ရန်ကုန်နဲ့မှာထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရင် သုံးပတ်အတွင်း ထိန်းချုပ်နိုင်မယ်လို့ အမေစုပြော

ရန်ကုန်နဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြမယ်ဆိုရင် နှစ်ပတ်၊ သုံးပတ်အတွင်း ထိန်းချုပ်နိုင်မယ့်အခြေအနေကို ရောက်လာမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြည်သူသို့ အစီရင်ခံ တင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

”စည်းဆိုတာ နံပါတ်(၁)က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲဖြစ်ပါတယ်။ နောက်ပြီး အပြင်ကလူတွေကိုလည်း ကာကွယ်ဖို့ ဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းကို လိုက်နာခြင်းအားဖြင့် ပထမဦးဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရာ ရောက်ပါလိမ့်မယ်”လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အခုလိုထုတ်ပြန်ထားတဲ့ COVID-19 ရောဂါနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း ကန့်သတ်ချက်တွေကြောင့် မိမိတို့ရဲ့ နိစ္စဓူဝ အလုပ်တွေမှာ ခက်ခဲလာတယ်ဆိုတာ သည်းခံရမယ့် ကိစ္စ တစ်ခုဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

”ရနကြုနကြမှို့နယတြခွို့ကို အထူးသတိထားပှီး အိမအြပှငမြထှကဖြို့ သတမြှတထြားပါတယြ။ စညြးမွဥ◌ြး စညြးကမြးတှကေို ကှပကြှပမြတမြတြ လိုကနြာလလေေ ဒီစညြးမဉွြးစညြးကမြးေ တှကို မှနမြှနဆြနဆြနြ ဖယရြှား ပေးနိုငလြလေေ ဖှဈမှာပါ”လို့ ၎င်းငျးငြးက ပှောပါတယြ။

COVID-19 နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို သတ်မှတ်ရာမှာ ပြည်သူတွေရဲ့ အသက်မွေး ဝမ်းကြောင်းကို ထိခိုက်တယ်ဆိုတာ သတိပြုမိတဲ့အတွက် အစိုးရအနေနဲ့ တတ်

နိုင်သမျှ ပံ့ပိုးနိုင်အောင် စီစဉ် ပေးနေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*