
အင်တာနက် လူမှုကွန်ယက်ပေါ်မှာ ရေပန်းအစားဆုံး ကောင်မလေး နှစ်ယောက်ကတော့ ဖိလစ်ပိုင် Badjao မျိုးနွယ်စု ကောင်မလေး နှစ်ယောက် ဖြစ်ပါတယ်။ ပထမတစ်ယောက်ကတော့ Rita Gabiola ဖြစ်ပြီး သူမဟာ အသက် 13 နှစ်သာ ရှိပါသေးတယ်။ ဓာတ်ပုံဆရာ Topher Quinto Burgos ရဲ့ လျှပ်တစ်ပျက်ရိုက်ချက်နဲ့ ကမ္ဘာသိသွားစေခဲ့ပါတယ်။
Rita ဟာ သူမရဲ့ ဓာတ်ပုံတွေ အင်တာနက်မှာ ပျံ့နှံ့နေတာကို နောက်ပိုင်းမှာ သိခဲ့ရတာ ဖြစ်ပါတယ်။ Topher က သူရဲ့ ဓာတ်ပုံကို “Badjao Girl”လို့ အမည်ပေးခဲ့ပါတယ်။ ဒီကျေးဇူးကြောင့်ပဲ Rita ဟာ စကောလားရှစ်တစ်ယောက် ဖြစ်ခဲ့သလို၊ အခုဆိုရင် မဂ္ဂဇင်းမျက်နှာဖုံးတွေမှာတောင် မော်ဒယ်တစ်ယောက် ဖြစ်နေပါပြီ။ ဒါဟာ ဆင်းရဲလှတဲ့ သူမရဲ့ မိသားစုအတွက်တော့ ထိရောက်တဲ့ လမ်းစတစ်ခု ဖြစ်ဖို့သေချာပါတယ်။
စီးပွားရေးလုပ်ငန်းတွေကလည်း သူတို့တစ်တွေရဲ့ ကုန်အမှတ်တံဆိပ်တွေအတွက် မော်ဒယ်အဖြစ် ကမ်းလှမ်းခံရမှုတွေကလည်း ရာနဲ့ချီ ရှိလာခဲ့ပါတယ်။ နောက်ထပ် ဖိလစ်ပီနိုမလေးတစ်ယောက်ကတော့ အခုမှ လူမမယ်အရွယ်ကလေးသာ ရှိပါသေးတယ်။
သူရဲ့ နာမည်ကိုတော့ သတင်းစာတွေမှာ ဖော်ပြမထားပေမယ့် ‘Badjao girl of Guihulngan’လို့ ပြောလိုက်တာနဲ့ တစ်ကမ္ဘာလုံးက အဲဒီကလေးမလေးကို သိတယ်လို့ ညွှန်းဆိုထားပါတယ်။ ကလေးမလေးဟာ ပြူးကျယ်ဝိုင်းစက်တဲ့ မျက်လုံးအစုံ၊ ပိရိသေသပ်တဲ့ နှုတ်ခမ်း၊ ဖြောင့်စင်းနေတဲ့ နှာတံ၊ ထင်းနေတဲ့ မျက်ခုံးမွေးတွေဟာ သူရဲ့ အပြစ်ကင်းမှုနဲ့ ပေါင်းစပ်ပြီး၊ ကြည့်မြင်ရသူကို ချစ်ခင်သနားစိတ် ဖြစ်စေပါတယ်။
Leave a Reply