ဂျပန်ကလေးတွေအတွက် အကောင်းဆုံးအဖော်အဖြစ် ကြောင်လေးတွေကို ထားထားရတဲ့ အကြောင်းရင်း

ဂျပန်နိုင်ငံက တွစ်တာသုံးစွဲသူ @FakeYusha က ၈နှစ်ကြောင်လေး နဲ့ ၁နှစ်ကလေးလေးရဲ့ဓာတ်ပုံ ဗီဒီယိုလေးတွေကို အမြဲတင်ပေးပါတယ်။ ကြောင်တော်တော်များများက သူတို့ကို စိတ်ရှုပ်အောင်လုပ်ရင် ပြန်ရန်လိုတတ်တာများပါတယ်။ ဒါပေမယ့် ဒီကြောင်လေးကတော့ ထူးခြားတယ်။

သူ့ကို ကလေးက ဆွဲဆောင့် ၊ ထုထောင်းနေပါစေ.. ငြိမ်ခံနေသတဲ့။ ပြန်လည်း မလုပ်ဘူး။ အငယ်ကို ညှာရမယ်ဆိုတာ သူကောင်းကောင်းသိတယ်။ အတူတူကစားတဲ့အချိန်ဆို ကြောင်တွေက ပိုစိတ်ရှည်ပါတယ်။ ပြီးတော့ ကလေးတွေကို ပျော်အောင်လည်းထားတတ်တယ်။ ခွေးလေးတွေလည်း ကလေးအတွက် ကောင်းပါတယ်။ ဂျပန်မှာ ကလေးတွေကို အရုပ်အနည်းငယ်နဲ့ ကြောင်ကိုသာ ပေးဆော့ထားမယ်ဆို မိဘတွေ နားချိန်ရပါတယ်။

နောက်ပြီး ကြောင်တွေဟာ သူတို့ဗိုက်ကို ပွတ်သတ်ပေးတာလွဲရင် အခြားရှုပ်တဲ့ပစ္စည်းတွေလာတင်ရင်မကြိုက်ပါဘူး။ ဒါပေမယ့် ဗီဒီယိုထဲကကြောင်လေးကတော့ ကလေးက ဆော့စရာတွေ ဗိုက်ပေါ်တင်ဆော့နေလည်း ငြိမ်ခံပေးနေရှာတယ်။ ကလေးကို ချစ်ပေးနေတာတွေ့ရတာ တကယ်ကို ကြည်နူးစရာလေးပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*