ထိုင်းဘုရင့်မောင်းမတော်, ဆီနီနတ်ရဲ့ အညှီအဟောက်ပုံ(၁၅၀၀)နီးပါး ပြင်ပမှာပေါက်ကြား

ထိုင်းဘုရင်ရဲ့ အမြတ်နိုးဆုံးအဖြစ် နာမည်ကြီးနေတဲ့ ကိုယ်လုပ်မောင်းမတော် ဆီနီနတ်ဝုန်ဝဇီရာဖက်ကရီရဲ့ အညှီအဟောက်ဓာတ်ပုံ (၁၅၀၀)နီးပါး ပြင်ပမှာ ပေါက်ကြားမှု ဖြစ်ခဲ့ရာ၊ ထိုင်းနန်းတော်ကို ဝန်းရံအားပေးသူတွေကြား အတော်လေး ဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။ ဆီနီနတ်ကို Koi လို့လည်း လူသိများပြီး-

သူမဟာ ထိုင်းဘုရင့်မြှောက်စားမှုကြောင့် သာမန်သူနာပြုဘဝလေးမှသည် တပ်မတော်မှာ ဗိုလ်ချုပ်ရာထူးအထိရယူကာ ထိုင်းဘုရင့်နန်းတော်ထဲကို ရောက်လာခဲ့သူပါ။ အသက်မှာ (၃၅)နှစ်သာ ရှိသေးပြီး၊ ငယ်ရွယ်ဖြတ်လက်သူ ဖြစ်ပါတယ်။ သူမကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက နန်းခမ်းနန်းနားနဲ့အတူ ကိုယ်လုပ်တော်အကြီးတန်းရာထူး ပေးခဲ့ပါတယ်။

ဒါပေမယ့် အဲဒီနှစ် အောက်တိုဘာမှာပဲ Koi ကို အရိုအသေတန်မှု၊ မိဖုရားခေါင်ကြီးနေရာကို မတန်မရာ မှန်းမှုတွေနဲ့ မိဖုရားခေါင်ကြီး ပယောဂနဲ့ ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။ သို့သော်လည်း ထိုင်းဘုရင်ရဲ့ သဘောတရားကို ကြာရှည်မဆန့်ကျင်နိုင်တဲ့ မိဖုရားကြီးဟာ Koi ကို ပြန်ခေါ်ပြီး၊ မူလရာထူးတွေကို နှင်းအပ်ခဲ့ရပါတယ်။

မကြာသေးမီကပဲ နန်းတော်ကို ဆန့်ကျင်သူတွေကြားမှာ Koi ရဲ့ အညှီအဟောက်ဓာတ်ပုံတွေ ပျံ့နှံ့မှု စတင်ခဲ့တာဖြစ်ပြီး၊ တချို့သောဓာတ်ပုံတွေက ကျကျနနကို ရိုက်ကူးထားတဲ့ မောင်နဲ့နှမ သားနဲ့အမိတောင် ကြည့်ဖို့မသင့်တဲ့ ဓာတ်ပုံတွေဖြစ်ကြောင်း၊ တချို့ဓာတ်ပုံတွေက တစ်ဝက်တစ်ပြတ် အဖော်အချွတ်တွေ ဖြစ်ပြီး၊ တချို့တော့ တကယ့်ကို ကြမ်းကြမ်းတမ်းတမ်းလို့ ဆိုပါတယ်။ဒီလုပ်ရပ်အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ Koi က မပြောပေမယ့်

သူမဟာ နန်းတော်တွင်းက အခြားကိုယ်လုပ်တော်တွေနဲ့အပြင် မိဖုရားခေါင်ကြီးနဲ့ ဘုရင့်သမီးတော်တို့ကြားမှာ စူးတစ်ချောင်းဖြစ်နေပြီး၊ ခါးသီးတဲ့ဆက်ဆံရေးတွေရှိနေတယ်ဆိုတာ အားလုံးက သိနေလို့ ဘယ်သူ့လက်ချက်ဆိုတာ ခန့်မှန်းလို့ရတယ်လို့ Koi ဘက်ကလူတွေက ပြောနေပါတယ်။

