
၀န်ထမ်းတော်တော်များများကတော့ အလုပ်တစ်ခုကို လျှောက်တော့မယ်ဆိုရင် လစာဘယ်လောက်ပေးလဲဆိုတာကို အဓိကထားကြည့်တတ်ပါတယ်။ဒီကုမ္ပဏီမှာ ဘယ်လိုမျိုးအပိုဆုကြေးပေးတဲ့ရာဇဝင်ရှိတယ်၊ဝန်ထမ်းတွေကို ဘယ်လိုကူညီတတ်လဲ၊သူဌေးကဘယ်လိုလူစားမျိုးလဲ အစရှိတာတွေကို စုံစမ်းတဲ့သူရှားပါတယ်။အခုလည်း တရုတ်နိုင်ငံရှိကုမ္ပဏီတစ်ခုက သူဌေးဟာ သူ့ဝန်ထမ်းတွေကို နှစ်တစ်နှစ်ကုန်တိုင်း နွမ်းပါးတဲ့ ဝန်ထမ်းတွေကို အိမ်တစ်လုံးဝယ်ပေးလေ့ရှိတယ်လို့ သိရှိရပါတယ်။
တရုတ်နိုင်ငံ၊ Guangdong မြို့ရှိ Anyu Industry ဟာ စက်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ဒီကုမ္ပဏီရဲ့ သူဌေးဖြစ်သူ Zhongming Yu ဟာ နှစ်စဉ် နေစရာအိမ်လိုအပ်တဲ့ ဝန်ထမ်းတွေအတွက် ပျမ်ူမျှမြန်မာငွေသိန်း(၃၅၀၀၀)ကျော်ကုန်ကျခံပြီး အိမ်ဝယ်ဝယ်ပေးလေ့ရှိကြောင်း Sin Chewသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
ဒီလိုဝယ်ပေးခြင်းဟာလည်း မိသားစုအတွင်း နေစရာနေရာ ပြဿနာတွေမရှိအောင်လို့ စီစဉ်ပေးတာဖြစ်ကြောင်း သိရပါတယ်။ဒီလိုအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တာ (၂၀၁၅)ကတည်းကဖြစ်ပြီး အခုလို (၅)နှစ်နီးပါးရှိပြီဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
“ကျွန်ျတာ်ဒီစိတ်ကူးလေးကို အကောင်အထည်ဖော်ခဲ့တာ ၅နှစ်နီးပါးရှိပါပြီ။ဝန်ထမိးတွေကို အလုပ်ရှင် အလုပ်သမားဆက်ဆံရေးထက် ကိုယ့်မိသားစုဝင်တွေလိုပဲ ကျွန်တော်သဘောထားပါတယ်။နေစရာအိမ်ရှိရင်တောင်မှ ဥယျာဉ်ခြံစိုက်ပျိုးတာ ဝါဿနာပါရင် ကျွန်တော့် မြေကွက်တွေမှာ အလကားစိုက်ပျိုးရောင်းချခွင့်ပါပေးထားပါတယ်။ဒီလိုမျိုးတွေ လုပ်ပေးလို့ ငျွန်တော်အရမ်းချမိးသာနေတယ်မထင်ပါနဲ့။လွန်ခဲဘတဲ့လကတောင် ဘဏ်က ပိုက်ဆံချေးနေရတယ်။ဒါပေမယ့် ကျွန်တော့်မိသားစုဝင် လုပ်ဖော်ကိုင်ဖက်တွေ အဆင်ပြေနေရင်ပဲ ကျွန်တော်ကျေနပ်ပါတယ်”လို့ Zhongmingက ဖြေကြားခဲ့ပါတယ်။
Leave a Reply