တဲ့ ဦးမိုးကျော်ရဲ့သမီးက ကျောက်ပန်းတောင်းကို လာရောက် ခေါ်ဆောင်မှာ ဖြစ်တယ်လို့လည်း လူရွှင်တော် ဦးကောင်းကျော်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ တဆင့် ပရိသတ်တွေကို အသိပေးလာ ခဲ့ပါတယ် ။

ဆိုနီ မိုးကျော် အတွဲကို အားပေးချစ်ခင် ခဲ့ကြတဲ့ ပရိသတ်ကြီးကတော့ ဦးမိုးကျော် တစ်ယောက် အမြန်ဆုံး ကျန်းမာပါစေ ဆိုတဲ့ ဆုမွန်ကောင်းတွေ ပေးခဲ့ကြတယ် ။ ပရိသတ်ချစ်တဲ့ ဝါရင့်လူရွှင်တော် ဦးမိုးကျော် တစ်ယောက် စိတ်ပူနေတဲ့ ပရိသတ်တွေ အတွက် အမြန်ဆုံး ကျန်းမာလာဖို့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်နော် ။

Be the first to comment

Leave a Reply

Your email address will not be published.


*