အလုပ်ချိန်မှာ အိပ်ပျော် နေတဲ့ဝန်ထမ်းကို ထူးဆန်းတဲ့နည်းနဲ့ ဆုံးမလိုက်တဲ့ သူဌေးကြီး

Richard Branson ဆိုတာ အင်္ဂလန်က ကမ္ဘာသိ သူဌေးကြီးတစ်ယောက်ဖြစ်ပါတယ်။ သူ့လုပ်ငန်းတွေကို လှည့်ပတ်စစ်ဆေးရင်း ဝန်ထမ်းတစ်ယောက် အိပ်နေတာကို တွေ့ရှိသွားပါတယ်။ ပုံမှန်သူဌေးအများစု ဆိုရင် ဝန်ထမ်းကို ချက်ချင်းနှိုး ဆူ ကြိမ်းမောင်း ပြီး အလုပ်တောင် ထုတ်ချင်ထုတ်ပစ်မှာ အသေအချာပါ။

ဒါပေမယ့် ဒီသူဌေးကြီးကတော့ အဲလိုမလုပ်ခဲ့ပါဘူး။ ဝန်ထမ်းကို ဆက်အိပ်စေခဲ့ပါတယ်။ အိပ်နေတဲ့ ဝန်ထမ်းနဲ့ သူ့ပုံကို တွဲရိုက်ပြီး အင်တာနက်ပေါ် တင်ပေး လိုက်ပါတယ်။ ပြီးတော့ ဒီပုံကို ပိုတိုရှော့နဲ့နှစ်သက်သလိုပြောင်းလဲ ဖန်တီးနိုင်ပါတယ်လို့ ဖိတ်လိုက် တဲ့အခါ ပိုတိုရှော့ဆရာတွေက ပုံမျိုးစုံကို ဖန်တီးလိုက်ကြပါ တယ်။ ဝန်ထမ်းနိုးလာတဲ့အခါမှာတော့ သူ့ကိုနောက်ပြောင်ထားတဲ့ ပုံရိပ်တွေဟာ အင်တာနက်ပေါ်ပျံ့နေပါပြီ။ သူ့ကိုမဆူမပြောခဲ့တဲ့ သူဌေးကြီးကို ပိုလေးစားသွား မှာဖြစ်ပြီးနောက်တစ်ခါခိုးအိပ်ရဲတော့မှာ မဟုတ်ပါဘူး။

တကယ်လို့သာ ဆူပူကျိမ်းမောင်းလိုက်ရင် စိတ်ပျက်ဖို့ကောင်းတဲ့ အဖြစ်အပျက်ဖြစ်သွားမှာဖြစ်ပေမယ့် သူဌေးကြီးကတော့ပျော်ရွှင်ဖွယ်ဖြစ်ရပ်အဖြစ်ပြောင်းလဲ ဖြေရှင်းခဲ့ပါတယ်။ စွန့်ဦးတီထွင်တွေဟာ စီးပွားရေးတင်မက အခြားနေရာတွေမှာလည်း သူများနဲ့မတူတဲ့ တမူထူးတဲ့နည်းလမ်းတွေကို သုံးတတ်ကြောင်း Richard Branson က ပြသသွားတာပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*