အိမ်ရာမဲ့တွေအတွက် အိမ်ငယ်လေးတွေ ကိုယ်တိုင်ဆောက် လှူဒါန်းနေတဲ့ 9 နှစ် သမီးလေး

အိမ်ရာမဲ့တွေအတွက် အိမ်ငယ်လေးတွေ ကိုယ်တိုင်ဆောက် လှူဒါန်းနေတဲ့ 9 နှစ် သမီးလေး

အသက် 9 နှစ်အရွယ်သာရှိသေးတဲ့ Hailey Fort အမည်ရ ဝါရှင်တန်သူလေးဟာ အိမ်ရာမဲ့လူဦးရေကို စာနာသနားစိတ် ဖြစ်ပြီးနောက် အိမ်ငယ်လေးတွေကို ကိုယ်တိုင်ဆောက်လုပ် လှူဒါန်းဖို့ ပြင်ဆင်နေပါတယ်။ Fort ဟာ ပထဦးဆုံး အိမ်လုပ်ပြီး လှူဒါန်းခဲ့သူကတော့ Edward အမည်ရ အမျိုးသားကြီး ဖြစ်ပါတယ်။

 

သူမဟာ Edward အတွက် အိမ်ငယ်လေး ဆောက်ပေးတဲ့အပြင် မိခင်ကို အစားအစာကျွေးဖို့ တောင်းဆိုခဲ့ပါတယ်။ ယင်းနောက်မှာတော့ Fort ဟာ သူမတို့ မိသားစုပိုင် ဟင်းသီးဟင်းရွက်ခြံထဲမှာ 8×4 ပေ အကျယ်ရှိတဲ့ အိမ်ငယ်လေးတွေကို စတင်ဆောက်လုပ်ခဲ့ပါတယ်။ သူမရဲ့ လက်ရာဟာ သေသပ်တဲ့အပြင်၊ ပြူတင်းပေါက်၊ တံခါးပေါက်တွေပါ ပါဝင်ပါတယ်။

Fort က King 5 News ရုပ်သံသတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ” သူတို့တစ်တွေမှာ လိုအပ်ချက်တွေ အများကြီးရှိပါတယ် .. အားလုံးသောသူတွေကို ကျွန်မ အိမ်တွေမပေးနိုင်ပေမယ့် ကျွန်မ တက်နိုင်သလောက်တော့ ပေးချင်ပါတယ် .. ကျမအထင်ကတော့ လူတိုင်းမှာ နေစရာလေးတစ်ခုတော့ ရှိသင့်တယ်လို့ ယူဆပါတယ် “လို့ ပြောခဲ့ပါတယ်။

 

Fort ရဲ့ လိုအင်ဆန္ဒတွေကို မိဘတွေက ဖြည့်ဆည်းပေးခဲ့ပြီး၊ သူမ ဆောက်နိုင်သမျှ အိမ်လေးတွေကို ဆက်လက်ဆောက်လုပ် စေပါတယ်။ အိမ်တစ်လုံးကို ဒေါ်လာ 300 လောက်အထိ ကျသင့်ပြီး၊ ပရိဘောဂစတိုးဆိုင်တွေကလည်း Fort ကို Discount တွေ ပေးလို့ ထင်ထားတာထက် ပိုထိရောက်ပါတယ်။

Fort က ” သူတို့ကို သိပ်ကို ဆိုးဝါးလှတဲ့ ရာသီဥတုတိုင်းမှာ စိုစိုစွတ်စွတ်နဲ့ နေရတာကို မမြင်ချင်ပါဘူး … သူတို့ကို နွေးနွေးထွေးထွေး နေစေချင်ပါတယ် … ဒါက ကျမ ဆန္ဒပါဘဲ “လို့ ပြောခဲ့ပါတယ်။ Fort ဟာ လက်ရှိအချိန်မှာ အိမ်ငယ်လေးတွေကို ဆက်လက်ဆောက်လုပ်နေဆဲ ဖြစ်ပြီး၊ ဆက်လက်လှူဒါန်းဖို့လည်း ပြင်ဆင်နေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*