ကိုဗစ်ရောဂါသည် အဖွားကို ကားပေါ်မှာ အရေးပေါ်အသက်ပြန်ရှုနိုင်အောင်ကြိုးစားပေးခဲ့တဲ့ မြေးလေး ရင်နင့်ဖွယ် မြင်ကွင်း

မက်ဆီကို နိုင်ငံမှာတော့ ဝမ်းနည်းဖွယ် ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ်သွားခဲ့ပါတယ်။

VID-19 ရောဂါလက္ခဏာတွေကြောင့် နေမကောင်းတဲ့ အဖွားတယောက် ကားဖြင့် ဆေးရုံရောက်လာရာမှာ ဆေးရုံဝန်ထမ်းများထံမှ ကုသမှုကို စောင့်ဆိုင်းနေရင်း အသက်ရှူကျပ်  ခွျေး  တွေရွှဲနစ်ကာ  ဆေးရုံက အရေးပေါ်ဝန်ထမ်းတွေ ရောက်မလာခင် ဆုံးပါးခဲ့ရှာပါတယ်။

 

 

 

ဒါပေမယ့် အသက်ရှူရခက်ခဲကာ အမောဖောက်လာတဲ့ အဖွားကို ရောဂါရှိမှန်းသိသိနဲ့ ပါးစပ်ချင်းတေ့ပြီး အသက်ပြန်ရှူနိုင်အောင် ကြိုးစားပြီး အသက်ကယ်ခဲ့ါပါတယ် ။  စိတ်မကောင်းစွာပဲ အဖွားကတော့ အသက်ပြန်မရှူနိုင်တော့ပဲ အောက်ဆီဂျင်ပြတ်ကာ ဆုံးပါးသွားရှာပါတယ် ။

ခဏအကြာမှာတော့ အမျိုးနောက်တစ်ယောက်က သွေးခုန်နှုန်းများ လာစမ်းသပ်ခဲ့ပေမယ့် နောက်ကျလွန်းသွားပါပြီ။

COVID-19 ကြောင့် ရောဂါကူးစက်နိုင်မှန်းသိသိကြီးနဲ့ ပါးစပ်ချင်းတေ့ကာ  အသက်ကယ်ခဲ့တဲ့ မြေးလေးရဲ့ မေတ္တာတရားကို လေးစားတန်ဖိုးထားမိပါတယ်။ ကိုယ်သာဆိုရင် လုပ်နိုင်မှာလား ။  မိသားစာချင်း ချစ်ခြင်းမေတ္တာကို နွေးထွေးစွာခံစားမိစေတဲ့ ဝမ်းနည်းဖွယ် ဖြစ်ရပ်လေးပါပဲ ။

source lanacion