သောင်းကျန်းလွန်းတဲ့ ချစ်သူကြောင့် ခွဲစိတ်ထားတဲ့ ရင်သားပင် ပြုတ်ထွက်သည်အထိ ဖြစ်ခဲ့ရ

ထိုင်းနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ဒေသခံတီဗွီအစီအစဉ်တစ်ခုမှာ သူမရဲ့ အတွေ့အကြုံကို ပြန်လည်မျှဝေခဲ့ပါတယ်။ အဲဒါကတော့ သူမဟာ အခုအခါမှာ ခေတ်စားနေတဲ့ ရင်သားပိုကြီးအောင် အစားထိုးခွဲစိတ်မှု ခံယူခဲ့သူဖြစ်ပါတယ်။ ဒီခွဲစိတ်မှုကို သူမက နာမည်ရ ဆေးခန်းတစ်ခုမှာ ပြုလုပ်ခဲ့တာပါ။

သူမရဲ့နာမည်ကိုတော့ Preeyaporn လို့သာ ဖော်ပြထားပြီး၊ Preeyaporn ဟာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က 425cc အရွယ်အစား ရင်စားဆီလီကွန်ပြုပြင်မှု ပြုလုပ်ခဲ့ပါတယ်။ တစ်နှစ်လောက်ကြာသည်အထိ အဲဒီ ထည့်သွင်းထားတဲ့ ဆီလီကွန်တွေက အဆင်ပြေနေခဲ့ပါသေးတယ်။

သို့သော်လည်း ချစ်သူအမျိုးသားနဲ့ အတူတူနေတဲ့အခါမှာတော့ ချစ်သူက အလွန်ကို ဖျစ်ညှစ်သောင်းကျန်ခဲ့တာကြောင့် သူမမှာ အလွန်နာကျင်ခဲ့ရပါတယ်။ အဲဒီတုန်းကတည်းက ရင်သားအတွင်းထည့်သွင်းထားတဲ့ ဆီလီကွန်တွေက ပြုတ်ထွက်သွားခဲ့တာပါ။ ဒါကိုတောင် သူမက နာတာပဲသိပြီး သတိမထားမိခဲ့ဘူးလို့ ဆိုပါတယ်။

ဘာကြောင့် တစ်နှစ်ကြာမှ ဆီလီကွန်တွေ ပြုတ်ထွက်တာကို သိရတာလဲဆိုတော့ အဲဒီအချိန်တုန်းက ထုံထိုင်းနာကျင်နေတဲ့အတွက် သူမမှာ တစ်ခြားအရာတွေကို မစဉ်းစားနိုင်ခဲ့ပါဘူးတဲ့။ နောက်ပိုင်းမှာတော့ သူမရဲ့ ရင်သားတွေဟာ အောက်ကို တွဲကျလာခဲ့ပြီး သူမလည်း အံ့သြခဲ့ရကြောင်း၊ ဒေါက်တာ Natchaya Maitreewech နဲ့ ပြသတဲ့အခါမှသာ အကြောင်းစုံ သိခဲ့ရပါတယ်။

ဒေါက်တာရဲ့ ပြောပြချက်အရ ပထမခွဲစိတ်ထည့်သွင်းစဉ်တုန်းကတည်းက ပြန်ပြီးချုပ်တဲ့အခါမှာ မသေမသပ်ဖြစ်လို့ ဒါ့အပြင်၊ ရင်သားအတွင်း ထည့်သွင်းတဲ့ ဆီလီကွန်တွေဟာ အရည်အသွေးနိမ့်တဲ့အတွက် ဖြစ်သင့်တာထက်ပိုပြီး မာနေခဲ့ကြောင်း၊ ဒါဟာ တစ်ခြားဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့ အနေအထားလို့ ပြောပါတယ်။ အခုတော့ သူမ ရင်သားတွေကို ပြန်လည် ပြင်ဆင်ပြီးပြီလို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*