မီးပွိုင့်မိနေချိန် ကားပေါ်ခပ်တည်တည်တက်ထိုင်ကာ ပြန်ဆင်းဖို့ငြင်းဆိုပြီး အရူးလိုဟန်ဆောင်နေခဲ့တဲ့ အမျိုးသမီး (ရုပ်သံ)

တစ်ခါတစ်လေ ကားမောင်းနေတုန်း ကားတံခါးတွေကို lock ချဖို့မေ့နေတတ်ရင်တော့ ယခုအဖြစ်အပျက်ကနေ သင်ခန်းစာယူသင့်ပါတယ် ။ မလေးရှားနိုင်ငံ ၊ Segamat မြို့မှာနေထိုင်တဲ့အမျိုးသမီးတစ်ယောက်ဟာ ကားမောင်လာရင်း မီးပွိုင်မိတော့ သူမရဲ့ကားကိုရပ်ခဲ့ပါတယ် ။ ထိုအချိန်မှာတော့ သူစိမ်းအမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ကားပေါ်သို့ အကြောင်းပြချက်မရှိဘဲ

အေးအေးဆေးဆေးတက်ထိုင်နေခဲ့ပါတော့တယ် ။ အဆိုပါအဖြစ်အပျက်videoကို ကားပိုင်ရှင်နဲ့ စေ့စပ်ထားတဲ့အမျိုးသားက ဝေမျှခဲ့ပြီး ကားပေါ်ကနေမောင်းထုတ်ခဲ့ပေမဲ့လည်း အဆိုပါအမျိုးသမီးဟာ ရယ်သာရယ်နေခဲ့ပါတယ် ။ အဆိုပါအမျိုးသမီးဟာ စိတ်ကျဝေဒနာခံစားနေရသူဖြစ်ပြီး ကိုယ့်ကိုအဆုံးစီရင်ချင်နေသူဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

အဆိုပါ video ဟာ 45 မိနစ်သာကြာမြင့်ခဲ့ပြီး ၊ video ထဲမှာတော့ အဆိုပါအမျိုးသမီးတိတ်တဆိတ်သာထိုင်နေခဲ့ပြီး ကားပေါ်ကဆင်းဖို့ငြင်းပယ်နေခဲ့တာပါ ။ ထို့ကြောင့် အဆိုပါအမျိုးသမီးကိုဖြောင့်ဖျဖို့အတွက် အနီးအနားရှိရဲစခန်းသို့ခေါ်သွားခဲ့ပါတယ် ။ ရဲစခန်းသို့ရောက်သွားခဲ့ချိန်မှာတော့ အဆိုပါအမျိုးသမီးဟာ ကားပေါ်ကနေချက်ချင်းအဝေးသို့ပြေးဆင်းသွားခဲ့ပါတော့တယ် ။

အချို့သောသူများကတော့ ကားပိုင်ရှင်ဟာအဆိုပါအမျိုးသမီးကို ထိခိုက်နစ်နာအောင်မပြုလုပ်ဘဲ အေးအေးဆေးဆေးသာမောင်းထုတ်ခဲ့တဲ့အတွက် ကားပိုင်ရှင်အမျိုးသမီးရဲ့လုပ်ရပ်ကိုချီးကျူ းခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*