သို့သော်လည်း ဒီဓာတ်ပုံတွေဟာ Koi ကိုယ်တိုင် တစ်ယောက်တည်း ကျကျနန ရိုက်ထားတဲ့ဓာတ်ပုံတွေဖြစ်ပြီး၊ သူမရဲ့ ဖုန်းနဲ့ လက်ပ်တော့ထဲမှာ လုံခြုံရေးအကောင်းစား ဆော့ဖ်ဝဲတွေနဲ့ သိမ်းဆည်းထားတာတွေလို့ နန်းတော်ဘက်ကဆိုပါတယ်။ ဒီဓာတ်ပုံတွေဟာ ထိုင်းနန်းတော်မကောင်းကြောင်း အစဉ်တစိုက်ရေးနေတဲ့ ဗြိတိန်ဂျာနယ်လစ် အန်ဒရူးမက်ဂရီဂေါမာရှယ်ထံကိုလည်း ရောက်နေခဲ့တာကြောင့် ဟက်ခံရတာလား ကိုယ်တိုင်လှမ်းပို့ပြီး Koi က ဖွဖို့ကြိုးစားတာလား စဉ်းစားစရာပါ။

သူ့ဆီကိုရောက်လာတဲ့ဓာတ်ပုံ စုစုပေါင်းမှာ ပုံပေါင်း(၁၄၄၃)အထိ ရှိပြီး၊ (၂၀၁၂)ခုနှစ်နဲ့ (၂၀၁၄)ခုနှစ်အတွင်း ရိုက်ကူးခဲ့တဲ့ပုံတွေ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီး ဒီဓာတ်ပုံတွေကို ဂျပန်ရောက် ထိုင်းပညာတော်သင်ကျောင်းသား Pavin Chachavalpongpun ထံကိုလည်း ပို့ပေးခဲ့ပြီး၊ သူကလည်း ထိုင်းနန်းတော်ကို ဆန့်ကျင်သူဖြစ်လို့ ထိုင်းနိုင်ငံက အမှုတွေနဲ့ စောင့်နေခြင်း ခံနေရသူပါ။

ဘယ်သူဘယ်ဝါက ပို့တယ်ဆိုတာ မရှင်းလင်းသေးပါဘူး။ Koi ဟာ နန်းတော်အသိုင်းအဝိုင်းမှာ လူမုန်းများသူဆိုတာ မှန်သလောက်၊ ပြင်ပမှာလည်း မောက်မာသူလို့ သိရပါတယ်။ သေချာတာကတော့ Koi ကိုယ်တိုင်က နန်းတော်ကိုမထောက်ခံသူတွေထံ ဒီဓာတ်ပုံတွေပို့ပြီး ပြဿနာရှာဖို့လောက် မိုက်ရူးရဲဆန်မှာမဟုတ်ဘူးလို့ ယေဘုယျကျကျ တွေးနေသူတွေ ရှိပါတယ်။ပုံတွေကို ပို့ပေးခဲ့တဲ့လိပ်စာကလည်း Fake return address ဖြစ်တာကြောင့် အတော်စဉ်းစားရခက်နေတာပါ။

ထိုင်းနန်းတော်ကတော့ ဒါဟာ ဒီမိုကရေစီအရေးထောက်ခံတဲ့ ဟက်ကာတွေရဲ့လက်ချက်လို့ ဆိုနေပါတယ်။ ဒါပေမယ့် ဗြိတိန်ဂျာနယ်လစ်မာရှယ်ကတော့ Koi က ဒီပုံတွေပို့ခဲ့တာမဟုတ်သလို၊ ဒီမိုကရေစီဟက်ကာတွေကြောင့်လည်း မဟုတ်နိုင်ကြောင်း-

သူမရဲ့ခါးသီးတဲ့ပြိုင်ဘက် ထိုင်းမိဘုရားစုသီတာနဲ့ ဘုရင့်သမီးတော် Bajrakitiyabha လက်ချက်ဖြစ်နိုင်ပြီး၊ သူမ နန်းတော်အတွင်းကို ပြန်မလာခင်ကတည်းက ဒီဓာတ်ပုံတွေက ပေါက်ကြားခဲ့တာဖြစ်ပြီး၊ ဒီနည်းနဲ့ Koi ကို ဘုရင်အမျက်တော်ရှပြီး နန်းတော်တွင်း ပြန်မလာနိုင်အောင် ကြိုးပမ်းပုံရကြောင်း မာရှယ်က ကောက်ချက်ချခဲ့ပါတယ်။

ထိုင်းနန်းတော်တွင်း တိုက်ပွဲကတော့ ကြီးကျယ်နေဦးမှာပါ။ တကယ်တော့ မိဖုရားစုသီတာကိုယ်တိုင်လည်း ကိုယ်လုပ်တော်ဘဝက မိဘုရားဖြစ်လာခဲ့သူမို့ Koi အတွက်တော့ သူမကိုယ်တိုင် မိဖုရာခေါင်ရာထူးမှန်းဖို့ သတ္တိတွေ ပြည့်ဝနေစေတယ်လို့ ယူဆရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*