မိခင်မေတ္တာစိတ်နဲ့ နို့ချိုတိုက်ကျွေးခဲ့

တစ်ခါတုန်းက ရွာတစ်ရွာမှာ မိခင်ဖြစ်သူကသားလေးမွေးရင်း မီးတွင်းထဲမှာပဲဆုံးပါးသွားခဲ့ရှာပါတယ်။

လူမမယ်သားလေး မိတဆိုးလေးမို့ ဖခင်ဖြစ် သူခမျာနို့ချိုတိုက်ကျွေးဖို့အခက်ကြုံလာပြီပေါ့။

တိုက်ဆိုင်စွာပဲ အိမ်မှာမွေးထားတဲ့နွားမကြီးကလည်း နွားသားပေါက်လေးနဲ့မို့အဆင်သင့်စွာပဲ မိတဆိုးသားလေးအတွက်နို့ချိုတိုက်ကျွေးရမဲ့ပြဿနာ ပြေလည်သွားပြီပေါ့။

ဒီလိုနဲ့နွားမကြီး နဲ့သားလေးရဲ့သံယောဇဉ်ကြိုးလေးတွေခိုင်မြဲလာတော့၃နှစ်ကျော်ကျော်အရွယ်ရောက်လာတဲ့သားလေးက
ကိုယ်တိုင် ပဲနွားမကြီးရဲ့နို့ရည်ကိုသောက်စို့နိုင်ပြီပေါ့။

မူကြိုအရွယ်သားလေးကျောင်းသွားရင် ညနေရောက်တိုင်း နွားမကြီးကကျောင်းရှေ့ကိုလာလာကြိုတယ်။

နွားမကြီးနဲ့သားလေး ရဲ့သံယောဇဉ်တွေအဆက်ပြတ်မယ့်နေ့ရောက်လာခဲ့ပြီပေါ့။

ညနေကျောင်းဆင်းချိန် နွားမကြီးရောက်မလာခဲ့ပါဘူး သားလေးခမျာ နွားမကြီးကိုမျှော်ရင်းနဲ့အိမ်ပြန်ရောက်ခဲ့ပြီ။ရောက်ရောက်ခြင်းပဲသားလေးကမေးပြီပေါ့။

နွားမကြီး ဘယ်ရောက်သွားလည်း အဖေ။ မျက်နှာမကောင်းဖြစ်နေရှာတဲ့ဖခင်ကခုလိုပြန်ဖြေရှာပါတယ်။

သားလေးရဲ့နွားမကြီးရောင်းလိုက်ရပြီသားရယ်။ အိမ်ကစည်းပွားရေးမကောင်းတော့ လယ်တွေယာတွေစိုက်ပျိုးဖို့ မျိုးက ဝယ်ရဦးမယ်။

စားဝတ်နေရေးအတွက်အဖေ ဒီနွားမကြီးကို မရောင်းမဖြစ်တော့လို့အဖေရောင်းလိုက်ရတာပါ သားရယ်တဲ့လေ။

ခိုင်းနွားတွေရောင်းလိုက်ရင် အဖေ့လက်မောင်းတွေဖြုတ်သလိုဖြစ်မှာမို့နောက်ဆုံးရွေးချယ်လိုက်ရခြင်းပါတဲ့။

မိခင်တစ်ယောက်လိုတွယ်တာခဲ့တဲ့သားလေး ငိုကြွေးရုံမှတပါးအခြားမရှိ။ ဒီလိုနဲ့မစားမသောက်ပဲ အိပ်ယာထဲ လဲခဲ့ပြီပေါ့။

သားအဖြစ်ကို မကြည့်ရက် မမြင်ရက်နဲ့ဲ့၂ ရက်လောက်သော နံနက်ခင်းမှာ အိမ်ရှေ့က နွားအော်သံကြားရတော့ ဖခင်ဖြစ်သူ
အိမ်တံခါးဖွင့်ကြည့်ချိန် မျှော်လင့် မထားတဲ့မြင်ကွင်း။

သားဖြစ်သူကို အိပ်ယာက နှိုးလို့ သားလေးထကြည့်စမ်းပါဦးကွာ။

အိမ်ရှေ့ကို သားဖြစ်သူမြင်လိုက်ရတဲ့မြင်ကွင်း ပျော်ရွှင်မ ဆုံးဖြစ်ရပြီပေါ့။ ရောင်းလိုက်တဲ့နွားမကြီး အိမ်ရှေ့မှာ ဝယ်သွား သူကိုယ်တိုင်လက်ကဆွဲလို့ ဖခင်ဖြစ်သူကအကျိုးအကြောင်းမေးပါတော့တယ်။

ဝယ်သွားသူပြန်ပြောပြလိုက်တာက” ဒီနွားမကြီး အိမ်ရောက်တဲ့နေ့ကတည်းက ဘာမှ လည်းကျွေးမရဘူးဗျာ မျက်ရည်တွေပဲ ကျနေတာ အစာလည်း မစားဘူး၊ အော်နေတာ ညတိုင်းပဲ၊ ဒါနဲ့အကြောင်းရင်းကိုသိရအောင် ဒီပြန်ခေါ်လာတာပဲ “တဲ့

ဖခင်ဖြစ်သူကလည်း နွားမကြီးနဲ့သားလေးရဲ့ အကြောင်းစုံရှင်းပြလိုက်တော့ ဇာတ်ရည် လည် သွားပါတော့တယ်။

ဝယ်သွားသူကလည်း “ ကျုပ်ဒီနွားမကြီးနဲ့ဒီသားလေးရဲ့ သံယောဇဉ်ကို မဖြတ်တော့ပါဘူးဗျာ။ ငွေလည်းပြန်မပေးပါနဲ့တော့။
ကျုပ် လှူပါတယ် မိခင်မရှိတော့တဲ့သားလေးအတွက် မိခင်မေတ္တာစိတ်နဲ့နို့ချိုတိုက်ကျွေးခဲ့တဲ့ ဒီနွားမကြီးနဲ့ဒီသားလေးဘဝရေဆက်ရှိသရွေ့နေထိုင်ပါစေတော့ဗျာ “ဆိုပြီး ထားခဲ့ပါတော့တယ်။

တိရစ္ဆာန်ပင်ဖြစ်လင့်ကစား မျိုးမတူဘဝခြားပေမဲ့ သံယောဇဉ်နှောင်ဖွဲ့မှုတွေ မေတ္တာတရားထားတတ်မှုတွေ ဟာ ကျွန်တော်တို့လူသားက ပိုလို့တောင် ရှိသင့်ပါတယ်။

ကျင်လည်ရတဲ့လူ့ဘဝခဏလေးမှာ တစ်ဦးအပေါ်တစ်ဦးအပြန် အလှန် နားလည်မှုတွေ စာနာမှု့တွေ မေတ္တာတရားတွေလွှမ်းခြုံပါသော လူ့အသိုက်အဝန်းတစ်ခုကို တည်ဆောက်နိုင်ပါရင် ဒီကမ္ဘာလောကကြီး သာယာအေးချမ်းသွားမှာအမှန်ပါပဲလေ…။

Credit_ Original uploader.

Be the first to comment

Leave a Reply

Your email address will not be published.


*