မိုးကြိုးသွား ဆိုတာ တကယ်ရှိပါတယ် ဒါပေမယ့် လူများစုထင်သလို ကောင်းကင်က ပစ်ချလိုက်တာ မဟုတ်ပါ

Fulgurite ဆိုတာဟာ ရိုးရိုးရှင်းရှင်းပြောရရင်( မိုးကြိုးသွား)ကိုခေါ်ဆိုတာပါ။ကျွန်တော်တို့ဟာ ကလေးဘဝကနေ သိခဲ့တာကတော့ မိုးကြိုးသွားဆိုတာ(ပုဆိန်)နဲ့ ဆင်တူတယ်

လို့ပြောကြတယ်။တကယ်တမ်း မိုးကြိုးသွားဆိုတာဟာ ပုဆိန်နဲ့လည်းမတူသလို ချွန်ထက်တဲ့အရာနဲ့ကောင်းကင်ကနေတဆင့်မြေပြင်ကမ္ဘာ့သို့ ပစ်ချလိုက်တာလည်းမဟုတ်ဘူးနော်။

မိုးကြိုးပစ်တယ်ဆိုတာ အီလက်ထရစ် ရှော့ခ်ရိုက်လိုက်တာလို့ဆိုလိုနိုင်တယ်နော်။တနည်းအားဖြင့်ဆိုရင် လျှပ်စီးလက်ခြင်း( Lightning strikes ) လို့လည်းခေါ်ဆိုတာပါ။သာမာန် မိုးခြိမ်းပြီးတော့ ပုံမှန်လျှပ်စီးလက်တာဟာ

ဘာမှမဖြစ်ပေမဲ့လည်း ရာသီဥတုအလွန်ပူပြင်းတဲ့ဒေသမှာ သာမာန်ထက်ပိုသောအပူရှိန်ဖြင့်လျှပ်စီးလက်ခြင်းဟာ လူ၊ တိရိစ္ဆာန် သတ္တဝါများနှင့်အပင်များကိုထိ့မှန်ပါက အသက်သေဆုံးနိုင်ပြီးတော့ အပူရှိန်ကြောင့်မီးလောင်တာတွေလည်းဖြစ်နိုင်တာပါ။

မိုးကြိုးသွား ဟု ထင်မြင်ယူဆထားသည့်အရာများဟာ ကောင်းကင်က ကျရောက်လာတဲ့အရာများမဟုတ်ပါ၊ဘူးနော်။ဥပမာဆိုရင်မာကြောခက်ထန်တဲ့အရာပေါ်သို့ မိုးကြိုးလျှပ်စီးထိ့မှန်ပါက မှိုင်းကပ်၊မှိုင်းစွဲရုံကလွှဲပြီးးတော့

မိုးကြိုးသွားဆိုတာကိုရှာမတွေ့နိုင်ပါ။ဥပမာ ပင်လယ်ကမ်းခြေ၊ ဖန်ချက် ဆီလီကာ သဲသောင်ပြင်များပေါ်၌ မိုးကြိုးပစ်ချခံရပါက ထိုနေရာ၌ လျှပ်စီးအပူချိန်ကြောင့် ဖန်ချက် ဆီလီကာ သဲများဟာ အရည်ပျော်ပြီးတော့

ယခုပုံပါအတိုင်း ဖြစ်တည်လာတာပါ။အရောင်အားဖြင့်လည်းမတူညီပါ၊အသွင်သဏ္ဍန်အားဖြင့်လည်းမတူညီပါဘူး။ဒါ့ကြောင့်ဘဲ မိုးကြိုးသွားဆိုတာ မရှိဘူးမဟုတ်ဘူး။

ရှိတယ်..အချို့ဟာ ပုဆိန်ပုံသဏ္ဍန်ဖန်တီးပြီးတော့ မိုးကြိုးသွားဟုပြောဆို၍ ဆေးကုစားနေတဲ့ လူလိမ်တွေလည်းရှိနေတာပါ။source;နော်ဂဲလယ်ထူး(စာပေပရဟိတ)

Be the first to comment

Leave a Reply

Your email address will not be published.


*