အထင်သေးစွာ ကြည့်နေတဲ့ မျက်လုံးတွေ ကို၊ ပိုက်ဆံ အထုပ်လိုက် ပြပြီး အနိုင်ပိုင်း ခဲ့သူ

စကားပုံလေးတစ်ခုရှိပါတယ်။ စာအုပ်ရဲ့တန်ဖိုးက စာအုပ် မျက်နှာဖုံးလောက်ဖတ်ပြီး မဆုံးဖြတ်ပါနဲ့လို့ ဆိုပါတယ်။ လူတစ်ယောက်ရဲ့ ပြင်ပသဏ္ဍာန်ကို ကြည့်ပြီး ဒီလူ ဘယ်လိုလူဖြစ်ရမယ်လို့ ဆုံးဖြတ်လို့ မရပါဘူး။ အယောင်ဆောင်မှုတွေ များပြားလွန်းလှတဲ့ ဒီလောကကြီး မှာ ဘယ်အရာကိုမှ မချင့်မချိန် ဘဲ အလောတကြီး သုံးသပ်ဆုံးဖြတ်တာမျိုး မလုပ်သင့်ဘူး လို့ ဆိုရမှာပါ။

အခုလည်း ထိုင်းနိုင်ငံ Facebook လူမှု ကွန်ရက်ပေါ်မှာ ရေပန်းစားနေတဲ့သတင်းတစ်ပုဒ်ကတော့ အဝတ်အစား ခပ်စုတ်စုတ် ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်ဟာ ဖုန်းဆိုင်တစ်ခုမှာ တန်ဖိုးကြီးဖုန်းတစ်လုံးကို ဈေးလုံးဝမဆစ်ဘဲ ဝယ်ယူခဲ့တယ်ဆိုတဲ့ သတင်းပါ။ တကယ်တော့ ဒီသတင်းဟာ လူတိုင်းဖုန်းကိုင်နိုင်နေတဲ့ အချိန်မျိုးမှာ သတင်းထူး တစ်ခုတော့ မဟုတ်ပါဘူး။

သို့ပေမယ့် တစ်ချို့သော သာမန်အတွေးအခေါ်ရှိသူတွေက လူတစ်ယောက်ကို အပေါ်ယံအမြင်နဲ့ ဆုံးဖြတ်တတ်ပြီး၊ ဒီလို ခပ်ချာချာ ဝတ်စား ထားတဲ့ လူမျိုး ဆိုရင် တန်ဖိုးကြီးပစ္စည်းတွေရောင်းတဲ့ဆိုင်၊ တန်ဖိုးကြီး အစားအစာတွေ ရောင်းတဲ့ဆိုင်နဲ့ မအပ်စပ်သူတွေ၊ သူများတွေလို ကောင်းကောင်းကမ်းကမ်း ငွေမဖြုန်းနိုင်ကြသူတွေလို့ ထင်မြင် တတ်ကြပါတယ်။ တစ်ချို့ေ သာ ခပ်စုတ်စုတ် ဝတ်စားသူတွေက ကိုယ်တွေထက် ချမ်းသာနေတတ်ပါတယ်။

အခုလည်း ဒီအမျိုးသားကြီးကို မသင်္ကာလို့ ဆိုင်လုံခြုံရေးက ဆွဲထုတ်မယ် လို့ ပြင်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဆိုင်ရှင်က တားမြစ်လိုက်ရပြီး ဘာလိုပါသလဲ စသဖြင့် မေးတဲ့အခါ စမတ်ဖုန်းတစ်လုံးကို လက်ညှိုးထိုးပြပါတယ်။ ပြီးနောက် ဘယ်လောက်ကျသလဲ မေးပြီး ဈေးတောင် မဆစ်ပါဘူးတဲ့။ ဒါပေမယ့် အဲဒီ အမျိုးသားက ကျွန်တော့်မှာ ဘက်(၂၀)တန်လေးတွေပဲ ပါလို့ အဆင်ပြေရဲ့လားလို့ မေးသေးတယ်လို့ ဆိုပါတယ်။ဒီသတင်းဟာ ထိုင်းလူမှုကွန်ရက်မှာ အတော်လေးကို ရေးပန်စားနေပါတယ်။

ဆိုင်ရှင်ကလည်း မိမိတို့လို သာမန် လူသားတွေဟာ ကိစ္စရပ်တွေကို ချဉ်းကပ်တဲ့အခါမှာ သာမန်အတိုင်း စဉ်စားတွေးခေါ်တတ်ကြကြောင်း၊ ဒီလူဟာ သူတောင်းစား၊ အိမ်ရာမဲ့တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူ့မှာ လည်း ကျနော်တို့ ခင်ဗျားတို့လို တန်ဖိုးကြီး ပစ္စည်းတွေနဲ့ ရင်းနီးခွင့်ရှိတယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*