ဆယ်လ်ဖီ ဓာတ်ပုံ ရိုက်ကူးရာမှာ မကောင်းဆိုးရွား တစ်ကောင်တွေ့ရှိခဲ့

မြောက်အိုင်ယာလန်မှာ ရှိတဲ့ နေအိမ် တစ်ခုမှာ အမျိုးသမီး တစ်ဦးဟာ ဆွေးမျိုးတွေနဲ့ ဆယ်လ်ဖီ ဓာတ်ပုံ ရိုက်ကူးရာမှာ မထင်မှတ်ဘဲ မကောင်း ဆိုးဝါး တစ်ကောင် တွေ့ခဲ့ရလို့ ထိတ်လန့် တုန်လူပ်သွားခဲ့တယ်လို့ သိရပါတယ်။ ဘီသာနီဟာဗေးဟာ တူဖြစ်သူနဲ့ အတူ ဆယ်လ်ဖီ ဓာတ်ပုံရိုက်ကူး ခဲ့ပြီး အစ်မ ဖြစ်သူလည်း ပါဝင်ခဲ့ပါတယ်။

လူမှုကွန်ရက်မှာ တင်ဖို့ ရည်ရွယ်ချက်နဲ့ ဆယ်လ်ဖီ ဓာတ်ပုံ ရိုက်ကူးခဲ့တာ ဖြစ်ပြီး ဒီလို ရိုက်ကူးရာမှာ သူတို့ရဲ့ နောက်မှာ လူတစ်ဦး ထိုင်နေတဲ့ ပုံစံမျိုး ဖြစ်နေတာ မြင်တွေ့ခဲ့ တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘီသာနီဟာဗေး ဟာ ဒီလိုဖြစ်ခဲ့တာကို သတိထားမိခြင်း မရှိပါဘူး။ ဆယ်လ်ဖီဓာတ်ပုံ ရိုက်ကူး ပြီးနောက် လူမှုကွန်ရက်မှာ လွှင့်တင်ခဲ့ပါတယ်။ ဒီနောက် ဘီသာနီဟာ ဗေးရဲ့ သူငယ်ချင်း ဖြစ်သူက ဆယ်လ်ဖီ ဓာတ်ပုံနောက်မှာ လူ တစ်ဦး ထိုင်နေတဲ့ ပုံစံမျိုး ဖြစ်နေတာ ပြသခဲ့ရာမှ သိခဲ့ရတာ ဖြစ်ပါတယ်။

ဘီသာနီပာာဗေးက သူတို့တွေ ဆယ်လ်ဖီ ဓာတ်ပုံ ရိုက်ကူးရာမှာ အခန်းထဲမှာ အခြားသူ လုံး၀ မရှိကြောင်း ပြောကြားခဲ့တယ်လို့ ဒေးလီးမေရာ သတင်းစာက ဖော်ပြခဲ့ ပါတယ်။ ဆယ်လ်ဖီ ဓာတ်ပုံမှာ ရှိနေတဲ့ မကောင်းဆိုးဝါး ပုံစံဟာ မျက်နှာကို မမြင် ရဘဲ လက်နှစ်ဖက်ကို ကိုင်ဆုပ်ထားကာ ဒူးတွေကို အထင် သားမြင်တွေ့ရပြီး ခရမ်းရောင် အဝတ်အစား ဝတ်ဆင်ထားတယ်လို့ ဘီသာနီဟာ ဗေးကဆိုခဲ့ ပါတယ်။ ဘီသာနီဟာဗေးဟာ ဒီဖြစ်ရပ် ပေါ်ပေါက် ပြီးတဲ့နောက် အခန်းထဲကို ညဘက်မှာ မဝင်ရဲတော့ဘူးလို့ သိရပါတယ်။

ဘီသာနီပာာဗေးက သူတို့နေ ထိုင်တဲ့ အိမ်ဟာ ခြောက်ခြားစရာ ဖြစ်ပြီး တစ်စုံတစ်ခုကို မြင်တွေ့နိုင် တာကြောင့် အလွန် ကြောက်မိကြောင်း ဆိုခဲ့ပါတယ်။ ဒေးလီးမေရာ သတင်းစာရဲ့ ဖော်ပြချက်အရ ကင်မရာတွေ ရိုက်ကူးရာမှာ မကောင်းဆိုးဝါး ပုံရိပ်တွေ မကြာခဏ ပါရှိတတ်တယ်လို့ ဆိုထားပါတယ်။ နယူးကာဆယ်မြို့မှာ နေထိုင်တဲ့ အမျိုးသမီး သူငယ်ချင်း နှစ်ဦးဟာ ဆယ်လ်ဖီဓာတ်ပုံ ရိုက်ကူးရာမှာ သူတို့ရဲ့ခေါင်းနှစ်လုံးကြားမှာ မကောင်းဆိုးဝါး တစ်ကောင်ကို ထင်ရှားစွာ မြင်တွေ့ခဲ့ ရတယ်လို့ ဆိုပါတယ်။

ဒီဓာတ်ပုံကိုလည်း အားလုံး သိအောင် ထုတ်ပြခဲ့ တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ သြ စတြေးလျမှာ နေထိုင်တဲ့ မိသားစုဝင်တွေ ဟာ ရေကန်မှာ ရေကူးခဲ့ပြီး ကလေးတွေနဲ့ ဓာတ်ပုံရိုက်ခဲ့ရာ ကလေး တစ်ဦးပုံ ပါလာတာတွေ့ခဲ့ ရပါတယ်။ ဒီဓာတ်ပုံထဲမှာပါတဲ့ ကလေးဟာ ဒီရေကန်မှာ သေဆုံးသွား တဲ့ ကလေးငယ် ဖြစ်တယ်လို့ ဆိုထား ပါတယ်။ မကောင်းဆိုးဝါးတွေ ရှိမရှိကို သက်သေ ပြသဖို့ ခက်ခဲပေ မယ့် ဓာတ်ပုံတွေမှာတော့ မကြာ ခဏ မြင်တွေ့နေရ တယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*