ကမ္ဘာ့အကြီးဆုံးဂဏန်းဘီလူး(အုန်းဂဏန်းကြီး)တွေ ပျော်စံရာခရစ္စမတ်ကျွန်း

တစ်မီတာအရွယ်အစားထိရှိတဲ့ ဂဏန်းဘီလူးကြီးတွေ သင် မြင်ဖူးပါသလား။ မြင်ဖူးမည် မဟုတ်ပါ။ အခုတော့ Mirror သတင်းဌာနက အဆိုပါ ဂဏန်းဘီလူးကြီးတွေ ပျော်စံရာ Christmas Island ကို သွားရောက်ပြီး သတင်းတွေ ရယူခဲ့ ပါတယ်။ အဲဒီ ဂဏန်းဘီလူးကြီးတွေဟာ တစ်မီတာလောက်(3 ပေ 3 လက်မ ကျော်ကျော်ခန့်) ရှိပါတယ်။


စိတ်ဝင်စားဖွယ်ရာ ဂဏန်းကြီးများ

အံ့သြဖွယ်ကောင်းတာက အဲဒီ ဂဏန်းဘီလူးကြီးတွေရဲ့ သက်တမ်းဟာ အနှစ်(70)အထိတောင် နေနိုင်တယ်လို့ သိရပြီး ကြွက်တွေကိုပင် ဖမ်းယူစားသောက်တယ်လို့ ဆိုပါတယ်။ အဆိုပါ ကျွန်းပေါ်မှာ သတ္တိရှိတဲ့ ခရီးသွားတစ်ယောက်က အဲဒိဂဏန်းဘီလူးကြီးကို မြှောက်ပြရင်း “ ဒါကတော့ ဒေသအခေါ်မှာတော့ အုန်းဂဏန်းလို့ ခေါ်ကြပါတယ် … ဒီအကောင်ကြီးက ဂဏန်းမဟုတ်တဲ့ ဂဏန်းကြီးပေါ့ … ” လို့ပြောတော့ အခြားတစ်ယောက်က “ကျွန်တော့်အထင်တော့ ဒီ ကျွန်းပေါ်မှာခရီးသွားတွေဟာ ပင့်ကူထက် ဒီလို သတ္တဝါကြီးတွေကို ပိုကြောက်ရမယ်နဲ့ တူတယ်” လို့ ထင်မြင်ချက်ကို ပြောပါတယ်။


အဲဒီနောက် အခြားတစ်ယောက်က “ဒါဆို ဘာပဲဖြစ်ဖြစ် ဒီည ဂဏန်းဟင်းနဲ့ ညစာတော့ ရပြီပေါ့ ”လို့ စကားထောက်ပါတယ်။ အဲဒီမှာ ဒေသခံကြီးတစ်ယောက်က “ ဒီ Christmas Island ကျွန်းမှာ ဒီဂဏန်းကြီးတွေကို ဖမ်းယူစားသောက်ခွင့် မပြုပါဘူး … သူတို့ကို ဘေးမဲ့ပေးထားပါတယ် … အကယ်၍များ ခင်ဗျား ဖမ်းပြီး စားသောက်မိရင် ပေါင် (2700)သို့မဟုတ် အမေရိကန်ဒေါ်လာ (5500) ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ် … ”လို့ ရှင်းပြခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*