ရေချိုးနေသည့် ရုရှားသူလေးက အားသွင်းထားသည့် ဖုန်းကို လှမ်းယူလိုက်ချိန် ရေချိုးကန်ထဲ ဖုန်းပြုတ်ကျသဖြင့် ဓာတ်လိုက်သေဆုံး

ရုရှားနိုင်ငံမှ အိုလက်စ်ယာစီမီနိုဗာ ဆိုသူ အသက် ၂၄ နှစ်အရွယ် ရုရှားသူ လေးက သူရဲ့နေအိမ်က ရေချိုးခန်းကြွေ ဇလုံထဲမှာ ရေစိမ်ချိုးနေရင်း အနားမှာ အားသွင်းထားတဲ့ သူရဲ့ iPhone ကို လှမ်း ယူလိုက်ရင်း ရေဇလုံထဲ ဖုန်းမတော်တဆ ပြုတ်ကျသွားခဲ့တာကြောင့် ဓာတ်လိုက်ပြီး သေဆုံးသွားခဲ့ရရှာပါတယ်။

အာခန်ဂျယ် လက်စ်မြို့မှ သူရဲ့နေအိမ်ရေချိုးခန်းထဲ သေဆုံးနေတဲ့ အိုလက်စ်ကို သူရဲ့အခန်း ဖော်သူငယ်ချင်း ဒါရီယာက တွေ့ရှိခဲ့ပြီး ရဲခေါ်လိုက်တာဖြစ်ပါတယ်။ ရေချိုးဇလုံထဲကနေ အိုလက်စ်ရဲ့ဖုန်းကို အားသွင်း ကြိုးတပ်ထားလျက် ရှာတွေ့ထားခဲ့ပြီး ဓာတ်လိုက်သေဆုံးသွားခဲ့တာလို့ ဆေးဘက်အကူဝန်ထမ်းတွေက ဆိုပါတယ်။

ရေချိုးသန့်စင်ခန်းတွေမှာ လျှပ်စစ်ပစ္စည်း တွေနဲ့ ဖုန်းအားသွင်းတာတွေကို သတိပြု ကြဖို့နဲ့ ရေအသုံးပြုတဲ့နေရာမျိုးတွေမှာ အားသွင်းကြိုးတပ်ထားရင်း ဖုန်းသုံးတာ၊ လျှပ်စစ်ပစ္စည်းအသုံးပြုတာတွေက အ သက်အန္တရာယ်ထိခိုက်စေနိုင်တာ ကြောင့် သတိပြုရှောင်ကြဉ်ကြဖို့ ရုရှားအရေးပေါ် ရေးရာဝန်ကြီးဌာနက သတိပေးထုတ်ပြန် ထားခဲ့ပြီဖြစ်ပါတယ်။

အိုလက်စ်နဲ့အလား တူစွာပဲ ပြီးခဲ့တဲ့သြဂုတ်လတုန်းကလည်း မော်စကိုမြို့က အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးကလည်း ရေချိုးရင်း အားသွင်းကြိုးတပ်ထားတဲ့ ဖုန်းကို ကိုင်မိ တာကြောင့် သေဆုံးခဲ့ရသေးတယ်လို့ သိ ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*