
ဖိလစ်ပိုင်သမ္မတကြီးဒူတာတေးရဲ့ချစ်သမီးလေး
ဖိလစ်ပိုင်သမ္မတကြီးဒူတာတေးဆိုတာ နိုင်ငံအတွင်း မူးယစ်ဆေးဝါးမှုတွေကိုနှိမ်နင်းရာမှာအင်မတန်မှလက်ဝါးဇောင်းထက်လှတဲ့ပုဂ္ဂိုလ်ကြီးပေါ့။နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း သဘောထားတင်းမာတတ်တဲ့ခေါင်းဆောင် တစ်ဦးအဖြစ်လည် သတ်မှတ်ထားကြပါတယ်။
ဒါပေမယ့်ဖိလစ်ပိုင်သမ္မတကြီးဟာသူ့ရဲ့မိသားစုမှာတော့သာမန်ဖခင်တစ်ယောက်လိုပါပဲ။ဘာလို့လဲဆိုတော့ တရုတ်ပြည်ကိုအလည်အပါတ်သွားရောက်ခဲ့တဲ့ခရီးစဉ်အတွင်းမှာသူ့ရဲ့သမီး ကစ်တီလို့ ချစ်စနိုးခေါ်တဲ့ ဗယ်ရိုနီကာဒူတာတေးကသူ့ဖေဖေကိုချစ်စနိုးစနောက်တဲ့ဓာတ်ပုံလေးတွေတင်ခဲ့လို့ပေါ့။
ဒီလိုအပြောင်အပြက်ရိုက်ထားတဲ့ကစ်တီလေးရဲ့ဓာတ်ပုံလေးတွေအရ ဖိလစ်ပိုင် သမ္မတကြီးဟာလူကြမ်းစိတ်ကြမ်းကြီးမဟုတ်ဘဲသမီးကိုချစ်တတ်တဲ့စိတ်ကောင်းနှလုံးကောင်းနဲ့သာမန်ဖခင်တစ်ဦးပါလားဆိုပြီးကျွန်တော်တို့သိရတာပေါ့။
Leave a Reply